သမီးေလးရဲ႕ေမြးေန႔မွာ မိသားစုနဲ႔အတူညစာစားၿပီး ေမြးေန႔ကိတ္ေလးကို မိခင္ေမတၱာအျပည့္နဲ႔ကိုယ္တိုင္ျပင္ဆင္ေပးေနတဲ့ စိုးျမတ္ကလ်ာ

ျပည္သူခ်စ္အႏုပညာရွင္ေတြျဖစ္ၾကတဲ့ စိုးျမတ္သူဇာ၊စိုးျမတ္ကလ်ာ၊စိုးျမတ္နႏၵာတို႔ညီအစ္မသုံးေယာက္ဟာဆိုရင္ တစ္ေခတ္တစ္ခါမွာ အႏုပညာလမ္းေၾကာင္းေပၚေလွ်ာက္ခဲ့ၾကၿပီး ေအာင္ျမင္ေက်ာ္ၾကားခဲ့ၾကတာျဖစ္ပါတယ္။စိုးျမတ္သူဇာနဲ႔စိုးျမတ္နႏၵာကေတာ့ ယေန႔အခ်ိန္ထိတိုင္ အႏုပညာအလုပ္ေတြကို ျဖည္းျဖည္းမွန္မွန္လုပ္ေဆာင္ေနဆဲျဖစ္ပါတယ္။စိုးျမတ္ကလ်ာက မိဘႏွစ္ပါးနဲ႔အိမ္ရဲ႕ေဝယ်ာဝစၥေတြကို တစ္ေနရာမွမလစ္ဟင္းေအာင္ေဆာင္႐ြက္ေနသလို ခ်စ္ညီမေလးေတြကိုလည္းအၿမဲဂ႐ုစိုက္ေပးတာျဖစ္ပါတယ္ေနာ္။

စိုးျမတ္သူဇာတို႔မိသားစုေလးက အျပန္အလွန္ဂ႐ုစိုက္မွာေတြနဲ႔ ေႏြးေႏြးေထြးေထြးရွိၾကလို႔ သာယာေအးခ်မ္းလွတဲ့မိသားစုေလးပဲျဖစ္ပါတယ္။စိုးျမတ္သူဇာမွာ တူနဲ႔တူမေခ်ာေလး ႏွစ္ေယာက္လည္းရွိတာေၾကာင့္ ကေလးေတြကိုလည္းအၿမဲဆိုဆုံးမေပးၿပီး ဂ႐ုစိုက္ေပးတာျဖစ္ပါတယ္ေနာ္။(၁၄.၁.၂၀၂၁)ရက္ေလးကေတာ့ စိုးျမတ္သူဇာရဲ႕တူမေခ်ာေလး ေခတ္သခင္ရဲ႕ေမြးေန႔ရက္ျမတ္ေလးျဖစ္တာေၾကာင့္ အေဒၚေတြနဲ႔ဘြားဘြားတို႔က ေမြးေန႔ဆုမြန္ေကာင္းေလးေတြ ေရးသားေပးၾကတာျဖစ္ပါတယ္။

ညပိုင္းမွာေတာ့ စိုးျမတ္သူဇာတို႔က မိသားစုစုံစုံလင္လင္နဲ႔ ညစာစားၾကၿပီး ေခတ္သခင္ရဲ႕ေမြးေန႔ပြဲေလးကို လုပ္ေပးလိုက္ၾကတာျဖစ္ပါတယ္။ေခတ္သခင္ကလည္း ဘိုးဘိုး၊ဘြားဘြား၊ေမေမ၊အေဒၚေတြနဲ႔အတူ ကိတ္မုန႔္ေလးခြဲၿပီး အကုန္လုံးကိုခြံ႕ေကြၽးခဲ့တာျဖစ္ပါတယ္။စိုးျမတ္သူဇာကလည္း တူမေခ်ာေလးခြံ႕ေကြၽးတဲ့ကိတ္မုန႔္ကို အားရပါးရစားေနၿပီး အရမ္းေပ်ာ္႐ႊင္ေနၾကလို႔ သူမတို႔မိသားစုရဲ႕အမွတ္တရပုံရိပ္ေလးေတြကို ခ်စ္ပရိသတ္ေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါရေစေနာ္။

