အရမ္းေခ်ာၿပီး ပိုခ်စ္ဖို႔ေကာင္းလာတဲ့ သမီးေလးရဲ႕ေမြးေန႔မွာ လိုခ်င္တာေလးကိုျဖည့္ဆည္းရင္း ေပ်ာ္ေအာင္ထားေပးလိုက္တဲ့ ေဖေဖစိုင္းလႊမ္း

ဒီေန႔ ဇန္နဝါရီလ (၁၁) ရက္ေန႔ေလးကေတာ့ ပရိသတ္ေတြအရမ္းခ်စ္ရတဲ့ သမီးေလးစစ္လြန္းဝတီထက္ရဲ႕ ေမြးေန႔ရက္ျမတ္ေလးပဲ ျဖစ္ပါတယ္ ။ အသက္တစ္ႏွစ္တိုးၿပီး တျဖည္းျဖည္းနဲ႔ အ႐ြယ္ေရာက္လာၿပီျဖစ္တဲ့ စစ္လြန္းဝတီထက္ေလးက အရမ္းေခ်ာၿပီး အရင္ကထက္ေတာင္ ပိုခ်စ္ဖို႔ေကာင္းလာတာပဲ ျဖစ္ပါတယ္ ။ ခ်စ္ေမြးပါတဲ့ စစ္လြန္းေလးက မ်က္ႏွာျမင္ခ်စ္ခင္ပါေစဆိုတဲ့ဆုေလးနဲ႔ ျပည့္စုံတဲ့သူေလးလို႔ဆိုရေလာက္ေအာင္ကို အၿပဳံးေလးေတြက အရမ္းကို Sweet ျဖစ္ေနတာ ျဖစ္ပါတယ္ ။

သမီးေလးရဲ႕ေမြးေန႔မွာေတာ့ ေဖေဖျဖစ္တဲ့စိုင္းလႊမ္းက ေမြးေန႔ဆုမြန္ေကာင္းေတြ တစ္ဝႀကီးေတာင္းဆိုေပးထားတာ ျဖစ္ပါတယ္ ။ ဒါ့အျပင္ စိုင္းလႊမ္းက သမီးေလးလိုခ်င္တာေလးကို ရေအာင္ျဖည့္ဆည္းေပးၿပီး ေမြးေန႔မွာေပ်ာ္ေအာင္ထားေပးလိုက္တာပဲ ျဖစ္ပါတယ္ ။ စစ္လြန္းေလးကလည္း ေဖေဖ့ရဲ႕ေမြးေန႔လက္ေဆာင္ေလးကို အရမ္းသေဘာက်ၿပီး ႏွစ္သက္ေနတာ ျဖစ္ပါတယ္ ။ စိုင္းလႊမ္းက “ဒီေန႔ေရာက္ရင္ ႏွစ္တိုင္းေနာင္ႏွစ္ေပါင္းမ်ားစြာ ဆုေတာင္းေပးခ်င္ပါတယ္ ဘဝမွာ ထူးဆန္းစြာနဲ႔ တိုက္ဆိုင္စြာႀကဳံရခဲတဲ့ထဲက တစ္ခုပါ..”

” HAPPY BIRTHDAY ပါ အေမနဲ႔ သမီးေလး ….ကိုယ္က်န္းမာၿပီးစိတ္ခ်မ္းသာပါေစ သမီးေလး…​သူေတာ္ေကာင္းမ်ားနဲ႔ေတြ႕ရၿပီး သူယုတ္မာမ်ားနဲ႔ကင္းေဝးပါေစ က်န္တဲ့အရာအားလုံးက ပါးတာဝန္…(လိုခ်င္တာေလးရေတာ့႐ုပ္ကေလးက) အေမလည္း …က်န္းမာစြာနဲ႔ ေနာင္ႏွစ္ေပါင္းမ်ားစြာ ေျမးေတြမိသားစုေတြနဲ႔က်န္းမာေပ်ာ္႐ႊင္စြာေနႏိုင္ၿပီးသာသနာျပဳႏိုင္ပါေစ က်န္တာ သား၃ေယာက္ တာဝန္ ပါ….” ဆိုၿပီး သူ႔ရဲ႕သမီးေလးနဲ႔ မိခင္ႀကီးအတြက္ အမွတ္တရစကားဆိုထားတာပဲ ျဖစ္ပါတယ္ ။ ကဲ ပရိသတ္ေတြလည္း ေမြးေန႔ရွင္သမီးေလး စစ္လြန္းဝတီထက္အတြက္ ေမြးေန႔ ဆုေတာင္းေပးခဲ့ၾကပါဦးေနာ္။

