




credit – Myanmarload

Unicode

(၁၀)နှစ်ပြည့်မွေးနေ့လေးမှာ ဘွားဘွားဆီကနေ သိန်းချီတန်တဲ့လည်ဆွဲကြီးကိုလက်ဆောင်ရလိုက်လို့ အရမ်းပျော်သွားခဲ့ရတဲ့ စစ်လွန်းဝတီထက်

ပရိသတ်ကြီးရေ သရုပ်ဆောင်၊အဆိုတော်စိုင်းလွှမ်းကတော့ သမီးချောလေး စစ်လွန်းဝတီထက်ကို အရွယ်ရောက်လာတဲ့အထိ နွေးထွေးစွာစောင့်ရှောက်ပေးနေတာဖြစ်ပါတယ်။စိုင်းလွှမ်းက လက်ရှိမှာလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်လျက်ရှိပြီး သမီးလေးရဲ့အနာဂတ်လှပဖို့အတွက် အလုပ်တွေအရမ်းကြိုးစားတဲ့ဖခင်ကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။စိုင်းလွှမ်းတို့သားအ‌ဖနှစ်ယောက်က အပြန်အလှန်မေတ္တာတွေပေးရင်း ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းနေကြတာဖြစ်ပါတယ်။

စိုင်းလွှမ်းက သမီးလေးစစ်လွန်းဝတီထက်ကို သေချာဆုံးမသင်ကြားပေးတာကြောင့် ကလေးလေးကလည်း လိမ္မာရေးခြားအပြည့်ရှိပါတယ်နော်။စစ်လွန်းဝတီထက်လေးက ဖေဖေ့ကို တတ်နိုင်သလောက်ကူညီပေးပြီး အမြဲစိတ်ချမ်းသာအောင်ထားပေးတာဖြစ်ပါတယ်။စစ်လွန်းလေးကတော့ တဖြည်းဖြည်းနဲ့အရွယ်ရောက်လာပြီဖြစ်လို့ အရမ်းချစ်စရာကောင်းလာပြီး ဖေဖေနဲ့ချွတ်စွပ်တူတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်နော်။ပရိသတ်တွေကတော့ စစ်လွန်းတို့သားအဖနှစ်ယောက်လုံးကို အရမ်းချစ်ကြလို့ အမြဲအားပေးနေကြတာဖြစ်ပါတယ်။

ဒီနေ့လေးမှာဆိုရင်တော့ စစ်လွန်းဝတီထက်လေးက (၁၀)နှစ်ပြည့်သွားခဲ့ပြီဖြစ်ပါတယ်နော်။စစ်လွန်းလေးက သူ့ရဲ့(၁၀)နှစ်ပြည့်မွေးနေ့လေးမှာ ဖေဖေ၊ဘိုးဘိုး၊ဘွားဘွားတို့နဲ့ ပျော်ရွှင်စွာဖြတ်သန်းခဲ့တာဖြစ်ပါတယ်။စစ်လွန်းဝတီထက်ကတော့ ဘွားဘွားဆီကနေ တန်ဖိုးကြီးလည်ဆွဲတစ်ခုကို လက်ဆောင်ရလိုက်လို့အရမ်းပျော်ရွှင်နေတာဖြစ်ပါတယ်။စိုင်းလွှမ်းကလည်း လက်ဆောင်ရလို့အရမ်းပျော်ရွှင်နေတဲ့သမီးလေးကိုကြည့်ပြီး ပီတိဖြစ်လွန်းလို့ ပုံရိပ်လေး‌ကို မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။

Source and Photo Credit:Sai Hlwan

credit – Myanmarload

  • Leave a Comment

Categories