သ႐ုပ္ေဆာင္ မင္းသမီးေခ်ာေလး ယြန္းယြန္းကေတာ့ ကေလးဘဝကတည္းက အႏုပညာအလုပ္ကို လုပ္ကိုင္ခဲ့ၿပီး ပရိသတ္ေတြရဲ႕ ခ်စ္ျခင္းေမတၱာေတြကို သိမ္းပိုက္ရရွိထားတဲ့ ခ်စ္စရာေကာင္းတဲ့ ေကာင္မေလးတစ္ဦးပဲ ျဖစ္ပါတယ္။ မေန႔ကေတာ့ သူမရဲ႕ (၂၁) ႏွစ္ျပည့္ေမြးေန႔ေလးပဲ ျဖစ္ၿပီး ခ်စ္ခင္ရတဲ့ သူငယ္ခ်င္းမိတ္ေဆြအေပါင္းအသင္းမ်ားနဲ႔ အႏုပညာရွင္ညီအစ္ကိုေမာင္ႏွမမ်ားက ယြန္းယြန္းရဲ႕ လူမႈကြန္ယက္မ်ားတြင္ ေမြးေန႔ဆုေတာင္းမ်ားေရးသားထားၾကတာပဲ ျဖစ္ပါတယ္။ ယြန္းယြန္းဟာ ေမြးေန႔ေလးကို ခ်စ္ရတဲ့သူေတြနဲ႔သာ ျဖတ္သန္းကုန္ဆုံးခဲ့တာပဲ ျဖစ္ပါတယ္။
ဒါ့အျပင္ Double Dating အဖြဲ႕သားမ်ားနဲ႔အတူ ခိုင္ႏွင္းေဝရင္ေသြးေလးမ်ားေဂဟာတြင္လည္း အလႉေငြမ်ားလည္း သြားေရာက္လႉဒါန္းခဲ့ေသးတာပဲ ျဖစ္ပါတယ္။ ညပိုင္းတြင္ေတာ့ သ႐ုပ္ေဆာင္ စည္သူဝင္း ၊ ေအာင္မင္းခန႔္ ၊ သဇင္ထူးျမင့္နဲ႔ အဆိုေတာ္သိန္းလင္းစိုး အစရွိတဲ့ ခ်စ္ခင္ရသူမ်ားနဲ႔ ညစာစားခဲ့ၾကတာပဲ ျဖစ္ပါတယ္။ (၂၁) ႏွစ္ျပည့္ေမြးေန႔ေလးဟာ သူမအတြက္ အရမ္းကို ေပ်ာ္စရာေကာင္းခဲ့ေၾကာင္းကိုလည္း ေျပာၾကားခဲ့တာပဲ ျဖစ္ပါတယ္။
သဇင္ထူးျမင့္ရဲ႕Facebook Story တြင္လည္း ဗီဒီယိုဖိုင္ေလးတစ္ခု တင္ထားတာပဲ ျဖစ္ပါတယ္။ ဒါကေတာ့ ေအာင္မင္းခန႔္ေပးတဲ့ Surprise ေမြးေန႔လက္ေဆာင္ေလးေၾကာင့္ဖုံးမဖိႏိုင္ေလာက္ေအာင္အေပ်ာ္လြန္ေနတဲ့ ယြန္းယြန္းရဲ႕ဗီဒီယိုဖိုင္ေလးပဲ ျဖစ္ပါတယ္။ ယြန္းယြန္းရဲ႕Facebook Story တြင္လည္း သူမရဲ႕လက္ကို ေအာင္မင္းခန႔္ကိုင္ထားတဲ့ပုံေလးတင္ထားၿပီး ” Double Surprises “ ဆိုၿပီး ေရးသားထားတာပဲ ျဖစ္ပါတယ္။ ပရိသတ္ေတြလည္း ၾကည့္ရႈခံစားႏိုင္ေအာင္ ဒီဗီဒီယိုဖိုင္ေလးကို တစ္ဆင့္ ျပန္လည္ ကူးယူတင္ဆက္ေပးလိုက္ ရပါတယ္ေနာ္။
Source and Photo Crd- Thazin Htoo Myint’s , Khine Hnin Wai’s and Yoon Yoon
credit – Myanmarload
Unicode
သူပေးတဲ့မွေးနေ့လက်ဆောင်လေးကိုတယုတယဝတ်ဆင်ကာပျော်ရွှင်နေတဲ့ယွန်းယွန်းကိုကြည့်ပြီးကြည်နူးမဆုံးဖြစ်နေတဲ့ အောင်မင်းခန့်
သရုပ်ဆောင် မင်းသမီးချောလေး ယွန်းယွန်းကတော့ ကလေးဘဝကတည်းက အနုပညာအလုပ်ကို လုပ်ကိုင်ခဲ့ပြီး ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို သိမ်းပိုက်ရရှိထားတဲ့ ချစ်စရာကောင်းတဲ့ ကောင်မလေးတစ်ဦးပဲ ဖြစ်ပါတယ်။ မနေ့ကတော့ သူမရဲ့ (၂၁) နှစ်ပြည့်မွေးနေ့လေးပဲ ဖြစ်ပြီး ချစ်ခင်ရတဲ့ သူငယ်ချင်းမိတ်ဆွေအပေါင်းအသင်းများနဲ့ အနုပညာရှင်ညီအစ်ကိုမောင်နှမများက ယွန်းယွန်းရဲ့ လူမှုကွန်ယက်များတွင် မွေးနေ့ဆုတောင်းများရေးသားထားကြတာပဲ ဖြစ်ပါတယ်။ ယွန်းယွန်းဟာ မွေးနေ့လေးကို ချစ်ရတဲ့သူတွေနဲ့သာ ဖြတ်သန်းကုန်ဆုံးခဲ့တာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် Double Dating အဖွဲ့သားများနဲ့အတူ ခိုင်နှင်းဝေရင်သွေးလေးများဂေဟာတွင်လည်း အလှူငွေများလည်း သွားရောက်လှူဒါန်းခဲ့သေးတာပဲ ဖြစ်ပါတယ်။ ညပိုင်းတွင်တော့ သရုပ်ဆောင် စည်သူဝင်း ၊ အောင်မင်းခန့် ၊ သဇင်ထူးမြင့်နဲ့ အဆိုတော်သိန်းလင်းစိုး အစရှိတဲ့ ချစ်ခင်ရသူများနဲ့ ညစာစားခဲ့ကြတာပဲ ဖြစ်ပါတယ်။ (၂၁) နှစ်ပြည့်မွေးနေ့လေးဟာ သူမအတွက် အရမ်းကို ပျော်စရာကောင်းခဲ့ကြောင်းကိုလည်း ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။
သဇင်ထူးမြင့်ရဲ့Facebook Story တွင်လည်း ဗီဒီယိုဖိုင်လေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ အောင်မင်းခန့်ပေးတဲ့ Surprise မွေးနေ့လက်ဆောင်လေးကြောင့်ဖုံးမဖိနိုင်လောက်အောင်အပျော်လွန်နေတဲ့ ယွန်းယွန်းရဲ့ဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ ယွန်းယွန်းရဲ့Facebook Story တွင်လည်း သူမရဲ့လက်ကို အောင်မင်းခန့်ကိုင်ထားတဲ့ပုံလေးတင်ထားပြီး ” Double Surprises “ ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုဖိုင်လေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd- Thazin Htoo Myint’s , Khine Hnin Wai’s and Yoon Yoon
credit – Myanmarload