မိခင္စြန႔္ပစ္ျခင္းကိုခံခဲ့ရေပမယ့္ တစ္ဘဝစာတြယ္တာရမယ့္သူကို ေတြ႕သြားတဲ့က်ားေလး

မိတ္ေဆြသူငယ္ခ်င္းဆိုတာ အသက္အ႐ြယ္ လူမ်ိဳး မ်ိဳးႏြယ္စု ဘာသာေရး စတဲ့ကန႔္သတ္ခ်က္ေတြနဲ႔ တူညီကာမွ ေပါင္းသင္းဆက္ဆံလို႔ရႏိုင္တဲ့ ဆက္ဆံေရးမဟုတ္ပါဘူး။ မတူညီကြဲျပားမႈေတြေၾကာင့္ တခ်ိဳ႕အရာေတြ ပ်က္ဆီးႏိုင္ေပမယ့္ သူငယ္ခ်င္းဆက္ဆံေရးကေတာ့ ကြဲျပားမႈေတြကို နင္းေျခႏိုင္ပါတယ္။

လူသားေတြတင္မဟုတ္ဘဲ တိရိစၱာန္ေလးေတြမွာလည္း သံေယာဇာဥ္ကိုယ္စီ ရွိတတ္ၾကပါတယ္။ မ်ိဳးမတူတဲ့အေကာင္ေလးေတြျဖစ္ေနေပမယ့္လည္း အၿမဲတမ္းတပူးပူးတတြဲတြဲရွိေနတတ္တဲ့ က်ားေလးနဲ႔ေခြးေလးကို ၾကည့္ၾကပါဦး။

က်ားေလးရဲ႕နာမည္ကေတာ့ Hunter ျဖစ္ၿပီး (၃) ပတ္ပိုေစာေမြးလာတဲ့ ေခြးေလးကေတာ့ Chelsea လို႔ေခၚပါတယ္။ Hunter ေလးဟာ ေတာင္အာဖရိက၊ Farm Inn Wildlife မွာ ေမြးဖြားခဲ့တဲ့ Hunter ေလးဟာ ေလာကထဲစစေရာက္လာထဲ့အခ်ိန္မွာပဲ မိခင္ရဲ႕ အသိအမွတ္ျပဳျခင္းကို မခံခဲ့ရပါဘူး။

ၾကမ္းတမ္းတဲ့အမူအရာေတြျပကာ ဆက္ဆံေနတာေၾကာင့္ အသက္ေဘးမေတြ႕ေစရန္ သီးသန႔္ခြဲပစ္ခဲ့ရပါတယ္။ ဒါေၾကာင့္ အသက္ (၂၂) ႏွစ္အ႐ြယ္ Anthea Michaletos က Pretoria မွာရွိတဲ့ ေတာ႐ိုင္းတိရိစၱာန္သီးသန႔္ေစာင့္ေရွာက္ရာနယ္ေျမမွာ ေခၚေမြးခဲ့ပါတယ္။

Hunter ေလးနဲ႔ တစ္လေတာင္မကြာပဲ ေမြးလာခဲ့တဲ့ ေခြးေလး Chelsea ဟာလည္း အဲဒီေနရာမွာရွိေနပါတယ္။ သူတို႔ႏွစ္ေယာက္ဟာ မထင္မွတ္ထားဘဲ ေတြ႕ၿပီးေနာက္ပိုင္းမွာေတာ့ ခြဲမရေအာင္ သံေယာဇဥ္ေတြတြယ္ခဲ့ၾကတာပါ။

အခ်ိန္တိုင္းလိုလိုအတူတူေဆာ့ေနတဲ့ သူတို႔ႏွစ္ေယာက္ကို ျမင္သူတိုင္းစိတ္ကို အရည္ေပ်ာ္ေစမွာပါ။ Chelsea ကို ေလွာင္အိမ္ထဲကလႊတ္လိုက္တာနဲ႔ Hunter ဆီကို ေျပးေျပးသြားကာ ႏႈတ္ဆက္တတ္ပါေသးတယ္။ အတူတူေဆာ့တဲ့အခ်ိန္မွာေတာ့ ေျပးတမ္းလိုက္တမ္းနဲ႔ နပန္းလုံးတမ္းတို႔ကို ေဆာ့ေလ့ရွိပါတယ္။