Source & Photo Credit-Sai Hlwan

credit – Myanmarload

Unicode

အရမ်းချောပြီး ပိုချစ်ဖို့ကောင်းလာတဲ့ သမီးလေးရဲ့မွေးနေ့မှာ လိုချင်တာလေးကိုဖြည့်ဆည်းရင်း ပျော်အောင်ထားပေးလိုက်တဲ့ ဖေဖေစိုင်းလွှမ်း

ဒီနေ့ ဇန်နဝါရီလ (၁၁) ရက်နေ့လေးကတော့ ပရိသတ်တွေအရမ်းချစ်ရတဲ့ သမီးလေးစစ်လွန်းဝတီထက်ရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ် ။ အသက်တစ်နှစ်တိုးပြီး တဖြည်းဖြည်းနဲ့ အရွယ်ရောက်လာပြီဖြစ်တဲ့ စစ်လွန်းဝတီထက်လေးက အရမ်းချောပြီး အရင်ကထက်တောင် ပိုချစ်ဖို့ကောင်းလာတာပဲ ဖြစ်ပါတယ် ။ ချစ်မွေးပါတဲ့ စစ်လွန်းလေးက မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ဆုလေးနဲ့ ပြည့်စုံတဲ့သူလေးလို့ဆိုရလောက်အောင်ကို အပြုံးလေးတွေက အရမ်းကို Sweet ဖြစ်နေတာ ဖြစ်ပါတယ် ။

သမီးလေးရဲ့မွေးနေ့မှာတော့ ဖေဖေဖြစ်တဲ့စိုင်းလွှမ်းက မွေးနေ့ဆုမွန်ကောင်းတွေ တစ်ဝကြီးတောင်းဆိုပေးထားတာ ဖြစ်ပါတယ် ။ ဒါ့အပြင် စိုင်းလွှမ်းက သမီးလေးလိုချင်တာလေးကို ရအောင်ဖြည့်ဆည်းပေးပြီး မွေးနေ့မှာပျော်အောင်ထားပေးလိုက်တာပဲ ဖြစ်ပါတယ် ။ စစ်လွန်းလေးကလည်း ဖေဖေ့ရဲ့မွေးနေ့လက်ဆောင်လေးကို အရမ်းသဘောကျပြီး နှစ်သက်နေတာ ဖြစ်ပါတယ် ။ စိုင်းလွှမ်းက “ဒီနေ့ရောက်ရင် နှစ်တိုင်းနောင်နှစ်ပေါင်းများစွာ ဆုတောင်းပေးချင်ပါတယ် ဘဝမှာ ထူးဆန်းစွာနဲ့ တိုက်ဆိုင်စွာကြုံရခဲတဲ့ထဲက တစ်ခုပါ..”

” HAPPY BIRTHDAY ပါ အမေနဲ့ သမီးလေး ….ကိုယ်ကျန်းမာပြီးစိတ်ချမ်းသာပါစေ သမီးလေး…​သူတော်ကောင်းများနဲ့တွေ့ရပြီး သူယုတ်မာများနဲ့ကင်းဝေးပါစေ ကျန်တဲ့အရာအားလုံးက ပါးတာဝန်…(လိုချင်တာလေးရတော့ရုပ်ကလေးက) အမေလည်း …ကျန်းမာစွာနဲ့ နောင်နှစ်ပေါင်းများစွာ မြေးတွေမိသားစုတွေနဲ့ကျန်းမာပျော်ရွှင်စွာနေနိုင်ပြီးသာသနာပြုနိုင်ပါစေ ကျန်တာ သား၃ယောက် တာဝန် ပါ….” ဆိုပြီး သူ့ရဲ့သမီးလေးနဲ့ မိခင်ကြီးအတွက် အမှတ်တရစကားဆိုထားတာပဲ ဖြစ်ပါတယ် ။ ကဲ ပရိသတ်တွေလည်း မွေးနေ့ရှင်သမီးလေး စစ်လွန်းဝတီထက်အတွက် မွေးနေ့ ဆုတောင်းပေးခဲ့ကြပါဦးနော်။

Source & Photo Credit-Sai Hlwan

credit – Myanmarload

  • Leave a Comment

Categories