




credit – Myanmarload

Unicode

မနက်နိုးနိုးခြင်း နှုတ်ခမ်းထော်ပြီး အသည်းယားစရာ ပိုစ့်တွေ ထုတ်နေတဲ့ မေမေစန္ဒီမြင့်လွင်ရဲ့ အချစ်တုံးလေး ခင်လင်းထင်

စန္ဒီမြင့်လွင်ကိုတော့ အားလုံးသိကြမယ် ထင်ပါတယ်။ သီချင်းတွေ ကို အသံပါဝါအား ကောင်းကောင်းနဲ့ သီဆိုပြီး ပရိသတ်တွေ ရင်ထဲ မှာယခု ချိန်ထိတိုင်အောင် နေရာ ရယူထားတဲ့ ပရိသတ် အချစ်တော် တေးသံရှင် တစ်ဦးလည်း ဖြစ်ပါတယ်။ သူမကတော့ မိမိအပေါ်ကြင်နာယုယ တဲ့ ခင်ပွန်းသယ်နဲ့ အတူ သမီးလေး ခင်လင်းထင်ကို မွေးဖွားထားပြီး သာယာတဲ့ မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားကာ ခင်ပွန်းသယ်ရဲ့ အားပေးမှုတွေနဲ့ အနုပညာလမ်းကိုဆက်လက် လျှောက်လှမ်းနေတာပဲ ဖြစ်ပါတယ်။

စန္ဒီမြင့်လွင်တို့ မိသားစုလေးကတော့ ပရိသတ်တွေ အားကြရတဲ့ အနုပညာရှင်တွေ ထဲက တစ်တွဲလည်း ဖြစ်ပါတယ်။ သူမမှာတော့ ပရိသတ်တွေ အားလုံးက ချစ်ခင်ကြတဲ့ သမီးလေး ခင်လင်းထင်ကြောင့် တစ်နေ့ တစ်နေ့ ပီတိတွေ ဖြစ်နေရတာပဲ ဖြစ်ပါတယ်။ မကြာမကြာမှာလည်း Treasureလေးရဲ့ အသည်းယားစရာ တစ်နေ့တာ လှုပ်ရှားမှုလေးတွေ တင်ပြီး ပရိသတ်တွေကို ချပြကာ အားလုံး အချစ်တွေ ပိုနေကြတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာလည်း မိသားစုလိုက် အလှူတွေပြုလုပ်ကာ ပရိသတ်တွေကို ကျေနပ်အားရစေတာပဲ ဖြစ်ပါတယ်။

ယခုအခါမှာတော့ Treasure လေးရဲ့ အသည်းယားစရာကောင်းတဲ့ ပုံလေးတွေ ကို ချပြလာတာပဲ ဖြစ်ပါတယ်။ မနက်မိုးလင်းအိပ်ယာထထခြင်း နှုတ်ခမ်းလေးထော်ကာ ပဲပေးနေတဲ့ Treasureလေးကတော့ ပရိသတ်တွေ အချစ်ပိုစေမှာ အမှန်ပဲ ဖြစ်ပါတယ်။ ဒီပုံလေး ထဲမှာ Treasureလေးဟာ ပါးဖောင်းဖောင်းလေးနဲ့ ကိုက်ချင်စရာကောင်းလောက်အောင် ချစ်ဖို့ကောင်းနေတာပဲ ဖြစ်ပါတယ်။ ကဲ…..ပရိသတ်ကြီးတို့အတွက် မေမေစန္ဒီမြင့်လွင်ရဲ့ သမီးလေး ခင်လင်းထင်ရဲ့ ချစ်စရာအမူအရာလေးတွေနဲ့ အသည်းယားစရာကောင်းလောက်အောင် ချစ်ဖို့ကောင်းနေတဲ့ ပုံလေးတွေ ကို ပြန်လည်မျှဝေပေးလိုက်တာပဲ ဖြစ်ပါတယ်နော်…..။

သတင်းအရင်းမြစ်: Khin Lin Htin

credit – Myanmarload

  • Leave a Comment

Categories