




credit – Myanmarload

Unicode

အိပ်နေရင်းဂီတာကိုလက်နဲ့မတီးဘဲ တစ်ခြားအရေးကြီးတဲ့အရာတစ်ခုနဲ့ကျွမ်းကျင်ပိုင်နိုင်စွာတီးပြလိုက်တဲ့ ကျော်ကျော်ရဲ့ဗီဒီယို

သရုပ်ဆောင် မင်းသားချောလေး ကျော်ကျော်ကတော့ ဟာသဉာဏ်အလွန်ရွှင်လွန်းသူဖြစ်တာကြောင့် ပရိသတ်တွေသာမကဘဲ အနုပညာသမားအချင်းချင်းရဲ့ ချစ်ခင်အားပေးမှုတွေကို ရရှိထားတာလည်း ဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားခေတ်ကတည်းက ကာရိုက်တာမျိုးစုံကို မထပ်ရလေအောင် ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ ကျော်ကျော်ရဲ့အသံလေးဟာလည်း နားထောင်ကောင်းလွန်းပြီး တစ်ခါတစ်ရံမှာလည်း ဂီတာလေးတီးကာ သီချင်းဆိုပြလေ့ ရှိတာလည်း ဖြစ်ပါတယ်။

ကျော်ကျော်ဟာ လတ်တလောမှာတော့ သရုပ်ဆောင် မင်းသမီးချောလေး ဆုမြတ်နိုးဦးနဲ့အတူ စိန်ရွှေရတနာပစ္စည်းတွေကို live လွှင့်ကာ ရောင်းချပေးနေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ပရိသတ်တွေ အပန်းပြေစေရန်ဟာသဗီဒီယိုလေးများနဲ့ Tik Tok လေးတွေ ဆော့ကစားကာ တင်ပေးနေတာလည်း ဖြစ်ပါတယ်။ မကြာသေးခင် ရက်ပိုင်းလောက်ကလည်း ကျော်ကျော်ရဲ့ Tik Tok အကောင့်မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

ဒါကတော့ အိပ်နေရင်းဂီတာကိုလက်နဲ့မတီးဘဲ ယောကျာ်းလေးတစ်ယောက်ရဲ့မရှိမဖြစ်အရာတစ်ခုနဲ့ကျွမ်းကျင်စွာတီးခတ်ပြလိုက်တဲ့ ကျော်ကျော်ရဲ့အခွီဗီဒီယိုဖိုင်လေးပဲ ဖြစ်ပါတယ်။ ကျော်ကျော်ကတော့ ပရိသတ်တွေကိုအူတက်ရယ်မောအောင်လို့ ဒီဗီဒီယိုလေးကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တော်တော်များများကလည်း သူ့ရဲ့ ဒီဗီဒီယိုဖိုင်လေးကို တစ်ခဲနက် အားပေးနေကြပြီး မကြည့်ရသေးတဲ့သူတွေအတွက် တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Kyaw Naing Oo

credit – Myanmarload

  • Leave a Comment

Categories