




credit – Myanmarload

Unicode

မအေးသောင်းပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် အိပ်နေရာကနေ ချက်ချင်းထပြီး သူ့ကိုယ်သူကြည့်ကာ သဘောကျနေတဲ့ မြင့်မြတ်ရဲ့ဗီဒီယို

မင်းသားချောလေး မြင့်မြတ်ကတော့ စိတ်သဘောထားကောင်းပြီး အားလုံးအပေါ်မှာ ရင်းနှီးဖော်ရွေစွာ ဆက်ဆံတတ်တာ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း မြင့်မြတ်က ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကို ခံယူရရှိထားပြီး အနုပညာလောကမှာရော အပြင်မှာပါ လူချစ်လူခင်ပေါများနေတာ ဖြစ်ပါတယ် ။ မြင့်မြတ်က ချောမောလှပတဲ့ဇနီးချောလေးနဲ့အတူ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကိုပါ ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ မိသားစုကိုအရမ်းတန်ဖိုးထားတဲ့ မြင့်မြတ်က အိမ်ထောင်ဦးစီးကောင်းပီသစွာ စောင့်ရှောက်မှုတွေပေးနေတာလည်း ဖြစ်ပါတယ် ။

မြင့်မြတ်ရဲ့ချစ်ဇနီးက အခုဆိုရင် ဒုတိယမြောက်ရင်သွေးလေးကို ကိုယ်ဝန်လွယ်ထားရပြီဖြစ်တာကြောင့် သူ့အနေနဲ့ အလုပ်တွေကို အရင်ကထက်ပိုကြိုးစားပြီး လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။ ဒါကြောင့် မြင့်မြတ်က သူ့ရဲ့ချစ်သူငယ်ချင်းတွေနဲ့အတူ Live Sale တွေရောင်းချနေသလို ကြော်ငြာတွေလည်း မနားတမ်း လက်ခံရိုက်ကူးနေရတာ ဖြစ်ပါတယ် ။ လက်ရှိမှာ မြင့်မြတ်က မင်းသမီးချော မအေးသောင်းနဲ့အတူ ရိုက်ကူးရေးတစ်ခု ပြုလုပ်နေတာ ဖြစ်ပါတယ် ။ မအေးသောင်းကလည်း မြင့်မြတ်နဲ့လှုပ်ရှားမှုတွေကို ဆက်တိုက်မျှဝေပေးနေတာ ဖြစ်ပါတယ် ။

အနုပညာအလုပ်တွေကို အတူလုပ်ကိုင်ရင်း ခင်မင်ရင်းနှီးနေတဲ့ မြင့်မြတ်နဲ့ မအေးသောင်းတို့အနုပညာမောင်နှမကတော့ ရှုတင်မှာ ပျော်နေကြတာ ဖြစ်ပါတယ် ။ အခုလည်း မအေးသောင်းက အိပ်ရာပေါ်မှာလဲပြီး အနားယူနေတဲ့မြင့်မြတ်ကို နှုတ်ခမ်းနီတွေနဲ့ဆိုပြီး စနောက်လိုက်တာ ဖြစ်ပါတယ် ။ မြင့်မြတ်ကလည်း မအေးသောင်းရဲ့စကားကြောင့် ချက်ချင်းထလိုက်ပြီး သူ့ကိုယ်သူကြည့်ကာ သဘောကျနေတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် မြင့်မြတ်နဲ့ မအေးသောင်းတို့ရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source and Video Credit-Aye Thaung

credit – Myanmarload

  • Leave a Comment

Categories