




credit – Myanmarload

Unicode

ဒီနေ့ကျမှ ထီသည်ကဖုန်းဆက်လာပြီး ထီဆုတစ်ဆုပေါက်တဲ့အကြောင်းလှမ်းပြောပေးလို့ ဝမ်းသာသွားခဲ့ရတဲ့ နိုင်းနိုင်းရဲ့ညီမချောလေးဖူးဖူး

သရုပ်ဆောင်မင်းသားချော နိုင်းနိုင်းရဲ့ချစ်ညီမလေးဖြစ်တဲ့ ဖူးဖူးကတော့ ဇာတ်ကားတွေရိုက်ကူးပြီး အနုပညာအလုပ်တွေကို အချိန်အတော်ကြာအောင် လုပ်ကိုင်လာခဲ့သူလေး ဖြစ်ပါတယ် ။ ဖူးဖူးက အနုပညာအရည်အချင်း အပြည့်ရှိသူလေးဖြစ်သလို ဇာတ်ရုပ်မျိုးစုံကိုလည်း ပီပြင်ပြောင်မြောက်စွာ ဖန်တီးနိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။ လက်ရှိမှာလည်း ဖူးဖူးက Photo Shooting တွေရိုက်ကူးနေဆဲဖြစ်ပြီး သူမရဲ့လှုပ်ရှားမှုတွေကို လူမှုကွန်ယက်စာမျက်နှာကတစ်ဆင့် အမြဲမျှဝေပေးနေတာ ဖြစ်ပါတယ် ။

ဖူးဖူးက သွယ်လျလှပတဲ့ Body လေးနဲ့ အချိုးအစားပြေပြစ်သလို ရုပ်ရည်လေးကလည်း အပြစ်ပြောစရာမရှိအောင်ကို ချောမောနေတာ ဖြစ်ပါတယ် ။ ဒါ့အပြင် ဖူးဖူးက အမြဲတမ်းဖက်ရှင်ကျကျ ဝတ်စားဆင်ယင်တတ်ပြီး ခပ်မိုက်မိုက်စတိုင်လ်လေးနဲ့ လှနေတတ်တာလည်း ဖြစ်ပါတယ် ။ ဒီနေ့မှာတော့ ဖူးဖူးက သူမအနေနဲ့ (၂၀၂၁)ရဲ့နှစ်အစမှာပဲ ကံကောင်းခြင်းတွေ ရရှိသွားတာကြောင့် ဝမ်းသာမိကြောင်း အမှတ်တရအနေနဲ့ မျှဝေထားတာ ဖြစ်ပါတယ် ။

ဖူးဖူးက “နှစ်သစ်မှာ ကံကောင်းတယ် ၅သောင်းတွတ်ရတယ်လို့ ထီသည်မှဖုန်းဆက်လာပါတယ်” ဆိုပြီး သူမရဲ့Facebook Account မှာ ရေးသားပြောပြထားတာပဲ ဖြစ်ပါတယ် ။ ဒီနေ့လွတ်လပ်ရေးနေ့မှာ ထီဆိုင်က ထီပေါက်တဲ့အကြောင်း ဖုန်းဆက်ပြီးလှမ်းအကြောင်းကြားတာကြောင့် ဖူးဖူးတစ်ယောက် အမှတ်တရလေးဖြစ်သွားခဲ့ရတာပဲ ဖြစ်ပါတယ် ။ ကဲ နှစ်အစမှာပဲ ထီ (၅)သောင်းဆုပေါက်လို့ ဝမ်းသာနေတဲ့ နိုင်းနိုင်းရဲ့ချစ်ညီမလေး ဖူးဖူးရဲ့အကြောင်းကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source and Photo Credit-Phoo Phoo

credit – Myanmarload

  • Leave a Comment

Categories