Hunter က အငယ္ဆိုေတာ့ တစ္ခါတစ္ေလဆိုးခ်င္တဲ့အခ်ိန္ေတြမွာလည္း Chelsea တစ္ေကာင္ေဗြမယူခဲ့ပါဘူး။ က်ားေလးဟာ အခုမွေမြးကင္းစျဖစ္တာေၾကာင့္ အျခားေသာတိရိစၱာန္မ်ားကို ရန္မမူဘဲဘယ္လိုမ်ိဳးထိုက္သင့္ေလ်ာက္ပတ္ေအာင္ ေနရမလဲဆိုတာကို သင္ေပးလို႔ ရပါေသးတယ္။ ဒါေၾကာင့္ Chelsea နဲ႔အေနမ်ားတဲ့ Hunter ဟာ တစ္ခါတစ္ေလက်ားနဲ႔မတူဘဲ ေခြးေပါက္ေလးနဲ႔ေတာင္ တူေနတတ္ပါေသးတယ္။

သူ႔သူငယ္ခ်င္း Chelsea ကိုပဲ ခင္တြယ္တာမဟုတ္ပါဘူး။ သခင္လို႔မွတ္ယူထားတဲ့ Anthea ကိုလည္း အရမ္းခြၽဲတတ္ပါတယ္။ အေကာင္ငယ္စဥ္သာ ဒီေစာင့္ေရွာက္ေရးမွာ ေမြးထားလို႔ရေပမယ့္ Hunter (၆) လျပည့္တဲ့အခါမွာေတာ့ အျခားအေကာင္ႀကီးထိန္းသိမ္းေရးကို ပို႔ေဆာင္ရမွာပဲျဖစ္ပါတယ္။ အေကာင္ႀကီးလာတာနဲ႔အမွ် အ႐ိုင္းစိတ္ေတြဝင္ၿပီး Chelsea ကို တိုက္ခိုက္ႏိုင္တာေၾကာင့္ အခုလိုဆုံးျဖတ္ရတာလို႔ေျပာပါတယ္။

Unicode

မိခင်စွန့်ပစ်ခြင်းကိုခံခဲ့ရပေမယ့် တစ်ဘဝစာတွယ်တာရမယ့်သူကို တွေ့သွားတဲ့ကျားလေး

မိတ်ဆွေသူငယ်ချင်းဆိုတာ အသက်အရွယ် လူမျိုး မျိုးနွယ်စု ဘာသာရေး စတဲ့ကန့်သတ်ချက်တွေနဲ့ တူညီကာမှ ပေါင်းသင်းဆက်ဆံလို့ရနိုင်တဲ့ ဆက်ဆံရေးမဟုတ်ပါဘူး။ မတူညီကွဲပြားမှုတွေကြောင့် တချို့အရာတွေ ပျက်ဆီးနိုင်ပေမယ့် သူငယ်ချင်းဆက်ဆံရေးကတော့ ကွဲပြားမှုတွေကို နင်းခြေနိုင်ပါတယ်။

လူသားတွေတင်မဟုတ်ဘဲ တိရိစ္တာန်လေးတွေမှာလည်း သံယောဇာဉ်ကိုယ်စီ ရှိတတ်ကြပါတယ်။ မျိုးမတူတဲ့အကောင်လေးတွေဖြစ်နေပေမယ့်လည်း အမြဲတမ်းတပူးပူးတတွဲတွဲရှိနေတတ်တဲ့ ကျားလေးနဲ့ခွေးလေးကို ကြည့်ကြပါဦး။

