




credit – Myanmarload

Unicode

ချစ်စရာကောင်းတဲ့ ရွှေခေတ်လေးကတော့ ရူတင်က ပြန်ရောက်တာနဲ့ ချီခိုင်းပြီး ချွဲနေလို့ အချစ်ပိုနေရတဲ့ သဇင်ထူးမြင့်

ပရိသတ်တွေရဲ့ အချစ်တော်မလေး တစ်ဦး ဖြစ်တဲ့ မင်းသမီးချောလေး သဇင်ထူးမြင့် ကတော့ ချစ်စရာကောင်းလွန်းလို့ အားလုံးက အချစ်ပိုနေကြတဲ့ ပြည်သူချစ် အနုပညာရှင်လေး ပဲဖြစ်ပါတယ်။ပရိသတ်တွေက ချစ်စနိုးနဲ့ခေါ်ကြတဲ့ သဲသဲလေးဟာ စွယ်စုံရ ဝါရင့် အနုပညာရှင်ကြီး ဦးခင်လှိုင်ရဲ့ သမီးအငယ်လေး တစ်ဦး လည်း ဖြစ်ပြီးတော့ အနုပညာလောကထဲကို ရွှေကြိုတစ်ယောက် အဖြစ်နဲ့ ဝင်ရောက်လာကာ အချိန်တို အတွင်းမှာပဲ အောင်မြင်ကျော်ကြားလာတဲ့ မင်းသမီးချောလေး ဖြစ်ပါတယ်။

သဇင်ထူးမြင့်ဟာ အဖေ့ရဲ့ အနုပညာသွေး အပြည့်ပါတဲ့ သူလေး ဖြစ်တာကြောင့် ပရိသတ်တွေရဲ့ ရင်ထဲကို ရောက်ရှိလာတဲ့ မင်းသမီး တစ်လက်ဆိုလည်း မမှားပါဘူးနော်……။လတ်တလောမှာတော့ သဲဟာ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ကာ Double Dating အစီအစဉ်ကိုလည်း ရိုက်ကူးနေတာ ဖြစ်ပြီး ချစ်စရာကောင်းတဲ့ အပြုအမူ လေးတွေကြောင့် ပရိသတ်တွေရဲ့ တစ်ခဲနက် ချစ်ခင် အားပေးမှုကို ရရှိထားတာ ပဲဖြစ်ပါတယ်။

သဲကတော့ အားလပ်ချိန် လေးတွေကို မိသားစုနဲ့ အတူ အေးချမ်းစွာ ဖြတ်သန်း လေ့ရှိသူလေး ဖြစ်ပါတယ်။အလုပ်တွေ ရှုပ်နေသော်လည်း အိမ်ပြန်ရောက်ရင်တော့ သူချစ်ရတဲ့ ကလေးတွေနဲ့ အချိန်ဖြုန်းကာ ပျော်ပျော် နေတတ်သူလေး ဖြစ်ပါ တယ်နော်…….။မကြာသေးခင်တုန်းကတော့ သူမရဲ့ Social Networt တွင် “ပြန်ရောက်တာနဲ့ ချီခိုင်းတာအော်ပြီး….လက်ကချလို့ကို မရ”ဆိုပြီး စာလေးနဲ့ အတူ ရွှေခေတ်လေးကို ချီထားတဲ့ ပုံရိပ်လေးကို တင်ပေးလာတာ ဖြစ်ပါတယ်။သဲကို ချစ်တဲ့ ပရိသတ်တွေ အတွက် ပြန်လည် မျှဝေပေးလိုက်ပါတယ်နော်……။

သတင်းအရင်းမြစ်: Thazin Htoo Myint My Day

credit – Myanmarload

  • Leave a Comment

Categories