ငယ္ငယ္တည္းက ႀကိဳက္ခဲ့ရတဲ့ကိုေနတိုးနဲ႔အတူသ႐ုပ္ေဆာင္ခြင့္ရခဲ့ၿပီး ခ်ီးက်ဴးခံလိုက္ရတဲ့အတြက္ ေပ်ာ္လြန္းလို႔တုန္ပါတုန္ခဲ့ရတဲ့ သဇင္ထူးျမင့္

ခ်စ္စရာေကာင္းလြန္းလို႔ ပရိသတ္ေတြအားလုံးက အခ်စ္ပိုေနၾကရတဲ့ ျပည္သူ႔အသည္းေက်ာ္ေလးကေတာ့ သ႐ုပ္ေဆာင္မင္းသမီးေခ်ာေလး သဇင္ထူးျမင့္ပဲ ျဖစ္ပါတယ္…..။ သဲသဲေလးလို႔ခ်စ္စႏိုးေခၚၾကတဲ့ သဇင္ထူးျမင့္ဟာ စြယ္စုံရအႏုပညာရွင္ႀကီး ဦးခင္လႈိင္ရဲ႕သမီးေလးလည္းျဖစ္ၿပီးေတာ့ အႏုပညာေသြးအျပည့္ပါတာေၾကာင့္ အႏုပညာေလာကထဲကို ေ႐ႊႀကိဳတစ္ေယာက္အေနနဲ႔စတင္ၿပီး၀င္ေရာက္လာကာ အခ်ိန္တိုအတြင္း ပရိသတ္ေတြရဲ႕ခ်စ္ခင္အားေပးမႈကိုရရွိခဲ့တာျဖစ္ပါတယ္ေနာ္။

သဇင္ထူးျမင့္ဟာ အခုလက္ရွိမွာဆိုရင္လည္း ယြန္းယြန္း၊ေအာင္မင္းခန႔္၊ စည္သူ၀င္းတို႔နဲ႔အတူ Double Dating programေလးကို႐ိုက္ကူးေနတာျဖစ္ၿပီး ခ်စ္ဖို႔ေကာင္းလြန္းတာေၾကာင့္ ပရိသတ္ေတြရဲ႕ တစ္ခဲနက္၀န္းရံအားေပးမႈကိုရရွိေနတာျဖစ္ပါတယ္။ ဒါ့ျပင္သဇင္ထူးျမင့္ဟာ အႏုပညာလႈပ္ရွားမႈေတြကိုလည္းဆက္တိုက္လုပ္ကိုင္ေနတာျဖစ္ၿပီး မၾကာေသးမီကလည္းေအးျမျဖဴရဲ႕ သီခ်င္းသစ္ေလးမွာ ကိုေနတိုးနဲ႔အတူပါ၀င္သ႐ုပ္ေဆာင္ထားတာျဖစ္ပါတယ္ေနာ္။

သဇင္ထူးျမင့္ဟာ မင္းသားေခ်ာေနတိုးကိုငယ္စဥ္ကတည္းက အားေပးခဲ့ရသူျဖစ္ၿပီး အခုလိုအတူတူသ႐ုပ္ေဆာင္ရတဲ့အတြက္ အေပ်ာ္ႀကီးေပ်ာ္ေနတာျဖစ္တဲ့အျပင္ ေနတိုးဆီကလည္းခ်ီးက်ဴးတာခံခဲ့ရတာျဖစ္ပါတယ္။ ဒီအေၾကာင္းအရာေလးကိုလည္း သူမရဲ႕ Facebookစာမ်က္ႏွာမွာ “အကို႔ဆီက ခ်ီးက်ဴးစကားၾကားရတာကို တကယ္ကိုေပ်ာ္မိပါတယ္❤️…ငယ္ငယ္တည္းက အရမ္းသေဘာက်ၿပီး အားေပးခဲ့ရတဲ့အကိုနဲ႔ အလုပ္တူတူ လုပ္ခြင့္ရတာ တကယ္ကိုအမွတ္တရပါ…တကယ္ကိုမေတြးခဲ့ဘူးတဲ့ အရာတခု ျဖစ္လာတဲ့တြက္ အရမ္းေပ်ာ္ပါတယ္…သဲတုံ တစ္ေယာက္ တကယ္တုန္ေနပါတယ္😅…..” ဆိုၿပီးေရးသားထားခဲ့ပါတယ္။ ကဲ…..ပရိသတ္ေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

