







credit – Myanmarload

Unicode

ချစ်ဇနီးချောလေးမြတ်ရတနာကျော်ဆီမှာ နောက်ထပ်ရင်သွေးလေးရနေပြီဖြစ်လို့ ကြည်နူးပျော်ရွှင်မှုတွေနဲ့ အတိုင်းမသိဝမ်းသာနေတဲ့ အာဘွိုင်း

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေအခိုင်အမာရရှိထားတဲ့အပြင် ချစ်စရာသမီးလေးတွေနဲ့အတူ ကြည်နူးပျော်ရွှင်စရာမိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေကြတဲ့ ဆယ်လီစုံတွဲလေးကတော့ အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ စုံတွဲလေးပါပဲ..။

ဇနီးမောင်နှံနှစ်ယောက် ရိုမန်တစ်ဆန်တဲ့ ကြည်နူးစရာပုံရိပ်လေးတွေအပြင် ချစ်စရာသမီးလေးတွေနဲ့ နေ့ရက်တိုင်းကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေကြတာမို့လည်း မြင်သူပရိသတ်တွေက အားကျချစ်ခင်နေကြတာလည်း ဖြသ်ပါတယ်နော်..။

ပရိသတ်တွေအားကျချစ်ခင်နေကြရတဲ့ အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ စုံတွဲလေးကတော့ သမီးအငယ်ဆုံးလေးဖြစ်တဲ့ Scarlett လေးအပြင် အခုဆိုရင် နောက်ထပ်ရင်သွေးတစ်ယောက်ကို ထပ်မံရရှိနေပြီ ဖြစ်ပါတယ်နော်..။

ရင်သွေးလေးကိုရရှိနေပြီဖြစ်တဲ့အကြောင်းလေးကို အာဘွိုင်းက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ အသိပေးပြောပြထားတာဖြစ်ပြီး ပရိသတ်တွေနဲ့ အနုပညာရှင်ညီအစ်ကိုမောင်နှမတွေကလည်း ဂုဏ်ပြုစကားလေးတွေနဲ့အတူ ဆုတောင်းပေးထားကြတာလည်း တွေ့ရပါတယ်..။

“Scarlett လေး အငယ်ဆုံး မဟုတ်တော့ဘူး။ ❤️👼🏻❤️..” ဆိုပြီး သတင်းကောင်းလေးကို ဝေမျှထားတာကာ ချစ်ဇနီးလေးရဲ့ကိုယ်ဝန်ဟာ သားသားလေးလား မီမီးလေးလားဆိုတာကိုတော့ မသိသေးပေမယ့် ဖေဖေအာဘွိုင်းတစ်ယောက် အရမ်းကို ပျော်ရွှင်ကြည်နူးနေမယ်ဆိုတာကတော့ မြင်ယောင်မိကြမှာပါနော်..။

ကဲ.. အာဘွိုင်းတို့ဇနီးမောင်နှံလေးရဲ့ အရမ်းကိုပျော်စရာကောင်းတဲ့ သတင်းကောင်းလေးကို ဂုဏ်ပြုရင်း ပရိသတ်တွေကိုလည်း ဝေမျှပေးလိုက်တာမို့ အပျော်လေးတွေကူးစက်ကြမှာ အသေအချာပါပဲနော်..။

သတင်းအရင်းမြစ်: Kyaw Phyo Tun

credit – Myanmarload

  • Leave a Comment

Categories