




credit – Myanmarload

Unicode

ဖေဖေနိုင်လူတောင်အရှုံးပေးသွားရလောက်အောင် မျက်ခုံး၊မျက်လုံးတွေကစားပြီး နာမည်ကြီး Tik Tok ကိုဆော့ပြလိုက်တဲ့သမီးချောလေးရဲ့ဗီဒီယို

လူကြမ်းသရုပ်ဆောင် နိုင်လူကိုတော့ ပရိသတ်တွေတော်တော်များများက ဗီဒီယိုနဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ မြင်ဖူးလေ့ရှိကြမယ် ထင်ပါတယ်နော် ။ နိုင်လူက ဗီလိန်ဇာတ်ရုပ်တွေကို သဘာဝကျကျသရုပ်ဆောင်နိုင်သူဖြစ်တာကြောင့် အားလုံးက သူ့ကိုသဘောကျနှစ်ခြိုက်ပြီး အားပေးကြတာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ နိုင်လူက အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေဆဲဖြစ်သလို သူကိုယ်တိုင်ဒါရိုက်တာလုပ်ပြီး ကြော်ငြာတွေလည်း ရိုက်ကူးနေတာ ဖြစ်ပါတယ် ။

နိုင်လူက အလုပ်နဲ့ပတ်သက်ရင် ကြိုးကြိုးစားစားလုပ်ကိုင်လေ့ရှိပြီး မိသားစုအပေါ်မှာ အိမ်ထောင်ဦးစီးကောင်းတစ်ယောက်ရဲ့တာဝန်ကို ကျေပွန်နေတာ ဖြစ်ပါတယ် ။ နိုင်လူက အရမ်းကိုချစ်စရာကောင်းတဲ့ သမီးချောလေးတစ်ယောက်ကို ပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ် ။ ခေတ်ဆည်းဆာလို့ခေါ်ဝေါ်တဲ့ နိုင်လူ့ရဲ့သမီးချောလေးက အသားဖြူဖြူဖွေးဖွေး၊ ပါးဖောင်းဖောင်းကစ်ကစ်လေးတွေနဲ့ တကယ့်ကို အသည်းယားစရာလေးပဲ ဖြစ်ပါတယ် ။

အခုလည်း နိုင်လူ့ရဲ့သမီးလေးက အရမ်းနာမည်ကြီးနေတဲ့သီချင်းလေးကို မျက်လုံး၊မျက်ခုံးတွေပင့်ကာ ကစားပြီး အပီအပြင် Tik Tok ဆော့ပြလိုက်တာ ဖြစ်ပါတယ် ။ အခုအရွယ်လေးနဲ့တင် မျက်နှာအမူအရာလေးတွေမျိုးစုံလုပ်တတ်လွန်းတဲ့ နိုင်လူ့သမီးလေးကတော့ ဖေဖေတောင်အရှုံးပေးရလောက်အောင်ကို အနုပညာသွေးအပြည့်ပါလာသူလေး ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် သရုပ်ဆောင်နိုင်လူရဲ့သမီးချောလေး ခေတ်ဆည်းဆာရဲ့Tik Tok ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source and Video Credit-Naing Lu

credit – Myanmarload

  • Leave a Comment

Categories