တစ္သက္မွာတစ္ခါသာႀကဳံရမယ့္ ကုသိုလ္တစ္ခုမွာ ေ႐ႊေလးပိသာအျပင္ ေ႐ႊဆြဲႀကိဳး၊လက္ထပ္လက္စြပ္တို႔ကိုပါခြၽတ္ၿပီးလႉဒါန္းခဲ့ၾကတဲ့ ဝါဝါဝင္းေ႐ႊတို႔မိသားစု

ပရိသတ္ႀကီးေရ အကယ္ဒမီဝါဝါဝင္းေ႐ႊကေတာ့ ယေန႔အခ်ိန္ထိတိုင္ အ႐ြယ္တင္ႏုပ်ိဳၿပီး လန္းဆန္းတက္ႂကြေနတာျဖစ္ပါတယ္။အႏုပညာအလုပ္ေတြကိုလည္း လုပ္ကိုင္ေနႏိုင္ဆဲျဖစ္တဲ့ ဝါဝါဝင္းေ႐ႊက ပရိသတ္ေတြရဲ႕အခ်စ္မ်ားစြာကို သိမ္းပိုက္ထားႏိုင္ဆဲျဖစ္ပါတယ္ေနာ္။ဝါဝါဝင္းေ႐ႊက ေျမးမေလးႏွစ္ေယာက္ကိုလည္း အႏုပညာလမ္းေၾကာင္းေပၚလက္တြဲေခၚယူၿပီး ေသခ်ာသင္ၾကားေပးတာျဖစ္ပါတယ္။ဝါဝါ‌ဝင္းေ႐ႊက ခ်စ္သားသမီး၊ေျမးေတြနဲ႔အတူ ေပ်ာ္႐ႊင္႐ႊင္နဲ႔ေနထိုင္ေနတာျဖစ္ပါတယ္ေနာ္။

ဝါဝါဝင္းေ႐ႊရဲ႕သားေတြကလည္း မိခင္ကိုစိတ္ခ်မ္းသာေအာင္ထားေပးၿပီး အၿမဲေပ်ာ္စရာေတြသာဖန္တီးေပးေနတာျဖစ္ပါတယ္ေနာ္။ဝါဝါဝင္းေ႐ႊတို႔မိသားစုေလးက စည္းစည္းလုံးလုံးရွိၾကၿပီး အျပန္အလွန္ေဖးမကူညီၾကပါတယ္။လက္ရွိမွာဆိုရင္ေတာ့ ဝါဝါဝင္းေ႐ႊရဲ႕သားငယ္ေလး ဝါဇင္က မိသားစုနဲ႔အတူ စင္ကာပူမွာေနထိုင္ေနတာျဖစ္ပါတယ္။အခုဆိုရင္ေတာ့ ဝါဝါဝင္းေ႐ႊရဲ႕ တူေလးက ငယ္ငယ္တုန္းက ႀကဳံေတြ႕ခဲလွတဲ့ကုသိုလ္ထူးကို ပရိသတ္ေတြသိေအာင္ေျပာျပလာတာျဖစ္ပါတယ္ေနာ္။

ဝါဝါဝင္းေ႐ႊရဲ႕တူေလးက”ဘဝတစ္သက္တာမွာတစ္ခါသာႀကဳံခဲ့ရတဲ့ ကုသိုလ္တစ္ခုကို ကိုယ္တိုင္ ႀကဳံခဲ့ရပါတယ္ ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီး ရဲ႕စိန္ဖူးေတာ္ နဲ႔ထီးေတာ္တင္ပြဲႀကီးမွာ ဦးေလးျဖစ္သူက ဦးေဆာင္ၿပီး ကြၽန္ေတာ္ အပါအဝင္ ညီငယ္ ခ်စ္စု ညီငယ္သားထူး ညီငယ္သားေထြးတို႔နဲ႔ စိန္ဖူးေတာ္အထိကို တက္ေရာက္ပူေဇာ္ကန္ေတာ့ခြင့္ရခဲ့ပါတယ္။ စိန္ဖူးေတာ္ရဲ႕ ထိပ္ကို ေရာက္ရွိသြားတဲ့အခါမွေတာ့ ညီငယ္သားထူး (ဝါဇင္ ) က သူ႔လည္ပင္းမွာ ဝတ္ဆင္ထားတဲ့ ေ႐ႊဆြဲႀကိဳးကို ခ်က္ခ်င္း သဒၵါတရားေပါက္ခြၽတ္ လႉခဲ့ပါတယ္ ကြၽန္ေတာ္ကေတာ့ ကြၽန္‌ေတာ္တို႔ရဲ႕ မဂၤလာေဆာင္မွာ မဂၤလာလက္ထပ္လက္စြပ္အျဖစ္ ဦးေလးနဲ႔အေဒၚကိုယ္တိုင္ ခ်ီးျမႇင့္ေပးခဲ့တဲ့ ပတၱျမားလက္စြပ္ ႏွစ္ကြင္းကို ပူးတြဲ ဂေဟဆက္ၿပီး ကိုယ္တိုင္ ခ်ိတ္ဆြဲလႈဒါန္းခဲ့ပါတယ္ ဦးေလးနဲ႔ အေဒၚ မိသားစုကလည္း ေ႐ႊတိဂုံေစတီေတာ္ျမတ္ႀကီးအတြက္ ေ႐ႊပိသာခ်ိန္(ေလး ပိသာ)ကို ဆက္ကပ္လႉဒါန္းခဲ့ၿပီး ထီးေတာ္ စိန္ဖူးေတာ္မွ နတ္မင္းႀကီးေလးပါး ေ႐ႊ မ႑ိဳင္ ေတာ္ႀကီးကိုပါ လႉဒါန္းခဲ့ပါတယ္”ဆိုၿပီး ေရးသားမွ်ေဝလာတာျဖစ္ပါတယ္။

