ဖုန်းသုံးနေစဉ်သမီးဖြစ်သူကအနားမှာလာဒွန့်နေတာကြောင့်စိတ်တွေတိုပြီးဘေးမှာရှိတာနဲ့ကောက်ပေါက်လိုက်တဲ့ ကောင်းစံရဲ့ဗီဒီယိုဖိုင်

ဟာသလူရွှင်တော် တစ်ယောက်အဖြစ်နဲ့သာမက ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားများမှာပါ ကျရာနေရာကနေ ပါဝင်ရိုက်ကူးခဲ့သူကတော့ သရုပ်ဆောင် ကောင်းစံပဲ ဖြစ်ပါတယ်။ သူဟာ ဝါရင့်လူရွှင်တော်၊သရုပ်ဆောင် မိုးဒီရဲ့သားအရင်းတော်စပ်ပြီး ဖခင်ဖြစ်သူနဲ့အတူ တစ်ခေတ်တစ်ခါက ဇာတ်ကားများတွင် အတူတူပါဝင်သရုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။ ကောင်းစံရဲ့ ဟာသပြက်လုံးတွေဟာလည်း ပရိသတ်တွေရဲ့ ဘဝအမောတွေကို ပြေစေခဲ့တာပဲ ဖြစ်ပါတယ်။

ကောင်းစံဟာ လက်ရှိမှာတော့ အနုပညာလှုပ်ရှားမှုတွေ သိပ်မရှိတော့ဘဲ မိသားစုစီးပွားရေးလုပ်ငန်းကိုသာ ဦးဆောင်လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဖခင်ဦးမိုးဒီရဲ့ ကျန်းမာရေးအတွက် အနားကနေ လိုအပ်တာမှန်သမျှ ပြုစုစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးနေတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေ ရယ်မောပျော်ရွှင်စေရန်လည်း သမီးလေးနဲ့အတူ မကြာမကြာ Tik Tok လေးတွေ ဆော့ကစားပေးနေတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် နာရီပိုင်းလောက်ကလည်း ကောင်းစံသမီးလေးရဲ့ Tik Tok အကောင့်မှာ ဗီဒီယိုလေးတစ်ခုတင်ထားတာပဲ ဖြစ်ပါတယ်။

ဒါကတော့ ဖုန်းသုံးနေတုန်း သမီးဖြစ်သူက ဘေးနားမှာလာဒွန့်နေတာကြောင့်စိတ်တွေတိုပြီးအနားမှာရှိတာနဲ့ကောက်ပေါက်လိုက်တဲ့ ကောင်းစံရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပုတီးစိပ်နေတဲ့သူ့အနားကိုယ်လုံးလေးကိုလှုပ်ပြီးလာကနေတဲ့မြေးမလေးကိုအံ့ဩစွာငေးမောကြည့်နေတဲ့ မိုးဒီပါ ဗီဒီယိုထဲတွင် ပါသေးတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်စေရန် ကောင်းစံတို့ သားအဖနှစ်ယောက်ရဲ့ ဗီဒီယိုဖိုင်လေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd-လူရွှင်တော်ကောင်းစံ and Eishwesin Maw

credit – Myanmarload

Unicode

  • Leave a Comment

Categories