




credit – Myanmarload

Unicode

မိန်းမဖြစ်သူလေယာဉ်မယ်လေးကို သိပ်ချစ်လွန်းလို့ သူမြန်မာပြည်ပြန်ရောက်မယ့်အချိန်ကို တစ်ညလုံးမအိပ်ဘဲလေဆိပ်ရှေ့မှာသွားထိုင်စောင့်ခဲ့တဲ့နိုင်းဝမ်း

အဆိုတော် နိုင်းဝမ်းကတော့ တေးသီချင်းကောင်းများစွာနဲ့ အောင်မြင်ကျော်ကြားနေတဲ့ ပရိသတ်အချစ်တော် တေးသံရှင်တစ်ဦးပဲ ဖြစ်ပါတယ် ။ အချစ်သီချင်းကောင်းလေးတွေကို ဖန်တီးတတ်တဲ့ နိုင်းဝမ်းက ပရိသတ်တွေရဲ့နှစ်ခြိုက်အားပေးမှုကို အပြည့်အဝရရှိထားတာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ နိုင်းဝမ်းတစ်ယောက် သူအရမ်းချစ်ရတဲ့ ချစ်သူလေးနဲ့ ထိမ်းမြားလက်ထပ်ပြီး သာယာပျော်ရွှင်တဲ့ဘဝလေးတစ်ခုကို တည်ဆောက်ထားတာ ဖြစ်ပါတယ် ။

နိုင်းဝမ်းက ချစ်သူလေးနဲ့ (၁၀) နှစ်ကျော်ကြာ လက်တွဲခဲ့တာကြောင့် သူတို့စုံတွဲလေးက အပြန်အလှန်နားလည်မှုရှိပြီး အရမ်းချစ်ကြတာ ဖြစ်ပါတယ် ။ Covid ကာလဖြစ်တာကြောင့် နိုင်းဝမ်းတို့ဇနီးမောင်နှံက မင်္ဂလာလက်မှတ်သာရေးထိုးပြီး နှစ်ကိုယ်တူဘဝကို တည်ထောင်ခဲ့တာ ဖြစ်ပါတယ် ။ လေယာဉ်မယ်လေးကို မိန်းမတော်ထားရတဲ့ နိုင်းဝမ်းကတော့ အခုလည်း ချစ်ဇနီးအိမ်အပြန်အလာကို တစ်ညလုံးမအိပ်ဘဲ လေဆိပ်မှာသွားစောင့်ခဲ့တာ ဖြစ်ပါတယ် ။

နိုင်းဝမ်းက “မိန်းမကိုသိပ်ချစ်လွန်းတော့လည်း သူအလုပ်ပြီးလို့ဖယ်ရီနဲ့အိမ်ပြန်မလာစေချင်လို့ တစ်ညလုံးမအိပ်ပဲ မိန်းမမြန်မာပြည်ပြန်ရောက်မယ့်အချိန်ကို ဘယ်သူမှမရှိတဲ့လေဆိပ်ကြီးရှေ့မှာလာထိုင်စောင့်နေတတ်တာမျိုး ​လေယာဉ်ပျံကြီးမြေပေါ်မဆင်းလာမချင်း စိတ်ပူပန်နေမိတဲ့ဖီလင်က ပြောပြလို့တောင်မတတ်ဘူး ဒီခံစားချက်လေးနဲ့ သီချင်းလေးတစ်ပုဒ်လောက် ရေးကြည့်ဦးမှပါလေ” ဆိုပြီး ဇနီးသည်ကို ဘယ်လောက်ထိချစ်ကြောင်း ပြောပြထားတာပဲ ဖြစ်ပါတယ်နော်။

Source and Photo Credit-Kyaw Zin Latt

credit – Myanmarload

  • Leave a Comment

Categories