




credit – Myanmarload

Unicode

ချစ်သူသက်တမ်းတစ်နှစ်ပြည့်တဲ့နေ့လေးမှာသူ့ရဲ့ကောင်မလေးနဲ့တရားဝင်မိတ်ဆက်ပေးလိုက်တဲ့ အဆိုတော် ရေမွန်

အဆိုတော် ရေမွန်ကတော့ Idiot Band ရဲ့ main vocalist တစ်ဦးပဲ ဖြစ်ပြီး သီချင်းတွေကို ကိုယ်တိုင် ရေးသားသီဆိုသူတစ်ဦးပဲ ဖြစ်ပါတယ်။ သူ့ကိုတော့ လူငယ်ပရိသတ်တော်တော်များများက အားပေးကြတာကိုလည်း တွေ့ကြရမှာဘဲ ဖြစ်ပါတယ်။ ပရိသတ်တွေအပေါ်မှာလည်း အမြဲအလေးထားဆက်ဆံတတ်သူတစ်ဦးဖြစ်တာကြောင့်လည်း အောင်မြင်မှုတွေ တည်မြဲနေတာလည်း ဖြစ်ပါတယ်။

သူ့ရဲ့ အချစ်ရေးကိုတော့ တော်ရုံထုတ်ဖော်ပြောကြားလေ့မရှိတာကြောင့် ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကို ခံနေရသူလည်း ဖြစ်ပါတယ်။ ပရိသတ်တွေ သိချင်နေကြတဲ့ သူ့ရဲ့ အချစ်ရေးကိုတော့ မကြာသေးခင် နာရီပိုင်းလောက်က ရေမွန်ရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ ထုတ်ပြလိုက်ပြီပဲ ဖြစ်ပါတယ်။ ရေမွန်ဟာ ချစ်သူသက်တမ်းတစ်နှစ်ပြည့်တဲ့နေ့လေးမှာသူ့ရဲ့ကောင်မလေးနဲ့တရားဝင်မိတ်ဆက်ပေးလိုက်တာပဲ ဖြစ်ပါတယ်။

သူကလည်း ” Happy 1 Year anniversary babe . Can’t believe we’ve been together this long . And yet we made a lot of nice memories. Thank you for being with me ” ဆိုပြီး ရိုမက်တစ်ဆန်စွာ ရေးသားထားတာပဲ ဖြစ်ပါတယ်။ ချစ်စရာကောင်းပြီး လိုက်ဖက်ညီတဲ့ စုံတွဲလေးမို့ ပရိသတ်တွေကလည်း သဘောတူနေကြတာပါ။ အားလုံးလည်း ကြည့်ရှုနိုင်အောင် ရေမွန်တို့ ချစ်သူနှစ်ဦးရဲ့ ပုံရိပ်လေးတွေကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Wai Mon Oo

credit – Myanmarload

  • Leave a Comment

Categories