




credit – Myanmarload

Unicode

ရွှေ‌ရောင်များဖြင့်ခမ်းနားစွာပြင်ဆင်မွမ်းမံထားတဲ့သူမရဲ့နေအိမ်မှာသံဃာတော်များအားပင့်ဖိတ်ပြီး ကုသိုလ်ကောင်းမှုတွေပြုလုပ်နေတဲ့ ယမင်းကိုကို

တစ်ခေတ်တစ်ခါက ပုရိသတွေရဲ့ နှုတ်ဖျားမှာ ရေပန်းစားနာမည်ကြီးခဲ့သူကတော့ သရုပ်ဆောင် မင်းသမီးချောလေး ယမင်းကိုကိုပဲ ဖြစ်ပါတယ်။ သူမဟာ လွန်ခဲ့တဲ့ အနှစ် (၂၀) ကျော်က ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားများတွင် ကျရာနေရာကနေ ပီပြင်ပိုင်နိုင်စွာ သရုပ်ဆောင်ခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။ ပရိသတ်တော်တော်များများကလည်း VCD အခွေများတွင် သူမကို သတိထားမိလာကြတာလည်း ဖြစ်ပါတယ်။

ယမင်းကိုကိုဟာ အနုပညာအလုပ်တွေ ရပ်နားထားခဲ့သည်မှာ နှစ်တွေအတော်ကြာနေပြီဖြစ်ပြီး လက်ရှိမှာတော့ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကို ဦးစီးလုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။ သူမဟာ ဘာသာရေးလည်း ကိုင်းရှိုင်းသူဖြစ်ပြီး အလှူအတန်းတွေကိုလည်း များစွာပြုလုပ်သူဖြစ်တာကြောင့်လည်း နိုင်ငံတော်ကချီးမြှင့်တဲ့ သီရိသုဓမ္မသိင်္ဂီဘွဲ့ကိုလည်း ရရှိထားတာလည်း ဖြစ်ပါတယ်။ နှစ်တွေဘယ်လောက်ပဲကြာသွားပေမယ့်လည်း ပရိသတ်တွေကတော့ ယမင်းကိုကို အားအခုချိန်ထိ တစ်ခဲနက် ချစ်ခင်အားပေးနေကြဆဲပဲ ဖြစ်ပါတယ်။

သူမရဲ့ လှုပ်ရှားမှုလေးတွေတိုင်းကိုလည်း ပရိသတ်တွေကို ဝေမျှပေးလေ့ရှိပြီး မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း ယမင်းကိုကိုရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် ပုံလေးတွေ တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ ရွှေရောင်တလက်လက်တောက်ပနေတဲ့သူမရဲ့အိမ်တွင်သံဃာတော်များပင့်ဖိတ်ပြီးတရားနာယူကာအေးချမ်းမှုကိုရှာဖွေနေတာပဲ ဖြစ်ပါတယ်။ မျက်နှာလေးကကြည်လင်နေပြီး ယနေ့ချိန်ထိ ပရိသတ်တွေချစ်နေရတဲ့ သရုပ်ဆောင် ယမင်းကိုကိုရဲ့ ပုံရိပ်လေးတွေကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Ya Min Ko Ko

credit – Myanmarload

  • Leave a Comment

Categories