အိမ္မွာကားအေကာင္းစားေတြ အမ်ားႀကီးရွိတာေၾကာင့္ အျပင္သြားခါနီးတိုင္း ေ႐ြးရခက္ေနတဲ့ သူမရဲ႕အျဖစ္ကို ဗီဒီယို႐ိုက္ကာျပသလိုက္တဲ့ ေနျခည္ဦး

မင္းသမီးေခ်ာေလး ေနျခည္ဦးကေတာ့ စကားေျပာပြင့္လင္းသလို သြက္သြက္လက္လက္နဲ႔ အရမ္းကိုခ်စ္ဖို႔ေကာင္းတဲ့ ေကာင္မေလးတစ္ေယာက္ပဲ ျဖစ္ပါတယ္ ။ Beauty Blogger ဘဝကေန အႏုပညာရွင္ဘဝကိုပါခံယူခဲ့တဲ့ ေနျခည္ဦးက ႏွစ္အနည္းငယ္ေလးအတြင္းမွာတင္ မသိသူမရွိေလာက္ေအာင္ ေအာင္ျမင္လာခဲ့ၿပီပဲ ျဖစ္ပါတယ္ ။ ႀကိဳးစားမႈေတြအရာထင္ခဲ့တဲ့ ေနျခည္ဦးက သူမရဲ႕ရည္မွန္းခ်က္ပန္းတိုင္ကို ယုံၾကည္မႈအျပည့္နဲ႔ ေလွ်ာက္လွမ္းေနတာ ျဖစ္ပါတယ္ ။

ေနျခည္ဦးက ဒိတ္ဒိတ္ႀကဲအႏုပညာရွင္ေတြနဲ႔အတူ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြ ႐ိုက္ကူးခဲ့ရသလို ေၾကာ္ျငာေတြလည္း မနားတမ္းလက္ခံ႐ိုက္ကူးေနရတာ ျဖစ္ပါတယ္ ။ လက္ရွိမွာလည္း ေနျခည္ဦးက မင္းသားေခ်ာျမင့္ျမတ္နဲ႔အတူ ဇာတ္လမ္းတြဲတစ္ခု႐ိုက္ကူးဖို႔ လက္ခံထားရတာပဲ ျဖစ္ပါတယ္ ။ ေနျခည္ဦးက အလုပ္ႀကိဳးစားခဲ့တာေၾကာင့္ သိန္းေထာင္ေက်ာ္တန္တဲ့ အမိုက္စားကားအသစ္ႀကီးကိုလည္း ႏွစ္သစ္မွာ ဝယ္ယူႏိုင္ခဲ့ၿပီပဲ ျဖစ္ပါတယ္ ။

ကားအေကာင္းစားေတြ ပိုင္ဆိုင္ထားတဲ့ ေနျခည္ဦးက အခုလည္း အျပင္သြားခါနီးတိုင္း ကားစီးဖို႔ေ႐ြးရခက္တဲ့ သူမရဲ႕အျဖစ္ကို ဗီဒီယို႐ိုက္ျပလိုက္တာ ျဖစ္ပါတယ္ ။ ေနျခည္ဦးက အိမ္မွာ ကားေတြအမ်ားႀကီးရွိတာေၾကာင့္ “တစ္ေန႔တစ္ေန႔ ေ႐ြးရခက္လိုက္တာ” ဆိုၿပီး ဗီဒီယိုေလးကို My Story မွာတင္ထားတာပဲ ျဖစ္ပါတယ္ ။ ကားအျဖဴစီးရမလား အမဲပဲစီးရမလားဆိုၿပီး ကားႏွစ္စီးၾကားမွာ ေဝခြဲရခက္ၿပီး ဗ်ာမ်ားေနတဲ့ ေနျခည္ဦးရဲ႕ဗီဒီယိုေလးကို ခ်စ္ပရိသတ္ေတြအတြက္ ျပန္လည္္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

Source and Video Credit-Nay Chi Oo

credit – Myanmarload

Unicode

အိမ်မှာကားအကောင်းစားတွေ အများကြီးရှိတာကြောင့် အပြင်သွားခါနီးတိုင်း ရွေးရခက်နေတဲ့ သူမရဲ့အဖြစ်ကို ဗီဒီယိုရိုက်ကာပြသလိုက်တဲ့ နေခြည်ဦး

မင်းသမီးချောလေး နေခြည်ဦးကတော့ စကားပြောပွင့်လင်းသလို သွက်သွက်လက်လက်နဲ့ အရမ်းကိုချစ်ဖို့ကောင်းတဲ့ ကောင်မလေးတစ်ယောက်ပဲ ဖြစ်ပါတယ် ။ Beauty Blogger ဘဝကနေ အနုပညာရှင်ဘဝကိုပါခံယူခဲ့တဲ့ နေခြည်ဦးက နှစ်အနည်းငယ်လေးအတွင်းမှာတင် မသိသူမရှိလောက်အောင် အောင်မြင်လာခဲ့ပြီပဲ ဖြစ်ပါတယ် ။ ကြိုးစားမှုတွေအရာထင်ခဲ့တဲ့ နေခြည်ဦးက သူမရဲ့ရည်မှန်းချက်ပန်းတိုင်ကို ယုံကြည်မှုအပြည့်နဲ့ လျှောက်လှမ်းနေတာ ဖြစ်ပါတယ် ။

နေခြည်ဦးက ဒိတ်ဒိတ်ကြဲအနုပညာရှင်တွေနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးခဲ့ရသလို ကြော်ငြာတွေလည်း မနားတမ်းလက်ခံရိုက်ကူးနေရတာ ဖြစ်ပါတယ် ။ လက်ရှိမှာလည်း နေခြည်ဦးက မင်းသားချောမြင့်မြတ်နဲ့အတူ ဇာတ်လမ်းတွဲတစ်ခုရိုက်ကူးဖို့ လက်ခံထားရတာပဲ ဖြစ်ပါတယ် ။ နေခြည်ဦးက အလုပ်ကြိုးစားခဲ့တာကြောင့် သိန်းထောင်ကျော်တန်တဲ့ အမိုက်စားကားအသစ်ကြီးကိုလည်း နှစ်သစ်မှာ ဝယ်ယူနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ် ။

ကားအကောင်းစားတွေ ပိုင်ဆိုင်ထားတဲ့ နေခြည်ဦးက အခုလည်း အပြင်သွားခါနီးတိုင်း ကားစီးဖို့ရွေးရခက်တဲ့ သူမရဲ့အဖြစ်ကို ဗီဒီယိုရိုက်ပြလိုက်တာ ဖြစ်ပါတယ် ။ နေခြည်ဦးက အိမ်မှာ ကားတွေအများကြီးရှိတာကြောင့် “တစ်နေ့တစ်နေ့ ရွေးရခက်လိုက်တာ” ဆိုပြီး ဗီဒီယိုလေးကို My Story မှာတင်ထားတာပဲ ဖြစ်ပါတယ် ။ ကားအဖြူစီးရမလား အမဲပဲစီးရမလားဆိုပြီး ကားနှစ်စီးကြားမှာ ဝေခွဲရခက်ပြီး ဗျာများနေတဲ့ နေခြည်ဦးရဲ့ဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည််မျှဝေပေးလိုက်ပါတယ်နော်။

Source and Video Credit-Nay Chi Oo

credit – Myanmarload

  • Leave a Comment

Categories