





credit – Myanmarload

Unicode

အမိုက်စားဆိုင်ကယ်ကြီးနဲ့ဓာတ်ပုံအတင်းရိုက်ပေးဖို့ပူဆာနေတဲ့နေတိုးအားသူ မသိအောင်ဗီဒီယိုရိုက်ပြီး ဆေးထိုးလိုက်တဲ့ ကိုပေါက်

လူတိုင်းအပေါ်ဖော်ရွေလွန်းပြီး စိတ်ထားအရမ်းကောင်းမွန်တာကြောင့် ယနေ့ချိန်အထိ အောင်မြင်မှုတွေများစွာနဲ့ ထိပ်တန်းမင်းသားအဖြစ် အနုပညာလောကမှာ ခိုင်ခိုင်မာမာရပ်တည်လျက် ရှိနေသူကတော့ သရုပ်ဆောင် မင်းသားချောလေး နေတိုးပဲ ဖြစ်ပါတယ်။ နေတိုးဟာ ရခိုင်လူမျိုးဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာတွေကို အပြည့်အဝ ရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ကျရာနေရာတိုင်း ပီပြင်ပြောင်မြောက်စွာ သရုပ်ဆောင်နိုင်တာကြောင့်လည်း အကယ်ဒမီထူးချွန်ဆုတွေများစွာ ရရှိထားတာလည်း ဖြစ်ပါတယ်။

နေတိုးဟာ အနုပညာသမားအချင်းချင်း ညီအစ်ကိုမောင်နှမရင်းသဖွယ် ဆက်ဆံတာကြောင့်လည်း အားလုံးကသူ့ရဲ့စိတ်ထားလေးကို လေးစားချစ်ခင်နေကြတာလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ ကိုဗစ်ကာလဖြစ်တာကြောင့် ရုပ်ရှင်ဇာတ်ကားရိုက်ကူးမှုတွေ မရှိသေးသော်လည်း ကြော်ငြာလေးတွေကိုတော့ အဆက်မပြတ် ရိုက်ကူးနေရတာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ အားလပ်ရက်တိုင်းမှာလည်း သူငယ်ချင်းတွေနဲ့တွေ့ဆုံရင်း ပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေ ဖြတ်သန်းကုန်ဆုံးနေတာလည်း ဖြစ်ပါတယ်။

မနေ့ညကလည်း သရုပ်ဆောင် ကျော်ကျော်ဗိုလ်အသစ်ဖွင့်လှစ်မယ့် ကော်ဖီဆိုင်လေးကို အလည်အပတ်သွားရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ နေတိုးတစ်ယောက် ဒီဆိုင်လေးကို ကားဖြင့်လာရောက်ခဲ့တာမဟုတ်ဘဲပရိသတ်တွေသိပ်မမြင်ဖူးတဲ့ ဆိုင်ကယ်မောင်းကာ ရောက်ရှိလာခဲ့တာပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ ကိုပေါက်ရဲ့လူမှုကွန်ယက်စာမျက်နှာတွင်လည်း ” ဒီညမှာ ဒီလို တော်ကီပွား

နောက်ထပ်တွေ့မြင်ရမယ့် ဘာညာစမာကလာ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ကိုပေါက်တို့သူငယ်ချင်းတွေရဲ့ ဗီဒီယိုဖိုင်လေးကို တစ်ဆင့် ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Aung Min Naing and Nay Toe

credit – Myanmarload

  • Leave a Comment

Categories