




credit – Myanmarload

Unicode

မင်းစော်ထက်ငါ့စော်ပိုလှတယ်ဆိုပြီး အပီအပြင်ကနေတဲ့ အောင်မင်းခန့်ရဲ့လက်မောင်းကိုထုရိုက်ပြီး ခွီနေတဲ့ ယွန်းယွန်းရဲ့ဗီဒီယို

ပရိသတ်ကြီးရေ အကယ်ဒမီယွန်းယွန်းနဲ့သဇင်ထူးမြင့်တို့ကတော့ ညီအစ်မအရင်းတွေလိုခင်မင်ရင်းနှီးကြတာဖြစ်ပါတယ်။ယွန်းယွန်းနဲ့သဇင်ထူးမြင့်တို့က ခင်ကြတာနှစ်မကြာသေးပေမယ့် တစ်ယောက်ကိုတစ်ယောက် ဖေးဖေးမမနဲ့ကူညီပေးကြတာဖြစ်ပါတယ်။သဇင်ထူးမြင့်ကလည်း ဖေဖေခင်လှိုင်ဆီက အနုပညာသွေးတွေစီးဆင်းနေတာကြောင့် အနုပညာမှာပါရမီပါလာပြီး လတ်တလောမှာဆိုရင် ဇာတ်ကားတွေ၊ကြော်ငြာတွေလည်း ရိုက်ကူးနေတာဖြစ်ပါတယ်။

ယွန်းယွန်းနဲ့သဇင်ထူးမြင့်တို့နှစ်ယောက်က အနုပညာအလုပ်တွေလည်း အတူတူတွဲလုပ်ကြပြီး အကြံဉာဏ်တွေကို အပြန်အလှန်ဖလှယ်ကြတာဖြစ်ပါတယ်နော်။လတ်တလောမှာဆိုရင် ယွန်းယွန်းနဲ့သဇင်ထူးမြင့်တို့က အောင်မင်းခန့်၊စည်သူဝင်းတို့နဲ့အတူ Double Datingအစီအစဉ်လေးမှာ ပါဝင်နေကြတာပဲဖြစ်ပါတယ်။ယွန်းယွန်းတို့လေးယောက်လုံးက တကယ့်မောင်နှမအရင်းတွေလိုမျိုး ချစ်ခင်ကြပြီး အလုပ်ကိုလည်း ကြိုးကြိုးစားစားလုပ်ဆောင်ကြတာဖြစ်ပါတယ်။

ယွန်းယွန်းနဲ့အောင်မင်းခန့်ကတစ်တွဲ၊သဇင်ထူးမြင့်နဲ့စည်သူဝင်းတို့က တစ်တွဲဖြစ်ပြီး ပရိသတ်တွေရဲ့အားပေးမှုတွေကိုအခိုင်အမာရရှိထားတာဖြစ်ပါတယ်။Double Datingအစီအစဉ်ထဲမှာဆိုရင် ယွန်းယွန်းနဲ့အောင်မင်းခန့်တို့က အရမ်းရိုကြသလို သဇင်ထူးမြင့်နဲ့စည်သူဝင်းတို့ကလည်း ကြည်ကြည်နူးနူးရှိကြတာဖြစ်ပါတယ်။အခုဆိုရင်လည်း ယွန်းယွန်းတို့က ကားပေါ်မှာ သီချင်းဆိုပြီးပျော်ပျော်ပါးပါးကပြနေတဲ့ အောင်မင်းခန့်ကို အပီအပြင်ခွီနေကြလို့ သူတို့ရဲ့ချစ်စရာဗီဒီယိုဖိုင်လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source and Video Credit:Yoon Yoon

  • Leave a Comment

Categories