အီတလီႏိုင္ငံမွာေမြး‌တဲ့ေျမးမေလး (၆)လျပည့္အ႐ြယ္မွာ အရမ္းခ်စ္လြန္းလို႔ ေရာမၿမိဳ႕အထိေတာင္သြားၿပီး ပထမဆုံးခ်ီပိုးခဲ့တဲ့ ဘြားဘြားဝါဝါဝင္းေ႐ႊ

ပရိသတ္ႀကီးေရ အကယ္ဒမီမင္းသမီးႀကီးတစ္လက္ျဖစ္တဲ့ ဝါဝါဝင္းေ႐ႊကေတာ့ ယေန႔အခ်ိန္မွာဆိုရင္ သားသမီးေျမးျမစ္ေတြနဲ႔အတူ ေပ်ာ္႐ႊင္ခ်မ္းေျမ့စြာေနထိုင္ေနတာပဲျဖစ္ပါတယ္။ဝါဝါဝင္းေ႐ႊက က်န္းမာေရးလည္းအရမ္းေကာင္းၿပီး အ႐ြယ္တင္ႏုပ်ိဳေနဆဲျဖစ္လို႔ သူမရဲ႕အလွအပေတြကေတာ့ နည္းနည္းေလးမွမေလ်ာ့သြားပါဘူးေနာ္။ဝါဝါဝင္းေ႐ႊက အႏုပညာအလုပ္ေတြကိုလည္း ျဖည္းျဖည္းမွန္မွန္လုပ္ေဆာင္ေနၿပီး မ်ိဳးစက္သစ္အႏုပညာရွင္လူငယ္ေတြကိုလည္း အႏုပညာအေမြေတြလက္ဆင့္ကမ္းေပးေနတာျဖစ္ပါတယ္။

ဝါဝါဝင္းေ႐ႊရဲ႕သားငယ္ ဝါဇင္ကေတာ့ စင္ကာပူမွာ မိသားစုနဲ႔အတူေနထိုင္ေနၿပီး သမီးေခ်ာေလးႏွစ္ေယာက္ကို ပိုင္ဆိုင္ထားတာျဖစ္ပါတယ္။ဝါဝါဝင္းေ႐ႊကေတာ့ စင္ကာပူကေျမးမေလးေတြကိုလည္း အရမ္းခ်စ္ၿပီး Video Callေလးအၿမဲတမ္းေျပာတာျဖစ္ပါတယ္။အခုဆိုရင္လည္း ဝါဝါဝင္းေ႐ႊက ေျမးမေလး Victoriaရဲ႕ေမြးေန႔ေလးမွာ ငယ္ငယ္တုန္းကအမွတ္တရပုံရိပ္ေလးေတြနဲ႔အတူ ေမြးေန႔ဆုေတာင္းစကားေလးကို သတိတရနဲ႔ေရးေပးထားတာျဖစ္ပါတယ္ေနာ္။

ဝါဝါဝင္းေ႐ႊကေတာ့”Very Happy Birthday VICTORIA ITALY ႏိုင္ငံ ROME မွာ​ေမြးတဲ့ ​ေျမး​ေလး (၆ )လျပည့္​ေတာ့​ေတြ႕​ခ်င္ၾကလို႔ ဘိုးဘိုး ဘြားဘြားတို႔မိသားစု​ေတြ​ ​ေျမး​ေလးကို ပထမဆုံး ခ်ီခြင့္ ခ်စ္ခြင့္ရခဲ့ရတယ္။Singapore ​ေရာက္လည္း နမ္းခြင့္ ခ်ီခြင့္ရခဲ့တယ္။ခ်စ္​​ေျမး​ေလးရဲ႕​ေမြး​ေန႔ကို ခုလို အခ်ိန္မွာေတြ႕ခြင့္မရေပမယ္ ဒီေန႔က်ေရာက္တဲ့ေမြးေန႔မွစၿပီး မိဘ ​ေက်းဇူးသိ​ေသာ ယဥ္​ေက်းသိမ္​ေမြ႕​ေသာ ထူးခြၽန္ထက္ျမက္ေသာ ပညာတတ္ႀကီးျဖစ္ပါေစေ လို႔ ဆုေတာင္းေပးလိုက္ပါတယ္”ဆိုၿပီး ေျမးမေလးအတြက္ ေမြးေန႔ဆုေတာင္းေပးထားတာျဖစ္ပါတယ္ေနာ္။