ကျားလေးရဲ့နာမည်ကတော့ Hunter ဖြစ်ပြီး (၃) ပတ်ပိုစောမွေးလာတဲ့ ခွေးလေးကတော့ Chelsea လို့ခေါ်ပါတယ်။ Hunter လေးဟာ တောင်အာဖရိက၊ Farm Inn Wildlife မှာ မွေးဖွားခဲ့တဲ့ Hunter လေးဟာ လောကထဲစစရောက်လာထဲ့အချိန်မှာပဲ မိခင်ရဲ့ အသိအမှတ်ပြုခြင်းကို မခံခဲ့ရပါဘူး။

ကြမ်းတမ်းတဲ့အမူအရာတွေပြကာ ဆက်ဆံနေတာကြောင့် အသက်ဘေးမတွေ့စေရန် သီးသန့်ခွဲပစ်ခဲ့ရပါတယ်။ ဒါကြောင့် အသက် (၂၂) နှစ်အရွယ် Anthea Michaletos က Pretoria မှာရှိတဲ့ တောရိုင်းတိရိစ္တာန်သီးသန့်စောင့်ရှောက်ရာနယ်မြေမှာ ခေါ်မွေးခဲ့ပါတယ်။

Hunter လေးနဲ့ တစ်လတောင်မကွာပဲ မွေးလာခဲ့တဲ့ ခွေးလေး Chelsea ဟာလည်း အဲဒီနေရာမှာရှိနေပါတယ်။ သူတို့နှစ်ယောက်ဟာ မထင်မှတ်ထားဘဲ တွေ့ပြီးနောက်ပိုင်းမှာတော့ ခွဲမရအောင် သံယောဇဉ်တွေတွယ်ခဲ့ကြတာပါ။

အချိန်တိုင်းလိုလိုအတူတူဆော့နေတဲ့ သူတို့နှစ်ယောက်ကို မြင်သူတိုင်းစိတ်ကို အရည်ပျော်စေမှာပါ။ Chelsea ကို လှောင်အိမ်ထဲကလွှတ်လိုက်တာနဲ့ Hunter ဆီကို ပြေးပြေးသွားကာ နှုတ်ဆက်တတ်ပါသေးတယ်။ အတူတူဆော့တဲ့အချိန်မှာတော့ ပြေးတမ်းလိုက်တမ်းနဲ့ နပန်းလုံးတမ်းတို့ကို ဆော့လေ့ရှိပါတယ်။

Hunter က အငယ်ဆိုတော့ တစ်ခါတစ်လေဆိုးချင်တဲ့အချိန်တွေမှာလည်း Chelsea တစ်ကောင်ဗွေမယူခဲ့ပါဘူး။ ကျားလေးဟာ အခုမှမွေးကင်းစဖြစ်တာကြောင့် အခြားသောတိရိစ္တာန်များကို ရန်မမူဘဲဘယ်လိုမျိုးထိုက်သင့်လျောက်ပတ်အောင် နေရမလဲဆိုတာကို သင်ပေးလို့ ရပါသေးတယ်။ ဒါကြောင့် Chelsea နဲ့အနေများတဲ့ Hunter ဟာ တစ်ခါတစ်လေကျားနဲ့မတူဘဲ ခွေးပေါက်လေးနဲ့တောင် တူနေတတ်ပါသေးတယ်။

သူ့သူငယ်ချင်း Chelsea ကိုပဲ ခင်တွယ်တာမဟုတ်ပါဘူး။ သခင်လို့မှတ်ယူထားတဲ့ Anthea ကိုလည်း အရမ်းချွဲတတ်ပါတယ်။ အကောင်ငယ်စဉ်သာ ဒီစောင့်ရှောက်ရေးမှာ မွေးထားလို့ရပေမယ့် Hunter (၆) လပြည့်တဲ့အခါမှာတော့ အခြားအကောင်ကြီးထိန်းသိမ်းရေးကို ပို့ဆောင်ရမှာပဲဖြစ်ပါတယ်။ အကောင်ကြီးလာတာနဲ့အမျှ အရိုင်းစိတ်တွေဝင်ပြီး Chelsea ကို တိုက်ခိုက်နိုင်တာကြောင့် အခုလိုဆုံးဖြတ်ရတာလို့ပြောပါတယ်။

  • Leave a Comment

Categories