ကား (၅) စီးဆင့္တိုက္ခဲ့ေပမယ့္လည္း အသက္အႏၲရာယ္က လြတ္ေျမာက္ခဲ့တဲ့ ဦးေက်ာ္သူ

ဇန္နဝါရီ ၁၃ရက္ေန႔ ဒီေန႔မွာ နာေရးကူညီမႈအသင္း(ရန္ကုန္) ဥကၠဌ ျဖစ္တဲ့ သ႐ုပ္ေဆာင္ ဦးေက်ာ္ သူ ကားငါးစီးဆင့္ တိုက္မႈျဖစ္စဥ္မွာ ပါဝင္ခဲ့တယ္လို႔သိရပါတယ္ ။ ဒီေန႔ နာေရးကူညီမႈလမ္းေၾကာင္း ေရေဝးသုႆန္သို႔အသြား လမ္းတစ္ေနရာရွိျဖတ္လမ္းရွိေသာေနရာတြင္ ကားရွင္းရင္ တစ္ဖက္လမ္းကို ကူးဖို႔အတြက္ တန္းစီေစာင့္ေနေသာ ကားေလးတစ္စီးနဲ႔ လိုက္ထရပ္ကားကို ေနာက္မွ အေဝးေျပးခရီးသည္ တင္ကားတစ္စီးက တိုက္သြားခဲ့တာျဖစ္ပါတယ္ ။

ေရွ႕ဆုံးမွာ ရပ္ေနတဲ့ကားက တစ္ဆင့္ခ်င္းတိုက္ခံရၿပီး ဦးေက်ာ္သူ ေမာင္းလာတဲ့ နာေရးနိဗၺာန္ယာဥ္ကို ေရွ႕ေဘးမွ ေဆာင့္တိုက္ လိုက္တဲ့အတြက္ ဦးေက်ာ္သူက ေရွာင္လိုက္ ေသာ္လည္း သူ႔ရဲ႕ ညာဖက္မွာရွိတဲ့ ဘတ္စ္ကားတစ္စီးရဲ႕ ေနာက္ပိုင္းေဘးဖက္ ကို နာေရးကူညီမႈကားက တဆင့္ တိုက္မိခဲ့တယ္လို႔ သိရပါတယ္ ။ လူေတြဘာမွ မျဖစ္ေပမယ့္လည္း တိုက္ခံရတဲ့ ကားငယ္(ေရွ႕/ေနာက္)၊ လိုက္ထရပ္(ေရွ႕/ေနာက္)၊ နာကူယာဥ္ ေရွ႕(ဘယ္/ညာ) ၊ဘတ္စ္ကားႀကီး(ေနာက္ဖက္ဘယ္ဖက္ျခမ္း ပြန္း)အသီးသီးထိသြားခဲ့ပါတယ္ ။

ာေရးကူညီမႈ နိဗၺာန္ယာဥ္ေပၚ က ဘဝကူးသြားတဲ့႐ုပ္ခႏၶာကိုလည္း အသင္းက နိဗၺာန္ယာဥ္ တစ္စီးကို အျမန္ေခၚၿပီး ေဘာ္ဒီအားေျပာင္းေ႐ႊ႕ကာ ေရေဝးသုႆန္သို႔ပို႔ေဆာင္သၿဂႋဳလ္ေပးမႈအား တာဝန္မပ်က္၊တာဝန္ေၾကစြာ လုပ္ေဆာင္ေပးခဲ့တယ္လို႔လည္း သိရပါတယ္ ။ သုခေဆးခန္းမွတာဝန္ရွိသူမ်ားမွ အတင္းေခၚေဆာင္ၿပီး ဦးေက်ာ္သူကို အာထရာေဆာင္းစက္နဲ႔ ႏွလုံး စစ္ေဆးခဲ့ေပမယ့္လည္း အားလုံးပုံမွန္က်န္းမာလ်က္ရွိပါတယ္တဲ့ ပရိသတ္ႀကီးေရ ..။

Source : Kyaw Thu

credit – Cele Gabar

Unicode

ကား (၅) စီးဆင့်တိုက်ခဲ့ပေမယ့်လည်း အသက်အန္တရာယ်က လွတ်မြောက်ခဲ့တဲ့ ဦးကျော်သူ

ဇန်နဝါရီ ၁၃ရက်နေ့ ဒီနေ့မှာ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဌ ဖြစ်တဲ့ သရုပ်ဆောင် ဦးကျော် သူ ကားငါးစီးဆင့် တိုက်မှုဖြစ်စဉ်မှာ ပါဝင်ခဲ့တယ်လို့သိရပါတယ် ။ ဒီနေ့ နာရေးကူညီမှုလမ်းကြောင်း ရေဝေးသုဿန်သို့အသွား လမ်းတစ်နေရာရှိဖြတ်လမ်းရှိသောနေရာတွင် ကားရှင်းရင် တစ်ဖက်လမ်းကို ကူးဖို့အတွက် တန်းစီစောင့်နေသော ကားလေးတစ်စီးနဲ့ လိုက်ထရပ်ကားကို နောက်မှ အဝေးပြေးခရီးသည် တင်ကားတစ်စီးက တိုက်သွားခဲ့တာဖြစ်ပါတယ် ။

ရှေ့ဆုံးမှာ ရပ်နေတဲ့ကားက တစ်ဆင့်ချင်းတိုက်ခံရပြီး ဦးကျော်သူ မောင်းလာတဲ့ နာရေးနိဗ္ဗာန်ယာဉ်ကို ရှေ့ဘေးမှ ဆောင့်တိုက် လိုက်တဲ့အတွက် ဦးကျော်သူက ရှောင်လိုက် သော်လည်း သူ့ရဲ့ ညာဖက်မှာရှိတဲ့ ဘတ်စ်ကားတစ်စီးရဲ့ နောက်ပိုင်းဘေးဖက် ကို နာရေးကူညီမှုကားက တဆင့် တိုက်မိခဲ့တယ်လို့ သိရပါတယ် ။ လူတွေဘာမှ မဖြစ်ပေမယ့်လည်း တိုက်ခံရတဲ့ ကားငယ်(ရှေ့/နောက်)၊ လိုက်ထရပ်(ရှေ့/နောက်)၊ နာကူယာဉ် ရှေ့(ဘယ်/ညာ) ၊ဘတ်စ်ကားကြီး(နောက်ဖက်ဘယ်ဖက်ခြမ်း ပွန်း)အသီးသီးထိသွားခဲ့ပါတယ် ။

ာရေးကူညီမှု နိဗ္ဗာန်ယာဉ်ပေါ် က ဘဝကူးသွားတဲ့ရုပ်ခန္ဓာကိုလည်း အသင်းက နိဗ္ဗာန်ယာဉ် တစ်စီးကို အမြန်ခေါ်ပြီး ဘော်ဒီအားပြောင်းရွှေ့ကာ ရေဝေးသုဿန်သို့ပို့ဆောင်သင်္ဂြိုလ်ပေးမှုအား တာဝန်မပျက်၊တာဝန်ကြေစွာ လုပ်ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ် ။ သုခဆေးခန်းမှတာဝန်ရှိသူများမှ အတင်းခေါ်ဆောင်ပြီး ဦးကျော်သူကို အာထရာဆောင်းစက်နဲ့ နှလုံး စစ်ဆေးခဲ့ပေမယ့်လည်း အားလုံးပုံမှန်ကျန်းမာလျက်ရှိပါတယ်တဲ့ ပရိသတ်ကြီးရေ ..။

Source : Kyaw Thu
credit – Cele Gabar

  • Leave a Comment

Categories