Source and Photo Credit:Wa Wa Win Shwe

credit – Myanmarload

Unicode

အီတလီနိုင်ငံမှာမွေး‌တဲ့မြေးမလေး (၆)လပြည့်အရွယ်မှာ အရမ်းချစ်လွန်းလို့ ရောမမြို့အထိတောင်သွားပြီး ပထမဆုံးချီပိုးခဲ့တဲ့ ဘွားဘွားဝါဝါဝင်းရွှေ

ပရိသတ်ကြီးရေ အကယ်ဒမီမင်းသမီးကြီးတစ်လက်ဖြစ်တဲ့ ဝါဝါဝင်းရွှေကတော့ ယနေ့အချိန်မှာဆိုရင် သားသမီးမြေးမြစ်တွေနဲ့အတူ ပျော်ရွှင်ချမ်းမြေ့စွာနေထိုင်နေတာပဲဖြစ်ပါတယ်။ဝါဝါဝင်းရွှေက ကျန်းမာရေးလည်းအရမ်းကောင်းပြီး အရွယ်တင်နုပျိုနေဆဲဖြစ်လို့ သူမရဲ့အလှအပတွေကတော့ နည်းနည်းလေးမှမလျော့သွားပါဘူးနော်။ဝါဝါဝင်းရွှေက အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး မျိုးစက်သစ်အနုပညာရှင်လူငယ်တွေကိုလည်း အနုပညာအမွေတွေလက်ဆင့်ကမ်းပေးနေတာဖြစ်ပါတယ်။

ဝါဝါဝင်းရွှေရဲ့သားငယ် ဝါဇင်ကတော့ စင်ကာပူမှာ မိသားစုနဲ့အတူနေထိုင်နေပြီး သမီးချောလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ဝါဝါဝင်းရွှေကတော့ စင်ကာပူကမြေးမလေးတွေကိုလည်း အရမ်းချစ်ပြီး Video Callလေးအမြဲတမ်းပြောတာဖြစ်ပါတယ်။အခုဆိုရင်လည်း ဝါဝါဝင်းရွှေက မြေးမလေး Victoriaရဲ့မွေးနေ့လေးမှာ ငယ်ငယ်တုန်းကအမှတ်တရပုံရိပ်လေးတွေနဲ့အတူ မွေးနေ့ဆုတောင်းစကားလေးကို သတိတရနဲ့ရေးပေးထားတာဖြစ်ပါတယ်နော်။

ဝါဝါဝင်းရွှေကတော့”Very Happy Birthday VICTORIA ITALY နိုင်ငံ ROME မှာ​မွေးတဲ့ ​မြေး​လေး (၆ )လပြည့်​တော့​တွေ့​ချင်ကြလို့ ဘိုးဘိုး ဘွားဘွားတို့မိသားစု​တွေ​ ​မြေး​လေးကို ပထမဆုံး ချီခွင့် ချစ်ခွင့်ရခဲ့ရတယ်။Singapore ​ရောက်လည်း နမ်းခွင့် ချီခွင့်ရခဲ့တယ်။ချစ်​​မြေး​လေးရဲ့​မွေး​နေ့ကို ခုလို အချိန်မှာတွေ့ခွင့်မရပေမယ် ဒီနေ့ကျရောက်တဲ့မွေးနေ့မှစပြီး မိဘ ​ကျေးဇူးသိ​သော ယဥ်​ကျေးသိမ်​မွေ့​သော ထူးချွန်ထက်မြက်သော ပညာတတ်ကြီးဖြစ်ပါစေေ လို့ ဆုတောင်းပေးလိုက်ပါတယ်”ဆိုပြီး မြေးမလေးအတွက် မွေးနေ့ဆုတောင်းပေးထားတာဖြစ်ပါတယ်နော်။

Source and Photo Credit:Wa Wa Win Shwe

credit – Myanmarload

  • Leave a Comment

Categories