ကိုဗစ္ကာကြယ္ေဆးဝယ္ယူရရွိႏိုင္ေရး ရန္ပုံေငြအတြက္ ေငြက်ပ္ သိန္းႏွစ္ရာကို ရက္ရက္ေရာေရာလႉလိုက္တဲ့ ခိုင္သင္းၾကည္

ထပ္ဆင့္အကယ္ဒမီခိုင္သင္းၾကည္ကေတာ့ အႏုပညာအလုပ္ေတြကိုဟိုးအရင္ကတည္းကလုပ္ေဆာင္ခဲ့တာျဖစ္ၿပီး ပရိသတ္ေတြရဲ႕အားေပးခ်စ္ခင္မႈေတြကိုလည္း ရရွိထားတာျဖစ္ပါတယ္။မခိုင္ေလးက ေပ်ာ္႐ႊင္စရာမိသားစုဘဝေလးကိုလည္း ပိုင္ဆိုင္ထားၿပီး ဆယ္ေက်ာ္သက္အ႐ြယ္သမီးေလးတစ္ေယာက္လည္းရွိလို႔ သူမအတြက္အေဖာ္ရေနတာျဖစ္ပါတယ္။

မခိုင္ေလးအေနနဲ႔ သမီးေလးတစ္ေယာက္ ပိုင္ဆိုင္ထားတဲ့ ကေလးတစ္ေယာက္မိခင္ျဖစ္ေပမယ့္လည္း သူမရဲ႕အ႐ြယ္တင္ႏုပ်ိဳမႈက အံ့အားသင့္ေလာက္ေအာင္ပဲ ျဖစ္ပါတယ္။ မခိုင္ေလးက က်န္းမာေရးလိုက္စားသူျဖစ္တာေၾကာင့္ ခႏၶာကိုယ္ေလးကလည္း အဆီပိုမရွိဘဲ က်စ္လစ္လွပေနတာပါ ။

အလႉအတန္းေတြဆိုရင္လည္း မိသားစုလိုက္ စိတ္တူကိုယ္တူအၿမဲျပဳလုပ္ေလ့ရွိရာ အခုလည္း ကိုဗစ္ကာကြယ္ေဆးဝယ္ယူရရွိေရး ရန္ပုံေငြအတြက္ ခ်စ္ရတဲ့ေဖေဖနဲ႔အတူ ေငြက်ပ္သိန္းႏွစ္ရာကို ရက္ရက္ေရာေရာ လႉဒါန္းခဲ့ေၾကာင္းကို ပုံေလးနဲ႔အတူ ” ကိုဗစ္ကာကြယ္ေဆးအလႉေလးပါရွင့္မခိုင္ေလးအေဖမွသိန္းတစ္ရာ မခိုင္ေလးမိသားစုမွသိန္းတစ္ရာလႉဒါန္းပါတယ္ ျမန္မာႏိုင္ငံႀကီးႏွင့္ကမာၻႀကီးကိုဗစ္ေရာဂါအျမန္ဆုံးကင္းစင္ပေပ်ာက္ပါေစ” ဆိုတဲ့စာေလးကိုေဝမွ်ထားရာ ပရိသတ္ႀကီးလည္း သာဓုေခၚႏိုင္ေစရန္ မွ်ေဝေပးလိုက္ပါတယ္ ။

Source and Photo Credit : Khine Thin Kyi

credit – Myanmarload

Unicode

ကိုဗစ်ကာကွယ်ဆေးဝယ်ယူရရှိနိုင်ရေး ရန်ပုံငွေအတွက် ငွေကျပ် သိန်းနှစ်ရာကို ရက်ရက်ရောရောလှူလိုက်တဲ့ ခိုင်သင်းကြည်

ထပ်ဆင့်အကယ်ဒမီခိုင်သင်းကြည်ကတော့ အနုပညာအလုပ်တွေကိုဟိုးအရင်ကတည်းကလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကိုလည်း ရရှိထားတာဖြစ်ပါတယ်။မခိုင်လေးက ပျော်ရွှင်စရာမိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ထားပြီး ဆယ်ကျော်သက်အရွယ်သမီးလေးတစ်ယောက်လည်းရှိလို့ သူမအတွက်အဖော်ရနေတာဖြစ်ပါတယ်။

မခိုင်လေးအနေနဲ့ သမီးလေးတစ်ယောက် ပိုင်ဆိုင်ထားတဲ့ ကလေးတစ်ယောက်မိခင်ဖြစ်ပေမယ့်လည်း သူမရဲ့အရွယ်တင်နုပျိုမှုက အံ့အားသင့်လောက်အောင်ပဲ ဖြစ်ပါတယ်။ မခိုင်လေးက ကျန်းမာရေးလိုက်စားသူဖြစ်တာကြောင့် ခန္ဓာကိုယ်လေးကလည်း အဆီပိုမရှိဘဲ ကျစ်လစ်လှပနေတာပါ ။

အလှူအတန်းတွေဆိုရင်လည်း မိသားစုလိုက် စိတ်တူကိုယ်တူအမြဲပြုလုပ်လေ့ရှိရာ အခုလည်း ကိုဗစ်ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေအတွက် ချစ်ရတဲ့ဖေဖေနဲ့အတူ ငွေကျပ်သိန်းနှစ်ရာကို ရက်ရက်ရောရော လှူဒါန်းခဲ့ကြောင်းကို ပုံလေးနဲ့အတူ ” ကိုဗစ်ကာကွယ်ဆေးအလှူလေးပါရှင့်မခိုင်လေးအဖေမှသိန်းတစ်ရာ မခိုင်လေးမိသားစုမှသိန်းတစ်ရာလှူဒါန်းပါတယ် မြန်မာနိုင်ငံကြီးနှင့်ကမ္ဘာကြီးကိုဗစ်ရောဂါအမြန်ဆုံးကင်းစင်ပပျောက်ပါစေ” ဆိုတဲ့စာလေးကိုဝေမျှထားရာ ပရိသတ်ကြီးလည်း သာဓုခေါ်နိုင်စေရန် မျှဝေပေးလိုက်ပါတယ် ။

Source and Photo Credit : Khine Thin Kyi

credit – Myanmarload

  • Leave a Comment

Categories