ေဆးလာကုတဲ့သူတစ္ဦးရဲ႕ ၾကက္သီးထရေလာက္ေအာင္ ၾကည္ႏူးပီတိျဖစ္စရာ အလႉေလးျပဳလုပ္ခဲ့တယ္ဆိုတဲ့အေၾကာင္းကို ေျပာျပလာတဲ့ ထူးခန္႔ေက်ာ္

သဘာဝမင္းသားႀကီးတစ္ေယာက္ျဖစ္တဲ့ ထူးခန္႔ေက်ာ္ကေတာ့ ပရိသတ္ေတြရဲ႕ ရင္ထဲမွာေနရာယူထားတဲ့ အႏုပညာရွင္တစ္ေယာက္ျဖစ္ပါတယ္။ ထူးခန္႔ေက်ာ္က အႏုပညာအလုပ္ေတြကို ဆယ္စုနီးပါးေလာက္ လုပ္ကိုင္လာခဲ့ၿပီး က်ရာဇာတ္႐ုပ္ေတြကို သဘာဝက်က် ပီျပင္ေအာင္သ႐ုပ္ေဆာင္ႏိုင္တာေၾကာင့္ ပရိသတ္ေတြက ခ်စ္စႏိုးနဲ႔ သဘာဝမင္းသားႀကီးလို႔ ေခၚတတ္ၾကတာေတြ႕ရပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ အႏုပညာအလုပ္ေတြအျပင္ အ႐ိုအေၾကာေဝသနာခံစားရတဲ့ သူေတြကို ျမန္မာ့႐ိုးရာေဆးကုသမႈနဲ႔ အခမဲ့ ကုသေပးေနတာကို ေတြ႕ရပါတယ္။

သူ႔ရဲ႕ ေဆးကုသမႈက သိသိသာသာ ေပ်ာက္ကင္းတာေၾကာင့္ အိမ္ကိုလာေရာက္ကုသတဲ့သူေတြ မ်ားတာလည္း ေတြ႕ရပါတယ္။ ယခုမွာဆိုရင္ေတာ့ ထူးခန္႔ေက်ာ္က လူနာရွင္တစ္ဦးရဲ႕ ၾကက္သီးထစရာေကာင္းတဲ့ မြန္ျမတ္တဲ့ အလႉေလးျပဳလုပ္ခဲ့တာကို ပရိသတ္ေတြအတြက္ ေဖာ္ျပလာခဲ့ပါတယ္။ ဒီအေၾကာင္းေလးနဲ႔ပတ္သက္ၿပီး ေျပာျပထားရာမွာလည္း “သာဓုအႀကိမ္ႀကိမ္ေခၚလိုက္ရပါတယ္သမီးေလးမၾကည္ၾကည္သိန္းေရ ပထမတစ္ႀကိမ္မိမိရဲ႕ေခြၽးနဲစာေလးေတြနဲ႔ ဘုရားတည္ဖို႔အလႉေငြ၅၀၀၀၀(ငါးေသာင္းက်ပ္)လာလႉရင္းေနာက္ထပ္သဒၶါစိတ္ေပါက္ကာ မိမိနားမွာအျမတ္တႏိုးဝတ္ထားတဲ့ နားကပ္ပါခြၽတ္လႉလိုက္ျပန္ေသာေၾကာင့္ သမီးေလးရဲ႕သဒၶါစိတ္ကိုျမင္လိုက္ရေသာကြၽန္ေတာ္အဖို႔ ၾကက္သီးထေလာက္ေအာင္ဝမ္းသာပီတိျဖစ္စြာျဖင့္သာဓုအႀကိမ္ႀကိမ္ေခၚဆိုလိုက္ရေပသည္ …..

ေနာက္ထပ္လည္း မိမိလႉယုံတင္အားမရ၍ နိဗၺာန္ေဆာ္ျပဳလုပ္ကာ ကိုေအာင္ေကာင္းျမတ္ဦးဇနီးမသၪၨာစိုး၊ သမီးမျခဴးျမတ္နႏၷာမိသားစုကလည္း အလႉေငြ၅၀၀၀၀(ငါးေသာင္းက်ပ္)ႏွင့္နားကပ္တစ္ရံအား ထပ္မံလာေရာက္ကာလႉဒါန္းမႈ႕ျပဳလုပ္ေပးသြားျပန္ပါေသာေၾကာင့္ သာဓုအႀကိမ္ႀကိမ္ေခၚဆိုလိုက္ရေပသည္ ယခုလိုလႉဒါန္းမႈ႕ျပဳလုပ္ေပးသြားေသာ ဘုရားဒကာမေလးမၾကည္ၾကည္သိန္းမိသားစုႏွင့္ ဘုရားဒကာေလးကိုေအာင္ေကာင္းျမတ္ဦးမိသားစုအားလုံးတို႔ႏွင့္ ၇ႏွစ္ရက္သားသမီးမ်ားအားလုံး ေဘးရန္ခပ္သိမ္းကင္းၿငိမ္းၾက၍ လိုအင္ဟူသမွ်ၿပီးျပည့္စုံစြာျဖင့္ လိုတိုင္းတရရွိၾကေစၿပီး ကပ္ႀကီးသုံးပါးတို႔မွလည္း ကင္းေဝးၾကပါေစ အားလုံးက်န္းမာလို႔ခ်မ္းသာၾကပါေစေနာ္…” ဆိုၿပီး ေရးသားေဖာ္ျပထားပါတယ္။ ပရိသတ္ေတြလည္း ဒီအလႉေလးကို ၾကည္ႏူးပီတိျဖစ္ရမယ္လို႔ ထင္မိပါတယ္။