Source and Photo Credit:Soe Kyi Phyu

credit – Myanmarload

Unicode

သမီးလေးရဲ့မွေးနေ့မှာ မိသားစုနဲ့အတူညစာစားပြီး မွေးနေ့ကိတ်လေးကို မိခင်မေတ္တာအပြည့်နဲ့ကိုယ်တိုင်ပြင်ဆင်ပေးနေတဲ့ စိုးမြတ်ကလျာ

ပြည်သူချစ်အနုပညာရှင်တွေဖြစ်ကြတဲ့ စိုးမြတ်သူဇာ၊စိုးမြတ်ကလျာ၊စိုးမြတ်နန္ဒာတို့ညီအစ်မသုံးယောက်ဟာဆိုရင် တစ်ခေတ်တစ်ခါမှာ အနုပညာလမ်းကြောင်းပေါ်လျှောက်ခဲ့ကြပြီး အောင်မြင်ကျော်ကြားခဲ့ကြတာဖြစ်ပါတယ်။စိုးမြတ်သူဇာနဲ့စိုးမြတ်နန္ဒာကတော့ ယနေ့အချိန်ထိတိုင် အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။စိုးမြတ်ကလျာက မိဘနှစ်ပါးနဲ့အိမ်ရဲ့ဝေယျာဝစ္စတွေကို တစ်နေရာမှမလစ်ဟင်းအောင်ဆောင်ရွက်နေသလို ချစ်ညီမလေးတွေကိုလည်းအမြဲဂရုစိုက်ပေးတာဖြစ်ပါတယ်နော်။

စိုးမြတ်သူဇာတို့မိသားစုလေးက အပြန်အလှန်ဂရုစိုက်မှာတွေနဲ့ နွေးနွေးထွေးထွေးရှိကြလို့ သာယာအေးချမ်းလှတဲ့မိသားစုလေးပဲဖြစ်ပါတယ်။စိုးမြတ်သူဇာမှာ တူနဲ့တူမချောလေး နှစ်ယောက်လည်းရှိတာကြောင့် ကလေးတွေကိုလည်းအမြဲဆိုဆုံးမပေးပြီး ဂရုစိုက်ပေးတာဖြစ်ပါတယ်နော်။(၁၄.၁.၂၀၂၁)ရက်လေးကတော့ စိုးမြတ်သူဇာရဲ့တူမချောလေး ခေတ်သခင်ရဲ့မွေးနေ့ရက်မြတ်လေးဖြစ်တာကြောင့် အဒေါ်တွေနဲ့ဘွားဘွားတို့က မွေးနေ့ဆုမွန်ကောင်းလေးတွေ ရေးသားပေးကြတာဖြစ်ပါတယ်။

ညပိုင်းမှာတော့ စိုးမြတ်သူဇာတို့က မိသားစုစုံစုံလင်လင်နဲ့ ညစာစားကြပြီး ခေတ်သခင်ရဲ့မွေးနေ့ပွဲလေးကို လုပ်ပေးလိုက်ကြတာဖြစ်ပါတယ်။ခေတ်သခင်ကလည်း ဘိုးဘိုး၊ဘွားဘွား၊မေမေ၊အဒေါ်တွေနဲ့အတူ ကိတ်မုန့်လေးခွဲပြီး အကုန်လုံးကိုခွံ့ကျွေးခဲ့တာဖြစ်ပါတယ်။စိုးမြတ်သူဇာကလည်း တူမချောလေးခွံ့ကျွေးတဲ့ကိတ်မုန့်ကို အားရပါးရစားနေပြီး အရမ်းပျော်ရွှင်နေကြလို့ သူမတို့မိသားစုရဲ့အမှတ်တရပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါရစေနော်။

Source and Photo Credit:Soe Kyi Phyu

credit – Myanmarload

  • Leave a Comment

Categories