credit _ Myanmarload
Unicode
အမေမွေးကတည်းက ချစ်ဖို့ကောင်းတဲ့မျက်နှာလေးပိုင်ဆိုင်ထားပေမယ့် နှာခေါင်းနဲ့မျက်ရစ်ခွဲစိတ်ခဲ့တာကို ပွင့်ပွင့်လင်းလင်းချပြလာတဲ့ ထက်အဉ္ဇလီ
(Myanmar Idol season-4)မှာ ဝင်ရောင်ယှဉ်ပြိုင်ခဲ့တဲ့ ထက်အဉ္ဇလီကတော့ အသံပါရမီနဲ့ပြည့်စုံလို့ ပရိသတ်အများအပြားက အားပေးကြတာဖြစ်ပါတယ်။ထက်အဉ္ဇလီက ပြိုင်ပွဲဝင်ကာလတစ်လျှောက်လည်း ပရိသတ်တွေအားပေးရကျိုးနပ်အောင် အားသွန်ခွန်စိုက်ကြိုးစားခဲ့တာဖြစ်ပါတယ်နော်။လက်ရှိမှာဆိုရင်တော့ ထက်အဉ္ဇလီက အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေဆဲဖြစ်ပြီး သီချင်းအသစ်တွေအတွက်လည်း ပြင်ဆင်နေတာဖြစ်ပါတယ်။
ထက်အဉ္ဇလီက လူငယ်လည်းဖြစ်တာကြောင့် အနုပညာအလုပ်တွေကို စိတ်အားထက်သန်စွာလုပ်ကိုင်နေတာဖြစ်ပါတယ်။ပရိသတ်တွေကလည်း ထက်အဉ္ဇလီရဲ့ လှုပ်ရှားမှုတိုင်းကို တစ်ခဲနက်အားပေးဝန်းရံနေကြလို့ သူမကတော့ အနုပညာလောကမှာ နေရာတစ်နေရာရရှိလာတာပဲဖြစ်ပါတယ်။ထက်အဉ္ဇလီက အမေမွေးကတည်းက ချစ်စရာကောင်းတဲ့မျက်နှာလေးကို ပိုင်ဆိုင်ထားပြီး ချစ်မွေးအပြည့်ပါတဲ့သူလေးဖြစ်ပါတယ်နော်။လက်ရှိမှာဆိုရင်တော့ ထက်အဉ္ဇလီက သူမရဲ့မျက်နှာလေးကို လိုချင်တဲ့ပုံစံလေးဖြစ်အောင် ခွဲစိတ်ပြုပြင်ထားတာဖြစ်ပါတယ်။
ထက်အဉ္ဇလီက သူမရဲ့နှာခေါင်းကိုလည်း ချွန်ချွန်လေးဖြစ်အောင်၊မျက်ရစ်လေးပေါ်အောင်လို့ ကျွမ်းကျင်တဲ့ဆရာဝန်နဲ့သေချာတိုင်ပင်ခဲ့တာဖြစ်ပါတယ်။ထက်အဉ္ဇလီက နာကျင်မယ့်ဝေဒနာကိုအံတုပြီး ပိုလှသွားအောင် ခွဲစိတ်လိုက်တာဖြစ်ပါတယ်နော်။ထက်အဉ္ဇလီက သူမရဲ့အတွေ့အကြုံတွေကို ပရိသတ်တွေအတွက် ပွင့်ပွင့်လင်းလင်းပြောပြလာတာဖြစ်ပါတယ်။ထက်အဉ္ဇလီရဲ့ ခွဲစိတ်မှုအဆင့်ဆင့် ဗီဒီယိုအတိုလေးကို ချစ်ပရိသတ်တွေလည်း တွေ့မြင်ရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
Photo Credit:Htet Inzali
Source&Video Credit:Htet Inzali
(ဗီဒီယိုကြည့်ရန် linkကို select allနှိပ်၍ Facebookထဲ ဝင်ကြည့်ပါ)
https://www.facebook.com/106426710762920/posts/447354443336810/
credit _ Myanmarload