Source – Htoo Khant Kyaw

credit – Myanmarload

Unicode

ဆေးလာကုတဲ့သူတစ်ဦးရဲ့ ကြက်သီးထရလောက်အောင် ကြည်နူးပီတိဖြစ်စရာ အလှူလေးပြုလုပ်ခဲ့တယ်ဆိုတဲ့အကြောင်းကို ပြောပြလာတဲ့ ထူးခန့်ကျော်

သဘာဝမင်းသားကြီးတစ်ယောက်ဖြစ်တဲ့ ထူးခန့်ကျော်ကတော့ ပရိသတ်တွေရဲ့ ရင်ထဲမှာနေရာယူထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ ထူးခန့်ကျော်က အနုပညာအလုပ်တွေကို ဆယ်စုနီးပါးလောက် လုပ်ကိုင်လာခဲ့ပြီး ကျရာဇာတ်ရုပ်တွေကို သဘာဝကျကျ ပီပြင်အောင်သရုပ်ဆောင်နိုင်တာကြောင့် ပရိသတ်တွေက ချစ်စနိုးနဲ့ သဘာဝမင်းသားကြီးလို့ ခေါ်တတ်ကြတာတွေ့ရပါတယ်။ လက်ရှိအချိန်မှာတော့ အနုပညာအလုပ်တွေအပြင် အရိုအကြောဝေသနာခံစားရတဲ့ သူတွေကို မြန်မာ့ရိုးရာဆေးကုသမှုနဲ့ အခမဲ့ ကုသပေးနေတာကို တွေ့ရပါတယ်။

သူ့ရဲ့ ဆေးကုသမှုက သိသိသာသာ ပျောက်ကင်းတာကြောင့် အိမ်ကိုလာရောက်ကုသတဲ့သူတွေ များတာလည်း တွေ့ရပါတယ်။ ယခုမှာဆိုရင်တော့ ထူးခန့်ကျော်က လူနာရှင်တစ်ဦးရဲ့ ကြက်သီးထစရာကောင်းတဲ့ မွန်မြတ်တဲ့ အလှူလေးပြုလုပ်ခဲ့တာကို ပရိသတ်တွေအတွက် ဖော်ပြလာခဲ့ပါတယ်။ ဒီအကြောင်းလေးနဲ့ပတ်သက်ပြီး ပြောပြထားရာမှာလည်း “သာဓုအကြိမ်ကြိမ်ခေါ်လိုက်ရပါတယ်သမီးလေးမကြည်ကြည်သိန်းရေ ပထမတစ်ကြိမ်မိမိရဲ့ချွေးနဲစာလေးတွေနဲ့ ဘုရားတည်ဖို့အလှူငွေ၅၀၀၀၀(ငါးသောင်းကျပ်)လာလှူရင်းနောက်ထပ်သဒ္ဓါစိတ်ပေါက်ကာ မိမိနားမှာအမြတ်တနိုးဝတ်ထားတဲ့ နားကပ်ပါချွတ်လှူလိုက်ပြန်သောကြောင့် သမီးလေးရဲ့သဒ္ဓါစိတ်ကိုမြင်လိုက်ရသောကျွန်တော်အဖို့ ကြက်သီးထလောက်အောင်ဝမ်းသာပီတိဖြစ်စွာဖြင့်သာဓုအကြိမ်ကြိမ်ခေါ်ဆိုလိုက်ရပေသည် …..

နောက်ထပ်လည်း မိမိလှူယုံတင်အားမရ၍ နိဗ္ဗာန်ဆော်ပြုလုပ်ကာ ကိုအောင်ကောင်းမြတ်ဦးဇနီးမသဥ္ဇာစိုး၊ သမီးမခြူးမြတ်နန္နာမိသားစုကလည်း အလှူငွေ၅၀၀၀၀(ငါးသောင်းကျပ်)နှင့်နားကပ်တစ်ရံအား ထပ်မံလာရောက်ကာလှူဒါန်းမှု့ပြုလုပ်ပေးသွားပြန်ပါသောကြောင့် သာဓုအကြိမ်ကြိမ်ခေါ်ဆိုလိုက်ရပေသည် ယခုလိုလှူဒါန်းမှု့ပြုလုပ်ပေးသွားသော ဘုရားဒကာမလေးမကြည်ကြည်သိန်းမိသားစုနှင့် ဘုရားဒကာလေးကိုအောင်ကောင်းမြတ်ဦးမိသားစုအားလုံးတို့နှင့် ၇နှစ်ရက်သားသမီးများအားလုံး ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြ၍ လိုအင်ဟူသမျှပြီးပြည့်စုံစွာဖြင့် လိုတိုင်းတရရှိကြစေပြီး ကပ်ကြီးသုံးပါးတို့မှလည်း ကင်းဝေးကြပါစေ အားလုံးကျန်းမာလို့ချမ်းသာကြပါစေနော်…” ဆိုပြီး ရေးသားဖော်ပြထားပါတယ်။ ပရိသတ်တွေလည်း ဒီအလှူလေးကို ကြည်နူးပီတိဖြစ်ရမယ်လို့ ထင်မိပါတယ်။

Source – Htoo Khant Kyaw

credit – Myanmarload

  • Leave a Comment

Categories