Source : Sai Hlwan
credit – Myanmarload
Unicode
အရွယ်လေးနဲ့မလိုက်အောင် ဘာသာရေးကိုင်းရှိုင်းပြီးချစ်ဖေဖေက မွေးနေ့မှာအလှူလေးပြုလုပ်ပေးလို့ ပျော်မဆုံးဖြစ်နေတဲ့ စစ်လွန်းလေး
အဆိုတော်စိုင်းလွှမ်းကတော့ ယခုအချိန်ထိအနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့ကာ ချစ်စရာကောင်းတဲ့ သမီးချောလေးဖြစ်တဲ့ စစ်လွန်းလေးကို ပိုင်ဆိုင်ထားခဲ့တာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကတော့ စစ်လွန်းဝတီထက်ရဲ့ မွေးနေ့ရက်မြတ်လေးဖြစ်ပြီး ချစ်ခင်ရတဲ့ ဖခင်ဖြစ်သူက သမီးလေးကုသိုလ်ရမယ့် မွေးနေ့အလှူလေးကို ပြုလုပ်ပေးခဲ့ပါတယ်။
စစ်လွန်းလေးကတော့ ဖေဖေနဲ့အတူ မွေးနေ့အလှူအဖြစ်သံဃာတော်အပါး (၁၁၈၀)ကို မဟာဂန္ဓာရုံကျောင်းတိုက်မှာ ဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ရလို့ဝမ်းသာပီတိဖြာနေခဲ့ပါတယ်။ပါတယ်။ ယခုမှာ စိုင်းလွှမ်းကတော့ ” သံဃာတော်အပါး (၁၁၈၀)ကို စစ်လွန်းလေး ၁၀နှစ်ပြည့်မွေးနေ့ အလှူအဖြစ်နေ့ဆွမ်းခဲဖွယ် နှင့်အလှူငွေများကိုမဟာဂန္ဓာရုံကျောင်းတိုက်မှာ လှူဒါန်းပြီးဆရာတော်ကြီးကိုလည်းဖူးခွင့်ရခဲ့တယ်ဆရာတော်ကြီးကလည်းအခုစိပ်နေတဲ့ပုတီးကိုစစ်လွန်းလေးစိပ်ဖို့မွေးနေ့အထိမ်းမှတ်အဖြစ်ပြန်စွန့်ပေးခဲ့တယ် “ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။
စိုင်းလွှမ်းကတော့ ” အရမ်းပီတိဖြစ်ရတဲ့အလှူအတွက်ရယ်သံဃာတော်တွေဆွမ်းလောင်းအလှူခံတဲ့မြင်ကွင်းကိုလည်းသာဓုခေါ်လို့ ရအောင်ပြန်လည်ဝေမျှပေးလိုက်ပါတယ် “ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယိ။ ချစ်ပရိသတ်တွေအတွက် စိုင်းလွှမ်းနဲ့ စစ်လွန်းဝတီထက်တို့သားအဖနှစ်ယောက်ရဲ့ သံယာတော်တွေကို အချို၊အအေးနဲ့ ဆွမ်းတွေဆပ်ကပ်လှူဒါန်းနေကြတဲ့ ကြည်နူးစရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။
Source : Sai Hlwan
credit – Myanmarload
  • Leave a Comment
Categories