




credit – Myanmarload

Unicode

ဆံပင်ရှည်ထားချင်တဲ့သားအငယ်ဆုံးလေးကို စိတ်ကျေနပ်အောင်ထားပေးပြီး သားလေးကိုချစ်မ၀ဖြစ်နေရှာတဲ့ မင်းမော်ကွန်း

ပရိသတ်ကြီးရေ…..အဆိုတော်တစ်ယောက်အနေနဲ့ရော ရုပ်ရှင်မင်းသားချောတစ်ယောက်အနေနဲ့ပါ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိနေတဲ့မင်းမော်ကွန်းကိုသိကြမယ်ထင်ပါတယ်နော်။ သူဟာ အကယ်ဒမီမင်းသားချောကြီး ဦးဇင်ဝိုင်းရဲ့ သားတစ်ယောက်လည်းဖြစ်ပြီးတော့ သူကိုယ်တိုင်လည်း အကယ်ဒမီထူးချွန်ဆုကြီးကို ရရှိထားတာဖြစ်ပါတယ်။ မင်းမော်ကွန်းဟာ နှင်းဆီအဖွဲ့သားတစ်ယောက်လည်းဖြစ်ပြီးတော့ လူရွှင်တော်တစ်ယောက်အနေနဲ့လည်း ပရိသတ်အားပေးချစ်ခင်တဲ့ သူတစ်ယောက်ပါနော်။

မင်းမော်ကွန်းဟာ သာယာချမ်းမြေ့ဖွယ်မိသားစုဘဝလေးကို တည်ထောင်ထားတာလည်းဖြစ်ပြီး ချစ်ရတဲ့ဇနီးချောလေးရယ်၊သားသမီး ၃ယောက်ရယ်နဲ့ ပျော်စရာကောင်းတဲ့မိသားစုလေးကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ မင်းမော်ကွန်းရဲ့သားအငယ်ဆုံးလေးဖြစ်တဲ့ သားဘုန်းလေးဟာလည်း ဖေဖေနဲ့ရုပ်ချင်းအရမ်းဆင်ပြီး သွားသေးသေးလေးတွေနဲ့ ချစ်စရာကလေးလေးပါ။

အခုဆိုရင်လည်း သားဘုန်းလေးဟာ ဆံပင်ရှည်လေးထားချင်တာကြောင့် ဖေဖေနဲ့မေမေက သားလေးအလိုလိုက်ပြီး ထားပေးကြတာပါ။ အခုဆိုရင်လည်း ဖေဖေမင်းမော်ကွန်းဟာ သူ့ရဲ့ Facebookစာမျက်နှာမှာ သားငယ်လေးရဲ့ပုံလေးတွေကိုတင်ပေးလာခဲ့ပါတယ်။ ကဲ…..ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

သတင်းအရင်းမြစ်: Kyaw Kyaw Htay Lwin

credit – Myanmarload

  • Leave a Comment

Categories