သူ႔ကိုအေနာက္ကေန ႐ုတ္တရက္လွမ္းဖက္ၿပီး စေနာက္လိုက္တဲ့ မထက္ရဲ႕ခ်စ္စဖြယ္အမူအရာေလးေၾကာင့္ သေဘာက်ေပ်ာ္႐ႊင္ခဲ့ရတဲ့ေမဦးရဲ႕ဗီဒီယို

မိတ္ကပ္ပညာရွင္ ေမဦးကေတာ့ နာမည္တစ္လုံးနဲ႔ ရပ္တည္လာခဲ့တာဆိုရင္ မသိသူမရွိေလာက္ေအာင္ ေအာင္ျမင္ေနၿပီပဲ ျဖစ္ပါတယ္ ။ ေမဦးရဲ႕လက္ရာက အရမ္းကိုေသသပ္ၿပီး လွပလြန္းတာေၾကာင့္ သူနဲ႔အလွျပင္တဲ့သူတိုင္းက သေဘာက်ႏွစ္သက္ၾကတာ ျဖစ္ပါတယ္ ။ ဒိတ္ဒိတ္ႀကဲအႏုပညာရွင္ေတြကိုလည္း ျပင္ဆင္ျခယ္သေပးရတဲ့ေမဦးက ေပါင္းသင္းဆက္ဆံေရးေကာင္းၿပီး ေဖာ္ေ႐ြတာေၾကာင့္ အားလုံးနဲ႔ခင္မင္ရင္းႏွီးေနတာ ျဖစ္ပါတယ္ ။

ေမဦးက ထက္ထက္မိုးဦး၊ အိျႏၵာေက်ာ္ဇင္၊ ဝတ္မႈံေ႐ႊရည္၊ေနျခည္ဦးတို႔ကိုဆိုရင္ အၿမဲတမ္းတာဝန္ယူေပးရၿပီး အလွဆုံးျဖစ္ေအာင္ ျပင္ဆင္ေပးတတ္တာ ျဖစ္ပါတယ္ ။ အခုလည္း ေမဦးက ျပည္သူ႔အခ်စ္ေတာ္ မင္းသမီးေခ်ာထက္ထက္မိုးဦးကို မိတ္ကပ္ျပင္ေပးရင္းနဲ႔ အမွတ္တရဗီဒီယိုေလးတစ္ခု႐ိုက္ကူးခဲ့တာ ျဖစ္ပါတယ္ ။ ဗီဒီယို႐ိုက္ဖို႔ ဆံပင္ျပင္ေပးၿပီး လွည့္အထြက္မွာ မထက္က ႐ုတ္တရက္လွမ္းဖက္လိုက္တာေၾကာင့္ ေမဦးတစ္ေယာက္ သေဘာက်ရယ္ေမာရင္း ေပ်ာ္ခဲ့ရတာပဲ ျဖစ္ပါတယ္ ။

ေမဦးက “မထက္ဆံပင္လုပ္ေပးေနတာေလးကို ဟန္ေဆာင္ၿပီး pose ေပးလိုက္မယ္လို႔ေျပာၿပီး ေနာက္ခ်လိုက္တာ အရမ္းခ်စ္ဖို႔ေကာင္းေနေသာမထက္” ဆိုၿပီး ဗီဒီယိုေလးကို တင္ထားတာ ျဖစ္ပါတယ္ ။ မထက္ရဲ႕ခ်စ္စရာေကာင္းတဲ့ အျပဳအမူေလးကို ေမဦးတစ္ေယာက္ သေဘာေတြက်ၿပီး ဟန္ေဆာင္မႈကင္းကင္းနဲ႔ ရယ္ေမာေနတာပဲ ျဖစ္ပါတယ္ ။ ကဲ ခ်စ္ပရိသတ္ေတြအတြက္ ထက္ထက္မိုးဦးနဲ႔ ေမဦးတို႔ရဲ႕ၾကည္ႏူးစရာဗီဒီယိုေလးကို ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္ ။

Source and Video Credit-May Oo

credit – Myanmarload

Unicode

သူ့ကိုအနောက်ကနေ ရုတ်တရက်လှမ်းဖက်ပြီး စနောက်လိုက်တဲ့ မထက်ရဲ့ချစ်စဖွယ်အမူအရာလေးကြောင့် သဘောကျပျော်ရွှင်ခဲ့ရတဲ့မေဦးရဲ့ဗီဒီယို

မိတ်ကပ်ပညာရှင် မေဦးကတော့ နာမည်တစ်လုံးနဲ့ ရပ်တည်လာခဲ့တာဆိုရင် မသိသူမရှိလောက်အောင် အောင်မြင်နေပြီပဲ ဖြစ်ပါတယ် ။ မေဦးရဲ့လက်ရာက အရမ်းကိုသေသပ်ပြီး လှပလွန်းတာကြောင့် သူနဲ့အလှပြင်တဲ့သူတိုင်းက သဘောကျနှစ်သက်ကြတာ ဖြစ်ပါတယ် ။ ဒိတ်ဒိတ်ကြဲအနုပညာရှင်တွေကိုလည်း ပြင်ဆင်ခြယ်သပေးရတဲ့မေဦးက ပေါင်းသင်းဆက်ဆံရေးကောင်းပြီး ဖော်ရွေတာကြောင့် အားလုံးနဲ့ခင်မင်ရင်းနှီးနေတာ ဖြစ်ပါတယ် ။

မေဦးက ထက်ထက်မိုးဦး၊ အိန္ဒြာကျော်ဇင်၊ ဝတ်မှုံရွှေရည်၊နေခြည်ဦးတို့ကိုဆိုရင် အမြဲတမ်းတာဝန်ယူပေးရပြီး အလှဆုံးဖြစ်အောင် ပြင်ဆင်ပေးတတ်တာ ဖြစ်ပါတယ် ။ အခုလည်း မေဦးက ပြည်သူ့အချစ်တော် မင်းသမီးချောထက်ထက်မိုးဦးကို မိတ်ကပ်ပြင်ပေးရင်းနဲ့ အမှတ်တရဗီဒီယိုလေးတစ်ခုရိုက်ကူးခဲ့တာ ဖြစ်ပါတယ် ။ ဗီဒီယိုရိုက်ဖို့ ဆံပင်ပြင်ပေးပြီး လှည့်အထွက်မှာ မထက်က ရုတ်တရက်လှမ်းဖက်လိုက်တာကြောင့် မေဦးတစ်ယောက် သဘောကျရယ်မောရင်း ပျော်ခဲ့ရတာပဲ ဖြစ်ပါတယ် ။

မေဦးက “မထက်ဆံပင်လုပ်ပေးနေတာလေးကို ဟန်ဆောင်ပြီး pose ပေးလိုက်မယ်လို့ပြောပြီး နောက်ချလိုက်တာ အရမ်းချစ်ဖို့ကောင်းနေသောမထက်” ဆိုပြီး ဗီဒီယိုလေးကို တင်ထားတာ ဖြစ်ပါတယ် ။ မထက်ရဲ့ချစ်စရာကောင်းတဲ့ အပြုအမူလေးကို မေဦးတစ်ယောက် သဘောတွေကျပြီး ဟန်ဆောင်မှုကင်းကင်းနဲ့ ရယ်မောနေတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ထက်ထက်မိုးဦးနဲ့ မေဦးတို့ရဲ့ကြည်နူးစရာဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source and Video Credit-May Oo

credit – Myanmarload

  • Leave a Comment

Categories