ပိုင္တံခြန္ရဲ႕ သိမ္ေက်ာင္းေဆာက္အလႉမွာ အလႉေငြ (၁၀) သိန္း အားျဖည့္လႉဒါန္းေပးခဲ့တဲ့ စမိုင္းလ္

သ႐ုပ္ေဆာင္ စမိုင္းလ္ကေတာ့ အိမ္ေထာင္က်ၿပီးေနာက္ သူမရဲ႕ခင္ပြန္း ကိုျပည့္ေမာင္နဲ႔ ခက္ခဲတဲ့ဘဝတစ္ခုကို အတူတူရင္ဆိုင္ေက်ာ္ျဖတ္ခဲ့ၾကၿပီး အခုဆိုရင္ ျပည့္စုံတာထက္ ပိုလွ်ံတယ္ဆိုတဲ့ အေနအထားတစ္ခုကို ေရာက္ရွိလာခဲ့ၿပီ ျဖစ္ပါတယ္။ စမိုင္းလ္တို႔ ဇနီးေမာင္ႏွံႏွစ္ေယာက္စလုံးက အလႉေရစက္ လက္နဲ႔မကြာ လႉဒါန္းၿပီး လိုအပ္ေနတဲ့ေနရာေတြမွန္သမွ်ကိုလည္း တတ္ႏိုင္သေလာက္ လႉဒါန္းေပးေနတာပဲ ျဖစ္ပါတယ္။ စိတ္ထားေကာင္းၿပီး ၾကင္နာတတ္တဲ့ စမိုင္းလ္ကေတာ့ ပရိသတ္ေတြၾကားမွာ ေကာင္းသတင္းေတြနဲ႔ ေက်ာ္ၾကားသူအမ်ိဳၚသမီးတစ္ေယာက္ပဲ ျဖစ္ပါတယ္။

ဒီတစ္ေခါက္မွာလည္း စမိုင္းလ္က သ႐ုပ္ေဆာင္ ပိုင္တံခြန္ရဲ႕ သိမ္ေက်ာင္းေဆာက္မယ့္ အလႉႀကီးမွာ အလႉေငြမ်ားလႉဒါန္းေပးၿပီး တစ္ဖက္တစ္လမ္းကေန ကူညီေပးခဲ့တာ ေတြ႕ရပါတယ္။ စမိုင္းလ္က “ေမာင္ေလးပိုင္တံခြန္ရဲ႕အလႉမွာ အလႉေငြ ၁၀သိန္းပါဝင္ကုသိုလ္ျပဳခဲ့ပါတယ္။ ကုသိုလ္ပါဝင္လို႔လည္းရပါတယ္ရွင္” ဆိုၿပီး ပရိသတ္ေတြ သာဓုေခၚဆိုႏိုင္ဖို႔ သူမရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ မွ်ေဝေပးလာခဲ့ပါတယ္။

စမိုင္းလ္ကေတာ့ ပိုင္တံခြန္ရဲ႕ ကုသိုလ္ေလးကို ကူညီအားျဖည့္လႉဒါန္းခဲ့သလို ပရိသတ္ေတြလည္း ကုသိုလ္ပါဝင္ႏိုင္ေအာင္ နိဗၺာန္ေဆာ္ျပဳလုပ္ထားပါေသးတယ္။ ပရိသတ္ႀကီးလည္း စမိုင္းလ္ရဲ႕ ကုသိုလ္ေလးကို ထပ္တူဝမ္းေျမာက္စြာနဲ႔ သာဓုေခၚဆိုေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံး သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source: စမိုင္းလ္ Smile

credit – celeconnectionstv

Unicode

ပိုင်တံခွန်ရဲ့ သိမ်ကျောင်းဆောက်အလှူမှာ အလှူငွေ (၁၀) သိန်း အားဖြည့်လှူဒါန်းပေးခဲ့တဲ့ စမိုင်းလ်

သရုပ်ဆောင် စမိုင်းလ်ကတော့ အိမ်ထောင်ကျပြီးနောက် သူမရဲ့ခင်ပွန်း ကိုပြည့်မောင်နဲ့ ခက်ခဲတဲ့ဘဝတစ်ခုကို အတူတူရင်ဆိုင်ကျော်ဖြတ်ခဲ့ကြပြီး အခုဆိုရင် ပြည့်စုံတာထက် ပိုလျှံတယ်ဆိုတဲ့ အနေအထားတစ်ခုကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ စမိုင်းလ်တို့ ဇနီးမောင်နှံနှစ်ယောက်စလုံးက အလှူရေစက် လက်နဲ့မကွာ လှူဒါန်းပြီး လိုအပ်နေတဲ့နေရာတွေမှန်သမျှကိုလည်း တတ်နိုင်သလောက် လှူဒါန်းပေးနေတာပဲ ဖြစ်ပါတယ်။ စိတ်ထားကောင်းပြီး ကြင်နာတတ်တဲ့ စမိုင်းလ်ကတော့ ပရိသတ်တွေကြားမှာ ကောင်းသတင်းတွေနဲ့ ကျော်ကြားသူအမျိုါ်သမီးတစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒီတစ်ခေါက်မှာလည်း စမိုင်းလ်က သရုပ်ဆောင် ပိုင်တံခွန်ရဲ့ သိမ်ကျောင်းဆောက်မယ့် အလှူကြီးမှာ အလှူငွေများလှူဒါန်းပေးပြီး တစ်ဖက်တစ်လမ်းကနေ ကူညီပေးခဲ့တာ တွေ့ရပါတယ်။ စမိုင်းလ်က “မောင်လေးပိုင်တံခွန်ရဲ့အလှူမှာ အလှူငွေ ၁၀သိန်းပါဝင်ကုသိုလ်ပြုခဲ့ပါတယ်။ ကုသိုလ်ပါဝင်လို့လည်းရပါတယ်ရှင်” ဆိုပြီး ပရိသတ်တွေ သာဓုခေါ်ဆိုနိုင်ဖို့ သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေပေးလာခဲ့ပါတယ်။

စမိုင်းလ်ကတော့ ပိုင်တံခွန်ရဲ့ ကုသိုလ်လေးကို ကူညီအားဖြည့်လှူဒါန်းခဲ့သလို ပရိသတ်တွေလည်း ကုသိုလ်ပါဝင်နိုင်အောင် နိဗ္ဗာန်ဆော်ပြုလုပ်ထားပါသေးတယ်။ ပရိသတ်ကြီးလည်း စမိုင်းလ်ရဲ့ ကုသိုလ်လေးကို ထပ်တူဝမ်းမြောက်စွာနဲ့ သာဓုခေါ်ဆိုပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source: စမိုင်းလ် Smile

credit – celeconnectionstv

  • Leave a Comment

Categories