



Source: Okkar Kyaw

credit – Myanmarload

Unicode

ညီလေးလိုချင်တယ်ဆိုပြီး ပူဆာနေတဲ့ သားသားလေးကို ညကျစောစောအိပ်ဖို့သင်ပေးလိုက်တဲ့ ဆုပန်ထွာခင်ပွန်းရဲ့အခွီဗီဒီယို

မင်းသမီးချောလေးဆုပန်ထွာကတော့ တစ်ချိန်ကအောင်မြင်ကျော်ကြားခဲ့တဲ့ သရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး ကျရာဇာတ်ရုပ်တိုင်းကို အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်လျက်ရှိနေခဲ့တဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားတွေကိုလည်း ရိုက်ကူးခဲ့ပြီး အနုပညာအလုပ်တွေကိုအချိန်အတော်ကြာလုပ်ကိုင်လျက်ရှိနေတဲ့ သူမကတော့ ယနေ့အချိန်ထိုနုပျိုလှပကာ ချစ်စရာကောင်းနေဆဲဖြစ်တဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။

အေးချမ်းသာယာပြီး ကြည်နူးစရာကောင်းလွန်းတဲ့ မိသားစုလေးကို ခင်ပွန်းသည်ဥက္ကာကျော်နဲ့အတူ တည်ဆောက်ထားနိုင်တဲ့ သူမကတော့ ချစ်စရာကောင်းလွန်းတဲ့တစ်ဦးတည်းသောသားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားခဲ့တာပဲဖြစ်ပါတယ်။ သူမကတော့ အေးချမ်းတဲ့ ဘဝလေးကို မိသားစုနဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းလျက်ရှိနေပြီး မိသားစုပုံရိပ်လေးတွေကိုလည်း လူမှုကွန်ယက်ထက်တင်ပေးလေ့ရှိပါတယ်။ သူမကတော့ သားသားလေးနဲ့ အတူ ကြော်ငြာတွေကိုလည်း အတူတကွရိုက်ကူးလျက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။

ဆုပန်ထွာရဲ့ခင်ပွန်းကတော့ ယခုမှာ ညီလေးလိုချင်တယ်ဆိုပြီး ပူဆာနေတဲ့ သားသားလေးကို ညကျစောစောအိပ်ဖို့သင်ပေးလိုက်ပါတယ်။သူမရဲ့ ခင်ပွန်းကတော့ ” ညီလေးလိုချင်ရင် ဘာလုပ်ရမလဲ “ဆိုပြီး သားသားလေးနဲ့ ဗီဒီယိုဖိုင်လေးနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးဆုပန်ထွာသားလေးရဲ့ ညီလေးလိုချင်တဲ့ အကြောင်းပြောနေတဲ့ ဗီဒီယိုဖိုင်လေးကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါဗီဒီယိုဖိုင်ကို အောက်မှာကြည့်နိုင်ပါတယ်။

Source: Okkar Kyaw

credit – Myanmarload

  • Leave a Comment

Categories