Source and Photo Credit:Ko Thet

credit – Myanmarload

Unicode

တစ်သက်မှာတစ်ခါသာကြုံရမယ့် ကုသိုလ်တစ်ခုမှာ ရွှေလေးပိသာအပြင် ရွှေဆွဲကြိုး၊လက်ထပ်လက်စွပ်တို့ကိုပါချွတ်ပြီးလှူဒါန်းခဲ့ကြတဲ့ ဝါဝါဝင်းရွှေတို့မိသားစု

ပရိသတ်ကြီးရေ အကယ်ဒမီဝါဝါဝင်းရွှေကတော့ ယနေ့အချိန်ထိတိုင် အရွယ်တင်နုပျိုပြီး လန်းဆန်းတက်ကြွနေတာဖြစ်ပါတယ်။အနုပညာအလုပ်တွေကိုလည်း လုပ်ကိုင်နေနိုင်ဆဲဖြစ်တဲ့ ဝါဝါဝင်းရွှေက ပရိသတ်တွေရဲ့အချစ်များစွာကို သိမ်းပိုက်ထားနိုင်ဆဲဖြစ်ပါတယ်နော်။ဝါဝါဝင်းရွှေက မြေးမလေးနှစ်ယောက်ကိုလည်း အနုပညာလမ်းကြောင်းပေါ်လက်တွဲခေါ်ယူပြီး သေချာသင်ကြားပေးတာဖြစ်ပါတယ်။ဝါဝါ‌ဝင်းရွှေက ချစ်သားသမီး၊မြေးတွေနဲ့အတူ ပျော်ရွှင်ရွှင်နဲ့နေထိုင်နေတာဖြစ်ပါတယ်နော်။

ဝါဝါဝင်းရွှေရဲ့သားတွေကလည်း မိခင်ကိုစိတ်ချမ်းသာအောင်ထားပေးပြီး အမြဲပျော်စရာတွေသာဖန်တီးပေးနေတာဖြစ်ပါတယ်နော်။ဝါဝါဝင်းရွှေတို့မိသားစုလေးက စည်းစည်းလုံးလုံးရှိကြပြီး အပြန်အလှန်ဖေးမကူညီကြပါတယ်။လက်ရှိမှာဆိုရင်တော့ ဝါဝါဝင်းရွှေရဲ့သားငယ်လေး ဝါဇင်က မိသားစုနဲ့အတူ စင်ကာပူမှာနေထိုင်နေတာဖြစ်ပါတယ်။အခုဆိုရင်တော့ ဝါဝါဝင်းရွှေရဲ့ တူလေးက ငယ်ငယ်တုန်းက ကြုံတွေ့ခဲလှတဲ့ကုသိုလ်ထူးကို ပရိသတ်တွေသိအောင်ပြောပြလာတာဖြစ်ပါတယ်နော်။

ဝါဝါဝင်းရွှေရဲ့တူလေးက”ဘဝတစ်သက်တာမှာတစ်ခါသာကြုံခဲ့ရတဲ့ ကုသိုလ်တစ်ခုကို ကိုယ်တိုင် ကြုံခဲ့ရပါတယ် ရွှေတိဂုံစေတီတော်မြတ်ကြီး ရဲ့စိန်ဖူးတော် နဲ့ထီးတော်တင်ပွဲကြီးမှာ ဦးလေးဖြစ်သူက ဦးဆောင်ပြီး ကျွန်တော် အပါအဝင် ညီငယ် ချစ်စု ညီငယ်သားထူး ညီငယ်သားထွေးတို့နဲ့ စိန်ဖူးတော်အထိကို တက်ရောက်ပူဇော်ကန်တော့ခွင့်ရခဲ့ပါတယ်။ စိန်ဖူးတော်ရဲ့ ထိပ်ကို ရောက်ရှိသွားတဲ့အခါမှတော့ ညီငယ်သားထူး (ဝါဇင် ) က သူ့လည်ပင်းမှာ ဝတ်ဆင်ထားတဲ့ ရွှေဆွဲကြိုးကို ချက်ချင်း သဒ္ဒါတရားပေါက်ချွတ် လှူခဲ့ပါတယ် ကျွန်တော်ကတော့ ကျွန်‌တော်တို့ရဲ့ မင်္ဂလာဆောင်မှာ မင်္ဂလာလက်ထပ်လက်စွပ်အဖြစ် ဦးလေးနဲ့အဒေါ်ကိုယ်တိုင် ချီးမြှင့်ပေးခဲ့တဲ့ ပတ္တမြားလက်စွပ် နှစ်ကွင်းကို ပူးတွဲ ဂဟေဆက်ပြီး ကိုယ်တိုင် ချိတ်ဆွဲလှုဒါန်းခဲ့ပါတယ် ဦးလေးနဲ့ အဒေါ် မိသားစုကလည်း ရွှေတိဂုံစေတီတော်မြတ်ကြီးအတွက် ရွှေပိသာချိန်(လေး ပိသာ)ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ထီးတော် စိန်ဖူးတော်မှ နတ်မင်းကြီးလေးပါး ရွှေ မဏ္ဍိုင် တော်ကြီးကိုပါ လှူဒါန်းခဲ့ပါတယ်”ဆိုပြီး ရေးသားမျှဝေလာတာဖြစ်ပါတယ်။

Source and Photo Credit:Ko Thet

credit – Myanmarload

  • Leave a Comment

Categories