



Source -Htang Ra

credit – Myanmarload

Unicode

ဖြူဖြူဖွေးဖွေးနဲ့ အရုပ်မလေးလို ချစ်စရာကောင်းတဲ့ ချစ်သူလေးက အပြင်သွားမှာဖြစ်လို့ သဝန်တိုပြီး မေးခွန်းများစွာ မေးနေခဲ့တဲ့ နေဒွေး

သရုပ်ဆောင် မင်းသားချော နေဒွေးကတော့ ခေါင်းဆောင်မင်းသားအဖြစ် အနုပညာလောကထက်မှာ လျှောက်လှမ်းခဲ့တာဆိုရင် နှစ်အတော်ကြာပြီဖြစ်ပြီး ပရိသတ်အားပေးမှုကိုလည်း တစ်ခဲနက်ရရှိထားတဲ့သူတစ်ယောက်ပါ။ မင်းသားတစ်ယောက်မှာရှိသင့်တဲ့ အရည်အချင်းတွေနဲ့ ပြည့်၀တဲ့ နေဒွေးက ဖက်ရှင်ပိုင်းနဲ့ပတ်သတ်ရင်လည်း စမတ်ကျကျ ဝတ်ဆင်တတ်တာကြောင့် နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ် အချစ်တော်လေးပါ။

အနုပညာလှုပ်ရှားမှုတွေအပြင် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေကိုလည်း ဦးစီးလုပ်ကိုင်နေတဲ့ နေဒွေးက ဘက်စုံတော်တဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ အခုလို အလုပ်တွေဆက်တိုက်လုပ်နေပေမယ့်လည်း သူရဲ့ ချစ်သူလေးကို အချိန်ပြည့် ဂရုစိုက် အချစ်ပိုတတ်တဲ့ နေဒွေးက ယခုမှာလည်း ချောမောလှပတဲ့ ချစ်သူလေးကို စိတ်မချနိုင်ပဲ သဝန်တိုနေခဲ့တာပါ။

ဖြူဖြူဖွေးဖွေးလေးနဲ့ အရုပ်မလေးလို ချစ်စရာကောင်းတဲ့ ချစ်သူလေးက အပြင်သွားမှာဖြစ်လို့ မေးခွန်းပေါင်းစုံမေးကာ သဝန်တိုနေတဲ့ နေဒွေးကို ချစ်သူလေးက သူမရဲ့ Facebook Mydayထက်မှာ တင်ကာ ချစ်တတ်နေမှုကြီး လန့်တောင်လန့်တယ်ဆိုပြီး ရေးသားလာတာပါ။ အရမ်းချစ်တတ်တဲ့ နေဒွေးနဲ့ သူရဲ့ကောင်မလေး ပုံတွေကို ပရိသတ်တွေ ကြည့်ရှုစေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်..။

Source -Htang Ra

credit – Myanmarload

  • Leave a Comment

Categories