သူမအရမ္းႀကိဳက္တာကိုထိုင္းကေနတကူးတကဝယ္ထားၿပီး ခ်စ္သူမ်ားေန႔မွာ Surpriseလုပ္မယ့္ ခ်စ္ခင္ပြန္းရဲ႕အစီအစဥ္ကို ႀကိဳသိသြားခဲ့တဲ့ နႏၵာလႈိင္

ပရိသတ္ႀကီးေရ နႏၵာလႈိင္ကေတာ့ ေပ်ာ္႐ႊင္ခ်မ္းေျမ့တဲ့မိသားစုဘဝေလးကိုပိုင္ဆိုင္ထားၿပီး သမီးသုံးေယာက္ကိုလည္းေမြးဖြားထားတာျဖစ္ပါတယ္။နႏၵာလႈိင္ရဲ႕ခ်စ္ခင္ပြန္း ဦးေဇသီဟကလည္း ခင္ပြန္းေကာင္းပီသၿပီး မိသားစုကိုေပ်ာ္႐ႊင္ေအာင္ထားေပးတာျဖစ္ပါတယ္ေနာ္။နႏၵာလႈိင္က အႏုပညာအလုပ္ေတြကို လုံးဝမလုပ္ကိုင္ေတာ့ဘဲ စီးပြားေရးကိုသာလုပ္ေဆာင္ေနတာျဖစ္လို႔ ျမန္မာျပည္အႏွံ႔အျပားမွာ သူမရဲ႕စီးပြားေရးကလည္းေအာင္ျမင္ေနတာျဖစ္ပါတယ္။

နႏၵာလႈိင္ကေတာ့ လက္ရွိကာလမွာဆိုရင္ အိမ္ထဲမွာပဲေနထိုင္ၿပီး သမီးေတြကိုအခ်ိန္ျပည့္ဂ႐ုစိုက္ေပးေနတာျဖစ္ပါတယ္။နႏၵာလႈိင္က ပန္းပင္စိုက္ပ်ိဳးရတာကိုလည္း ဝါသနာပါတာေၾကာင့္ သူမရဲ႕ၿခံထဲမွာ ရွားပါးပန္းပင္ေတြအမ်ားအျပားကို ေသခ်ာစိုက္ပ်ိဳးထားတာျဖစ္ပါတယ္ေနာ္။နႏၵာလႈိင္ရဲ႕ေမေမကလည္း ပန္းႀကိဳက္တတ္သူျဖစ္လို႔ သမီးစိုက္ေပးထားတဲ့ပန္းပင္ေတြကိုၾကည့္ကာ အရမ္းစိတ္ခ်မ္းသာေနတာျဖစ္ပါတယ္။နႏၵာလႈိင္တို႔မိသားစုေလးက ပကာသနကင္းမဲ့စြာနဲ႔ ႐ိုး႐ိုးရွင္းရွင္းေနထိုင္တတ္ၾကတဲ့မိသားစုေလးပဲျဖစ္ပါတယ္ေနာ္။

အခုဆိုရင္ေတာ့ ဦးေဇသီဟက”နႏၵာက ပန္းပင္ေတြ စိုက္ေနတာျမင္ေတာ့ Valentine’s Day ေန႔မွာ ေပးဖို႔ ထိုင္းကို အပင္ေတြ လွမ္းမွာလိုက္တယ္။ နိဗၺာန္ၾကာ ၁၀ ပင္ေပါ့။ ဟိုကပို႔တဲ့လူက စိတ္ေစာၿပီး ဒီေန႔အေရာက္ပို႔လိုက္တာ စပ႐ိုက္ တိုက္မယ့္ အစီအစဥ္ပ်က္သြားပါေလေရာ.. မတတ္ႏိုင္ဘူးေလ.. ေစာေရာက္ေတာ့လည္း ေစာ သိသြားတာေပါ့.”ဆိုၿပီးေရးသားထားတာျဖစ္ပါတယ္။ဦးေဇသီဟ‌ကေတာ့ ခ်စ္ဇနီးေလးကို အခ်စ္ေတြအျပည့္နဲ႔ ခ်စ္သူမ်ားေန႔အတြက္ႀကိဳတင္ၿပီးလက္ေဆာင္ေပးလိုက္တာျဖစ္ပါတယ္ေနာ္။