သတင္းအရင္းျမစ္: Thazin Htoo Myint

credit – Myanmarload

Unicode

ငယ်ငယ်တည်းက ကြိုက်ခဲ့ရတဲ့ကိုနေတိုးနဲ့အတူသရုပ်ဆောင်ခွင့်ရခဲ့ပြီး ချီးကျူးခံလိုက်ရတဲ့အတွက် ပျော်လွန်းလို့တုန်ပါတုန်ခဲ့ရတဲ့ သဇင်ထူးမြင့်

ချစ်စရာကောင်းလွန်းလို့ ပရိသတ်တွေအားလုံးက အချစ်ပိုနေကြရတဲ့ ပြည်သူ့အသည်းကျော်လေးကတော့ သရုပ်ဆောင်မင်းသမီးချောလေး သဇင်ထူးမြင့်ပဲ ဖြစ်ပါတယ်…..။ သဲသဲလေးလို့ချစ်စနိုးခေါ်ကြတဲ့ သဇင်ထူးမြင့်ဟာ စွယ်စုံရအနုပညာရှင်ကြီး ဦးခင်လှိုင်ရဲ့သမီးလေးလည်းဖြစ်ပြီးတော့ အနုပညာသွေးအပြည့်ပါတာကြောင့် အနုပညာလောကထဲကို ရွှေကြိုတစ်ယောက်အနေနဲ့စတင်ပြီး၀င်ရောက်လာကာ အချိန်တိုအတွင်း ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုရရှိခဲ့တာဖြစ်ပါတယ်နော်။

သဇင်ထူးမြင့်ဟာ အခုလက်ရှိမှာဆိုရင်လည်း ယွန်းယွန်း၊အောင်မင်းခန့်၊ စည်သူ၀င်းတို့နဲ့အတူ Double Dating programလေးကိုရိုက်ကူးနေတာဖြစ်ပြီး ချစ်ဖို့ကောင်းလွန်းတာကြောင့် ပရိသတ်တွေရဲ့ တစ်ခဲနက်၀န်းရံအားပေးမှုကိုရရှိနေတာဖြစ်ပါတယ်။ ဒါ့ပြင်သဇင်ထူးမြင့်ဟာ အနုပညာလှုပ်ရှားမှုတွေကိုလည်းဆက်တိုက်လုပ်ကိုင်နေတာဖြစ်ပြီး မကြာသေးမီကလည်းအေးမြဖြူရဲ့ သီချင်းသစ်လေးမှာ ကိုနေတိုးနဲ့အတူပါ၀င်သရုပ်ဆောင်ထားတာဖြစ်ပါတယ်နော်။

သဇင်ထူးမြင့်ဟာ မင်းသားချောနေတိုးကိုငယ်စဉ်ကတည်းက အားပေးခဲ့ရသူဖြစ်ပြီး အခုလိုအတူတူသရုပ်ဆောင်ရတဲ့အတွက် အပျော်ကြီးပျော်နေတာဖြစ်တဲ့အပြင် နေတိုးဆီကလည်းချီးကျူးတာခံခဲ့ရတာဖြစ်ပါတယ်။ ဒီအကြောင်းအရာလေးကိုလည်း သူမရဲ့ Facebookစာမျက်နှာမှာ “အကို့ဆီက ချီးကျူးစကားကြားရတာကို တကယ်ကိုပျော်မိပါတယ်❤️…ငယ်ငယ်တည်းက အရမ်းသဘောကျပြီး အားပေးခဲ့ရတဲ့အကိုနဲ့ အလုပ်တူတူ လုပ်ခွင့်ရတာ တကယ်ကိုအမှတ်တရပါ…တကယ်ကိုမတွေးခဲ့ဘူးတဲ့ အရာတခု ဖြစ်လာတဲ့တွက် အရမ်းပျော်ပါတယ်…သဲတုံ တစ်ယောက် တကယ်တုန်နေပါတယ်😅…..” ဆိုပြီးရေးသားထားခဲ့ပါတယ်။ ကဲ…..ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

သတင်းအရင်းမြစ်: Thazin Htoo Myint

credit – Myanmarload

  • Leave a Comment

Categories