ျပတိုက္ကေန ေန႔တိုင္းစာ႐ြက္ေတြပါလာတတ္လို႔ မိသားစုအတြက္စိတ္ခ်ရေအာင္ အိမ္မွာကိုဗစ္ပိုးသတ္တဲ့စက္ ဝယ္ေပးလိုက္တဲ့ နႏၵာလႈိင္ရဲ႕ခင္ပြန္း

မင္းသမီးေခ်ာေလး နႏၵာလႈိင္ကေတာ့ တည္ၿငိမ္ေအးခ်မ္းတဲ့ မ်က္ႏွာေလးနဲ႔ က်က္သေရရွိတဲ့ အလွတရားေတြကို ပိုင္ဆိုင္ထားတာ ျဖစ္ပါတယ္ ။ နႏၵာလႈိင္က အိမ္ေထာင္က်ၿပီး ကေလးသုံးေယာက္ ေမြးဖြားထားတဲ့ မိခင္တစ္ဦးျဖစ္ေပမယ့္လည္း အလွေလ်ာ့သြားျခင္းမရွိဘဲ အခုခ်ိန္အထိ အ႐ြယ္တင္ေနတာ ျဖစ္ပါတယ္ ။ စိတ္ခ်မ္းသာေအာင္ထားေပးၿပီး မိသားစုအေပၚ တာဝန္ေက်ပြန္တဲ့ ခင္ပြန္းေကာင္းကို ပိုင္ဆိုင္ခဲ့ရတဲ့ နႏၵာလႈိင္ရဲ႕ဘဝေလးကေတာ့ စိတ္ခ်မ္းသာ ေပ်ာ္႐ႊင္ေနရတာပဲ ျဖစ္ပါတယ္ ။

အခုဆိုရင္ နႏၵာလႈိင္က အႏုပညာေလာကကေန အနားယူခဲ့ၿပီျဖစ္သလို စီးပြားေရးလုပ္ငန္းေတြကိုလုပ္ကိုင္ရင္း ခင္ပြန္းနဲ႔သမီးေလးေတြကို ျပဳစုေစာင့္ေရွာက္ေနတာ ျဖစ္ပါတယ္ ။ နႏၵာလႈိင္ရဲ႕ခင္ပြန္းျဖစ္တဲ့ ေဇသီဟကလည္း အလုပ္ေတြကို ႀကိဳးစားပမ္းစားလုပ္ကိုင္ၿပီး အိမ္ေထာင္ဦးစီးေကာင္းပီသေနတာ ျဖစ္ပါတယ္ ။ လတ္တေလာမွာဆိုရင္ ေဇသီဟက မၾကာခင္မွာဖြင့္လွစ္ေတာ့မယ့္ ေဇကမာၻျပတိုက္ႀကီးအတြက္ အလုပ္ေတြရႈပ္ေနတာ ျဖစ္ပါတယ္ ။

အလုပ္ေန႔တိုင္းသြား‌တဲ့ ေဇသီဟက အိမ္ကိုစာ႐ြက္စာတမ္းေတြ ပါလာတတ္တာေၾကာင့္ မိသားစုဝင္ေတြရဲ႕က်န္းမာေရးစိတ္ခ်ရေအာင္ ကိုဗစ္ပိုးသတ္တဲ့စက္ ဝယ္ထားလိုက္ၿပီ ျဖစ္ပါတယ္ ။ ဒီအေၾကာင္းကို ေဇသီဟက “ျပတိုက္ကေန ေန႔တိုင္း စာ႐ြက္ေတြပါလာလို႔တဲ့ စိတ္ခ်ရေအာင္ ကိုဗစ္ပိုးသတ္တဲ့ စက္ ဝယ္ထားေပးတယ္။ ေမြးေန႔လက္ေဆာင္ေတာ့ မဟုတ္ပါဘူးေနာ္…. အခုေလာေလာဆယ္ေတာ့ အိမ္ကိုလာတဲ့ လူတိုင္းရဲ႕ပစၥည္းေတြထည့္ၿပီး ပိုးသတ္တာနဲ႔ အလုပ္ေတာ္ေတာ္ ျဖစ္ေနၿပီ။” ဆိုၿပီး ေရးသား‌ထားတာျဖစ္လို႔ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္ ။

