credit – Myanmarload
Unicode
နှစ်ပေါင်းများစွာ ကွဲကွာနေတဲ့ သူငယ်ချင်းလေး ယုသန္တာတင်နဲ့ မမျှော်လင့်ပဲ ပြန်ဆုံရတဲ့ ဝမ်းသာမဆုံးဖြစ်နေတဲ့ ရီရီပွင့်ဖြူ
အနုပညာနယ်ပယ်မှာ ဆုံခဲ့ကြတဲ့ သူငယ်ချင်းတွေဖြစ်တဲ့ ယုသန္တာတင်နဲ့ ရီရီပွင့်ဖြူတို့ နှစ်ယောက်ကတော့ မမျှော်လင့်ပဲ ပြန်လည်ဆုံတွေခွင့်ရလို့ တစ်ယောက်ကို တစ်ယောက်ဖက်ကာ ဝမ်းသာနေကြတာပါ။ ဟိုးအရင် ဆယ်စုနှစ်ကျော်လောက်က အနုပညာလောကမှာ အောင်မြင်မှုတွေ တစ်ခဲနက်ရရှိခဲ့ကြပြီး ဇာတ်ဆောင် မင်းသမီးတွေ ဖြစ်တဲ့ ယုသန္တာတင်နဲ့ ရီရီပွင့်ဖြူတို့က ပရိသတ်အားပေးချစ်ခင်မှုကို ယနေ့တိုင် ရရှိနေဆဲပါ။
ဟိုးအရင်ကထက် ပိုပိုပြီး အလှတွေတိုးလာတဲ့ သူတို့ သူငယ်ချင်း နှစ်ယောက်က ကိုယ်စီ ဘဝခရီးလမ်းကို လျှောက်လှမ်းနေကြပြီး အကောင်းဆုံးဖြစ်အောင် ဖန်တီးနေတာဖြစ်ပါတယ်။ ရီရီကလည်း အနုပညာအလုပ်တွေ မလုပ်ဖြစ်တော့ပေမယ့် ပရိသတ်တွေနဲ့ အလှမ်းမဝေးရအောင် လူမှုကွန်ယက်ထက်မှာ ချစ်သူလေးနဲ့အတူ Vlogလေးတွေ ရိုက်ကူးရင်း တင်ပေးလေ့ရှိတာပါ။
ယခုလို သူငယ်ချင်း ယုသန္တာတင်နဲ့ ပြန်လည်တွေ့ဆုံတဲ့အခါမှာ အရမ်းကို ဝမ်းသာနေခဲ့တဲ့ ရီရီက နှစ်ယောက်သားပုံလေးကို တင်ပေးလာရင်း ” နှစ်ပေါင်းများစွာကွဲကွာနေသော နှစ်ယောက် မချိန်းဘဲ လာတွေ့ ပျော်ကြသည်ပေါ့နော် ” ဆိုပြီး ရေးသားလာတာပါ။ အပျော်စီးလှေကြီးပေါ်မှာ တွေ့ဆုံကြတဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ ကြည်နူးစရာပုံလေးတွေကို ပြန်လည်ဝေမျှပေးလိုက်ပါတယ်နော်…။
သတင်းအရင်းမြစ်: Source – Yi Yi Pwint Phyu
credit – Myanmarload