




credit – Myanmarload

Unicode

သားလေးကို ပွေ့ချီထားပြီး လက်တစ်ဖက်တည်းနဲ့ Lisaကတဲ့ဂဏန်းအကကို အပီအပြင်ကပြလိုက်တဲ့ ပိုးအိအိခန့်ရဲ့ဗီဒီယို

ဘောလုံးအားကစားသမားအောင်သူနဲ့ ရုပ်ရှင်သရုပ်ဆောင် ပိုးအိအိခန့်တို့ဇနီးမောင်နှံနှစ်ယောက်ကတော့ သာယာလှပတဲ့မိသားစုဘဝလေးကို တည်ဆောက်ထားပြီး အေးအေးချမ်းချမ်းနေထိုင်နေကြတာဖြစ်ပါတယ်။ပိုးအိအိခန့်ရဲ့တစ်ဦးတည်းသောသားလေး ကိုကိုးကလည်း ဖခင်နဲ့ချွတ်စွပ်တူပြီး ချစ်မွေးအပြည့်ပါတဲ့ကလေးလေးဖြစ်ပါတယ်နော်။ပိုးအိအိခန့်တို့ဇနီးမောင်နှံက သားလေးကို မိဘမေတ္တာတွေအပြည့်အဝပေးပြီး ကျန်းကျန်းမာမာနဲ့ကြီးပြင်းလာအောင် စောင့်ရှောက်နေတာဖြစ်ပါတယ်။

ပိုးအိအိခန့်ကလည်း သားလေးကငယ်သေးတာကြောင့် အနုပညာအလုပ်တွေကို ပြန်မလုပ်သေးဘဲ ကိုကိုးလေးကိုသာ အနီးကပ်ပြုစုပေးနေတာဖြစ်ပါတယ်နော်။ကိုကိုးလေးကတော့ ပရိသတ်တွေရဲ့မျက်စိရှေ့တင် တဖြည်းဖြည်းနဲ့အရွယ်ရောက်လာပြီး သိလွယ်၊တတ်လွယ်လို့ ဉာဏ်အရမ်းကောင်းတဲ့ကလေးလေးဖြစ်ပါတယ်။မေမေပိုးအိအိခန့်က သားလေးကိုကျွေးမယ့်အစားအစာကအစ ကိုယ်တိုင်ပြင်ဆင်ပြီး အဟာရမျှတအောင်ကျွေးလို့ ကိုကိုးလေးကလည်း ဖြူဖြူဖွေးဖွေးဝဝကစ်ကစ်လေးနဲ့ကြီးပြင်းလာတာဖြစ်ပါတယ်နော်။

ပိုးအိအိခန့်က သားလေးဘေးမှာ အချိန်အများဆုံးနေပေးတဲ့မိခင်ဖြစ်လို့ ကိုကိုးလေးပျော်အောင်လည်း အမြဲဖန်တီးပေးတာဖြစ်ပါတယ်။အခုဆိုရင်တော့ ပိုးအိအိခန့်က သားလေးကိုပွေ့ချီထားပြီး လက်တစ်ဖက်တည်းနဲ့ ဂဏန်းအကကို ပီပီပြင်ပြင် ကပြလိုက်တာဖြစ်ပါတယ်။ပိုးအိအိခန့်တို့သားအမိနှစ်ယောက်ကတော့ TVကိုကြည့်ပြီး ခပ်မိုက်မိုက်လေးကနေလို့ ဗီဒီယိုခိုးရိုက်ထားတာတောင် မသိလိုက်ကြပါဘူးနော်။ပရိသတ်ကြီးလည်း ပိုးအိအိခန့်တို့သားအမိရဲ့ ချစ်စရာကကွက်လေးတွေကို မြင်တွေ့ရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source and Video Credit:Poe Ei Ei Khant

credit – Myanmarload

  • Leave a Comment

Categories