




credit – Myanmarload

Unicode

ဖေဖေနဲ့ကိုကိုတို့ရဲ့အသည်းကျော်လေးဖြစ်လို့ မင်းသမီးလေးလို ပြည့်ပြည့်စုံစုံနေရပြီး အမြဲရယ်မောပျော်ရွှင်နေရတဲ့ မစ်မစ်တုန်လေး

အဆိုတော်Rဇာနည်ဟာဆိုရင် ကလေးသုံးယောက်ရဲ့ဖခင်တစ်ယောက်ဖြစ်ပြီး ပျော်ရွှင်စရာမိသားစုကမ္ဘာလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။Rဇာနည်က အနုပညာလောကထဲမှာ ဝါရင့်တေးသံရှင်တစ်ယောက်ဖြစ်လို့ သူ့ကိုအားပေးချစ်ခင်ကြတဲ့ပရိသတ်အများအပြားကို ပိုင်ဆိုင်ထားပါတယ်နော်။Rဇာနည်ရဲ့ချစ်ဇနီးချောလေး ဝမ်းကလည်း အမျိုးသားအပေါ်မှာ ပါရမီဖြည့်ဖက်ကောင်းတစ်ယောက်ပီသစွာနဲ့ နားလည်မှုအပြည့်ပေးပြီး လိုအပ်တာမှန်သမျှကို ကူညီပံ့ပိုးပေးတာဖြစ်ပါတယ်။

Rဇာနည်ကတော့ သားနှစ်ယောက်၊သမီးတစ်ယောက်ထွန်းကားထားတာကြောင့် ပြီးပြည့်စုံတဲ့ဘဝကိုရရှိသွားပါပြီနော်။ကလေးတွေရဲ့နာမည်ကိုလည်း ဖစ်ဖစ်တုန်၊ချစ်ချစ်တုန်၊မစ်မစ်တုန် ဆိုပြီး ဆင်တူလေးတွေပေးထားတာဖြစ်ပါတယ်။ဖစ်ဖစ်တို့မောင်နှမသုံးယောက်လုံးကလည်း ရုပ်ချင်းလေးတွေချွတ်စွပ်တူကြပြီး ချစ်မွေးအပြည့်ပါလို့ လူချစ်လူခင်ပေါများနေကြတဲ့ကလေးလေးတွေဖြစ်ပါတယ်။ပရိသတ်တွေကတော့ Rဇာနည်တို့ရဲ့မိသားစုဘဝလေးကို အမြဲစောင့်ကြည့်ပြီး အားကျနေကြတာဖြစ်ပါတယ်။

သမီးအငယ်ဆုံးလေးမစ်မစ်တုန်ကတော့ ဖေဖေ၊မေမေနဲ့ကိုကိုတို့ရဲ့အသည်းကျော်လေးပဲဖြစ်ပါတယ်။မစ်မစ်လေးကလည်း မွေးစကတည်းက လူချစ်လူခင်ပေါများလို့ ပရိသတ်တွေကြားမှာအရမ်းရေပန်းစားနေတာဖြစ်ပါတယ်။Rဇာနည်ကတော့ ပိတ်ရက်တိုင်းမှာ ကလေးသုံးယောက်လုံးကို အချိန်ပေးပြီး အတူတူဆော့ကစားပေးတာဖြစ်ပါတယ်။အခုဆိုရင်လည်း Rဇာနည်တို့သားအဖလေးယောက်က အိမ်ထဲမှာ ပျော်ပျော်ပါးပါးနဲ့ရေကူးနေကြလို့ သူတို့ရဲ့ချစ်စရာပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source and Photo Credit:Phit Phit Chit Chit Mhit Mhit

credit – Myanmarload

  • Leave a Comment

Categories