




credit – Myanmarload

Unicode

ပရိသတ်တွေတစ်ခါမှမမြင်ဖူးသေးတဲ့လက်မောင်းပေါ်ကအမိုက်စားတက်တူးကိုပြသလိုက်တဲ့ထက်ထက်မိုးဦးရဲ့ဗီဒီယိုဖိုင်

သရုပ်ဆောင် မင်းသမီးချောလေး ထက်ထက်မိုးဦးကတော့ တစ်ခေတ်တစ်ခါက မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ နှစ်ခြိုက်အားပေးမှုတွေကို သိမ်းပိုက်ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူမရဲ့ ဖက်ရှင်နဲ့ဆံပင်ပုံစံတွေကအစ အားလုံးလိုက်ဝတ်ခဲ့ကြတဲ့အထိကို ရေပန်းစားခဲ့တဲ့ ထိပ်တန်းမင်းသမီးလေးတစ်လက်အဖြစ် ရပ်တည်ခဲ့တာပဲ ဖြစ်ပါတယ်။ ဘယ်မင်းသားနဲ့မဆို လိုက်ဖက်ညီအောင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး အကယ်ဒမီထူးချွန်ဆုကိုပါ ရရှိပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။

လတ်တလောမှာတော့ ထက်ထက်ဟာ ကားရိုက်တွေမရှိသေးဘဲ Live Sales ပေါင်းများစွာကို လက်ခံကာ ရောင်းချပေးနေတာလည်း ဖြစ်ပါတယ်။ သူမရဲ့ အပြောချိုချိုလေးတွေကို နှစ်သက်သဘောကျတဲ့ ပရိသတ်တွေက ထက်ထက်ရောင်းချတဲ့ ပစ္စည်းမှန်သမျှကို တစ်ခဲနက် အားပေးခဲ့ကြတာလည်း ဖြစ်ပါတယ်။ လက်ရှိမှာလည်း ထက်ထက်တစ်ယောက် မန္တလေးမြို့ကို ရောက်ရှိနေပြီး အလုပ်အားလပ်ချိန်များတွင် ပရိသတ်တွေအတွက် Tik Tok လေးတွေ ကစားကာ တင်ပေးနေတာပါ။

မနေ့ညကလည်း ထက်ထက်မိုးဦးရဲ့ Tik Tok အကောင့်မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ပရိသတ်တွေတစ်ခါမှမမြင်ဖူးသေးတဲ့လက်မောင်းပေါ်ကအမိုက်စားတက်တူးကိုပြသလိုက်တဲ့ထက်ထက်မိုးဦးရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ အမြဲတမ်းအင်္ကျီလက်ရှည်တဲ့ ဒီဇိုင်းတွေကိုသာ ဝတ်ဆင်လေ့ရှိတာကြောင့် သူမရဲ့တက်တူးကို တော်ရုံလူမမြင်ဖူးကြတာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ထက်ထက်မိုးဦးရဲ့ ဗီဒီယိုဖိုင်လေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd – Htet Htet Moe Oo

credit – Myanmarload

  • Leave a Comment

Categories