Source and Photo Credit-Zay Thiha

credit – Myanmarload

Unicode

ပြတိုက်ကနေ နေ့တိုင်းစာရွက်တွေပါလာတတ်လို့ မိသားစုအတွက်စိတ်ချရအောင် အိမ်မှာကိုဗစ်ပိုးသတ်တဲ့စက် ဝယ်ပေးလိုက်တဲ့ နန္ဒာလှိုင်ရဲ့ခင်ပွန်း

မင်းသမီးချောလေး နန္ဒာလှိုင်ကတော့ တည်ငြိမ်အေးချမ်းတဲ့ မျက်နှာလေးနဲ့ ကျက်သရေရှိတဲ့ အလှတရားတွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ နန္ဒာလှိုင်က အိမ်ထောင်ကျပြီး ကလေးသုံးယောက် မွေးဖွားထားတဲ့ မိခင်တစ်ဦးဖြစ်ပေမယ့်လည်း အလှလျော့သွားခြင်းမရှိဘဲ အခုချိန်အထိ အရွယ်တင်နေတာ ဖြစ်ပါတယ် ။ စိတ်ချမ်းသာအောင်ထားပေးပြီး မိသားစုအပေါ် တာဝန်ကျေပွန်တဲ့ ခင်ပွန်းကောင်းကို ပိုင်ဆိုင်ခဲ့ရတဲ့ နန္ဒာလှိုင်ရဲ့ဘဝလေးကတော့ စိတ်ချမ်းသာ ပျော်ရွှင်နေရတာပဲ ဖြစ်ပါတယ် ။

အခုဆိုရင် နန္ဒာလှိုင်က အနုပညာလောကကနေ အနားယူခဲ့ပြီဖြစ်သလို စီးပွားရေးလုပ်ငန်းတွေကိုလုပ်ကိုင်ရင်း ခင်ပွန်းနဲ့သမီးလေးတွေကို ပြုစုစောင့်ရှောက်နေတာ ဖြစ်ပါတယ် ။ နန္ဒာလှိုင်ရဲ့ခင်ပွန်းဖြစ်တဲ့ ဇေသီဟကလည်း အလုပ်တွေကို ကြိုးစားပမ်းစားလုပ်ကိုင်ပြီး အိမ်ထောင်ဦးစီးကောင်းပီသနေတာ ဖြစ်ပါတယ် ။ လတ်တလောမှာဆိုရင် ဇေသီဟက မကြာခင်မှာဖွင့်လှစ်တော့မယ့် ဇေကမ္ဘာပြတိုက်ကြီးအတွက် အလုပ်တွေရှုပ်နေတာ ဖြစ်ပါတယ် ။

အလုပ်နေ့တိုင်းသွား‌တဲ့ ဇေသီဟက အိမ်ကိုစာရွက်စာတမ်းတွေ ပါလာတတ်တာကြောင့် မိသားစုဝင်တွေရဲ့ကျန်းမာရေးစိတ်ချရအောင် ကိုဗစ်ပိုးသတ်တဲ့စက် ဝယ်ထားလိုက်ပြီ ဖြစ်ပါတယ် ။ ဒီအကြောင်းကို ဇေသီဟက “ပြတိုက်ကနေ နေ့တိုင်း စာရွက်တွေပါလာလို့တဲ့ စိတ်ချရအောင် ကိုဗစ်ပိုးသတ်တဲ့ စက် ဝယ်ထားပေးတယ်။ မွေးနေ့လက်ဆောင်တော့ မဟုတ်ပါဘူးနော်…. အခုလောလောဆယ်တော့ အိမ်ကိုလာတဲ့ လူတိုင်းရဲ့ပစ္စည်းတွေထည့်ပြီး ပိုးသတ်တာနဲ့ အလုပ်တော်တော် ဖြစ်နေပြီ။” ဆိုပြီး ရေးသား‌ထားတာဖြစ်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source and Photo Credit-Zay Thiha

credit – Myanmarload

  • Leave a Comment

Categories