Source and Photo Credit:Zay Thiha

credit – Myanmarload

Unicode

သူမအရမ်းကြိုက်တာကိုထိုင်းကနေတကူးတကဝယ်ထားပြီး ချစ်သူများနေ့မှာ Surpriseလုပ်မယ့် ချစ်ခင်ပွန်းရဲ့အစီအစဉ်ကို ကြိုသိသွားခဲ့တဲ့ နန္ဒာလှိုင်

ပရိသတ်ကြီးရေ နန္ဒာလှိုင်ကတော့ ပျော်ရွှင်ချမ်းမြေ့တဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားပြီး သမီးသုံးယောက်ကိုလည်းမွေးဖွားထားတာဖြစ်ပါတယ်။နန္ဒာလှိုင်ရဲ့ချစ်ခင်ပွန်း ဦးဇေသီဟကလည်း ခင်ပွန်းကောင်းပီသပြီး မိသားစုကိုပျော်ရွှင်အောင်ထားပေးတာဖြစ်ပါတယ်နော်။နန္ဒာလှိုင်က အနုပညာအလုပ်တွေကို လုံးဝမလုပ်ကိုင်တော့ဘဲ စီးပွားရေးကိုသာလုပ်ဆောင်နေတာဖြစ်လို့ မြန်မာပြည်အနှံ့အပြားမှာ သူမရဲ့စီးပွားရေးကလည်းအောင်မြင်နေတာဖြစ်ပါတယ်။

နန္ဒာလှိုင်ကတော့ လက်ရှိကာလမှာဆိုရင် အိမ်ထဲမှာပဲနေထိုင်ပြီး သမီးတွေကိုအချိန်ပြည့်ဂရုစိုက်ပေးနေတာဖြစ်ပါတယ်။နန္ဒာလှိုင်က ပန်းပင်စိုက်ပျိုးရတာကိုလည်း ဝါသနာပါတာကြောင့် သူမရဲ့ခြံထဲမှာ ရှားပါးပန်းပင်တွေအများအပြားကို သေချာစိုက်ပျိုးထားတာဖြစ်ပါတယ်နော်။နန္ဒာလှိုင်ရဲ့မေမေကလည်း ပန်းကြိုက်တတ်သူဖြစ်လို့ သမီးစိုက်ပေးထားတဲ့ပန်းပင်တွေကိုကြည့်ကာ အရမ်းစိတ်ချမ်းသာနေတာဖြစ်ပါတယ်။နန္ဒာလှိုင်တို့မိသားစုလေးက ပကာသနကင်းမဲ့စွာနဲ့ ရိုးရိုးရှင်းရှင်းနေထိုင်တတ်ကြတဲ့မိသားစုလေးပဲဖြစ်ပါတယ်နော်။

အခုဆိုရင်တော့ ဦးဇေသီဟက”နန္ဒာက ပန်းပင်တွေ စိုက်နေတာမြင်တော့ Valentine’s Day နေ့မှာ ပေးဖို့ ထိုင်းကို အပင်တွေ လှမ်းမှာလိုက်တယ်။ နိဗ္ဗာန်ကြာ ၁၀ ပင်ပေါ့။ ဟိုကပို့တဲ့လူက စိတ်စောပြီး ဒီနေ့အရောက်ပို့လိုက်တာ စပရိုက် တိုက်မယ့် အစီအစဉ်ပျက်သွားပါလေရော.. မတတ်နိုင်ဘူးလေ.. စောရောက်တော့လည်း စော သိသွားတာပေါ့.”ဆိုပြီးရေးသားထားတာဖြစ်ပါတယ်။ဦးဇေသီဟ‌ကတော့ ချစ်ဇနီးလေးကို အချစ်တွေအပြည့်နဲ့ ချစ်သူများနေ့အတွက်ကြိုတင်ပြီးလက်ဆောင်ပေးလိုက်တာဖြစ်ပါတယ်နော်။

Source and Photo Credit:Zay Thiha

credit – Myanmarload

  • Leave a Comment

Categories