Source: Si Thu Win
Unicode
အစီအစဉ်ရိုက်ကူးနေစဉ်မှာသာမကပဲ ရိုက်ကွင်းပေါ်မှာတောင် သဇင်ထူးမြင့်ကို သီချင်းလေးဆိုပြပြီး အပြတ်အသတ် Ro နေတဲ့ စည်သူဝင်းရဲ့ ဗီဒီယို
မင်းသားချော စည်သူဝင်းကတော့ MRTV 4 ရုပ်သံလိုင်းက ဇာတ်လမ်းတွဲတွေနဲ့ နာမည်ကြီးလာခဲ့သူ မင်းသားတစ်ယောက်ပဲ ဖြစ်ပါတယ်။ မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ စည်သူဝင်းကတော့ လက်ရှိမှာလည်း ဇာတ်လမ်းတွဲတွေအပြင် အစီအစဉ်ပေါင်းများစွာမှာလည်း ပါဝင်ရိုက်ကူးပေးနေတာပဲ ဖြစ်ပါတယ်။ စည်သူဝင်းကလည်း သူ့ကိုချစ်ကြတဲ့ ပရိသတ်တွေအားလုံးအတွက် မရိုးနိုင်တဲ့ အနုပညာလှုပ်ရှားမှုတွေကို ချပြရင်း အမြဲတမ်းကြိုးစားနေသူတစ်ယောက်ပဲ ဖြစ်ပါတယ်။
လတ်တလောမှာလည်း Double Dating ဆိုတဲ့ အစီအစဉ်လေးကို ရိုက်ကူးနေတဲ့ စည်သူဝင်းက သူနဲ့အတူတူ တွဲဖက်ရိုက်ကူးနေတဲ့ သဇင်ထူးမြင့်နဲ့ ပရိသတ်တွေ သဘောတူခြင်းခံနေရတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စည်သူဝင်းက Double Dating အစီအစဉ်လေးရဲ့ ရိုက်ကွင်းနောက်ကွယ်က အမှတ်တရလေးကို ချပြရင်း ရိုက်ကွင်းပေါ်မှာတောင် သဇင်ထူးမြင့်ကို သီချင်းလေးဆိုပြပြီး အပြတ်အသတ် Ro နေတာကို အခုလိုမျိုးပဲ ဗီဒီယိုလေးနဲ့တကွ ချပြလာတာကို အခုလိုမျိုးပဲ တွေ့ရပါတယ်။
စည်သူဝင်းကတော့ သူ့ရဲ့ညီမလေးတစ်ယောက်လိုဖြစ်နေတဲ့ သဇင်ထူးမြင့်ကို ဝတ်ထားတဲ့ အဝတ်အစားလေးနဲ့တွဲဖက်ပြီး သီချင်းလေးတွေဆိုပြနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း အရမ်း Ro တတ်တဲ့ စည်သူဝင်းကိုကြည့်ပြီး သဘောကျနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
Source: Si Thu Win
credit – Cele Connections