




credit – Myanmarload

Uniocode

ကိုဗစ်ကာကွယ်ဆေးကို လုံခြုံရေးတွေအပြည့်နဲ့အဆင့်အဆင့်ကျော်ဖြတ်ပြီးထိုးခဲ့ရတဲ့အကြောင်းလေးကိုဝေမျှလာတဲ့ နီနီ၀င်းရွှေ

ပရိသတ်ကြီးရေ……တစ်ခေတ်တခါတည်းက အောင်မြင်မှုတွေရရှိခဲ့ပြီး မြန်မာသီချင်းကြီးတွေကို သီဆိုတတ်တဲ့ ဂန္တ၀င်တေးသံရှင် နီနီ၀င်းရွှေကိုသိကြမယ်ထင်ပါတယ်နော်။ နီနီ၀င်းရွှေဟာ မြင့်မိုရ်ထက်မြင့်သောနေရာ၊ ပန်းရည်ဘဏ်တိုက်စတဲ့ နာမည်ကြီးမြန်မာသီချင်းကြီးတွေကို သီဆိုခဲ့သူဖြစ်ပြီး ပြောင်မြောက်လှတဲ့အဆိုပညာကြောင့် ယနေ့ချိန်ထိတိုင် အများအားကျလေးစားနေရတာလည်းဖြစ်ပါတယ်။

နီနီ၀င်းရွှေဟာ အမေရိကန်ပြည်ထောင်စု ကယ်လိုဖိုးနီးယားမှာအခြေချနေထိုင်နေတာဖြစ်ပြီး မြန်မာနိုင်ငံကိုလည်း အနုပညာအလုပ်တွေပြန်လာလုပ်လေ့ရှိတာလည်း တွေ့ရပါတယ်။ အခုဆိုရင်လည်း အန်တီနီနီဟာ အမေရိကန်နိုင်ငံမှာ‌နေထိုင်ရင်း ကိုဗစ်ကာကွယ်ဆေး ထိုးခဲ့တာဖြစ်ပြီး သူမရဲ့အတွေ့အကြုံလေးကို ရေးသားမျှဝေခဲ့ပါတယ်။

အာ့တာကတော့ နီနီ၀င်းရွှေဟာ သူမရဲ့ Facebookစာမျက်နှာမှာ “ဒီနေ့ နီနီ COVID-19 VACCINE ကာကွယ်ဆေး PFIZER ထိုးပြီးပါပြီ ပထမတော့ ရိုးရိုးပဲသွား ထိုးခဲ့ယုံပဲလို့ထင်တာ ဘယ်ဟုပ်မလည်း စစ်ဆေးရေးတွေအထပ်ထပ် လုံခြုံရေးအတွက် ရဲတွေလား ဘာလည်းတော့မသိဘူး ခါးမှာ သေနပ်တွေနဲ အတူသွားရတယ် ဂိတ်တွေအထပ်ထပ်အစစ်ဆေးခံရတယ် ငယ်ငယ်တုန်းက မြန်မာပြည်မှာ လွှတ်တော်ထဲ သီချင်းသွားဆိုရသလိုပဲလေ လုံခြုံရေးတွေများတော့…ဒီဆေးက တော်တော် တန်ဖိုးကြီးတယ်နဲ့တူတယ်….” ဆိုပြီးမျှဝေပေးလာပါတယ်။ ပရိသတ်တွေ၀မ်းသာဖို့အတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

သတင်းအရင်းမြစ်: Ni Ni Win Shwe

credit – Myanmarload

  • Leave a Comment

Categories