




Source – Khin Hlaing

credit – Myanmarload

Unicode

မြေးငယ်လေး ရွှေခေတ်ရဲ့ ၄လပြည့် မွေးနေ့လေးမှာ အသည်းယားစရာ ပုံလေးတွေတင်ပေးလာရင်း ချစ်မ၀ဖြစ်နေတဲ့ ဖိုးဖိုးခင်လှိုင်

သရုပ်ဆောင် မင်းသားကြီး ဦးခင်လှိုင်ကတော့ မြေးငယ်လေး ရွှေခေတ်ရဲ့ ပုံလေးတွေကို တင်ပေးလာရင်း ချစ်မ၀ဖြစ်နေပြန်ပါတယ်။

အနုပညာလမ်းကြောင်းထက်မှာ ဆယ်စုနှစ်ကျော်တိုင် ရပ်တည်အောင်မြင်လာခဲ့တဲ့ ဦးခင်လှိုင်ဟာဆိုရင် မိသားစုအပေါ် လိုလေသေးမရှိအောင်ထားပြီး ဂရုစိုက်အချစ်ပိုတတ်တဲ့ သူတစ်ယောက်ပါ။

ပရိသတ်အားပေးချစ်ခင်မှုကို အခိုင်အမာရရှိထားပြီး သရုပ်ဆောင်လည်း ကောင်းမွန်ပီပြင်တဲ့ ဉီးခင်လှိုင်က ဒါရိုက်တာတစ်ယောက်အဖြစ်လည်း ဇာတ်ကားတွေကို ပုံဖော်ရိုက်ကူးနေပြီပဲဖြစ်ပါတယ်။ သူရဲ့ သားသမီးတွေဟာဆိုရင်လည်း အနုပညာလမ်းကြောင်းထက်မှာ လျှောက်လှမ်းနေပြီဖြစ်ပြီး ပရိသတ်အားပေးမှုကို ရရှိနေတာလည်းဖြစ်ပါတယ်။

မိသားစုအပေါ် ချစ်ခင်တွယ်တာတတ်တဲ့ ဦးခင်လှိုင်က ချွေးမတွေကိုလည်း သမီးအရင်းလို ဂရုစိုက်အချစ်ပိုတတ်တာကို တွေ့ရပါတယ်။ မြေးလေးတွေကိုလည်း အလိုလိုက်တတ်ကာ သည်းသည်းလှုပ်ချစ်တတ်တဲ့ ဖိုးဖိုးခင်လှိုင်က ယနေ့မှာလည်း မြေးငယ်လေး ရွေခေတ်ရဲ့ ပုံလေးတွေကို တင်ပေးကာ ” ၄ လပြည့်သွားပြီဖြစ်တဲ့ ဖိုးဖိုးအချစ်လေး ရွှေခေတ် ” ဆိုပြီး ရေးသားမျှဝေလာတာဖြစ်လို့ ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်…။

Source – Khin Hlaing

credit – Myanmarload

  • Leave a Comment

Categories