




credit – Myanmarload

Unicode

ခြေချစရာနေရာမရှိလောက်အောင် တစ်ခန်းလုံးပြည့်နေတဲ့အဝတ်အစားတွေကို ကိုယ်တိုင်ရှင်းပြီး လှူဒါန်းဖို့ပြင်ဆင်နေတဲ့ မေကဗျာ

ပရိသတ်ကြီးရေ မင်းသမီးချောမေကဗျာကတော့ လက်ရှိမှာဆိုရင် Live Salesတွေကို လွှင့်ပြီး အလုပ်တွေကြိုးစားလုပ်ဆောင်နေတာဖြစ်ပါတယ်။မေကဗျာက ဆယ်ကျော်သက်အရွယ်သမီးလေးတစ်ယောက်လည်းရှိပြီး သားအမိနှစ်ယောက်က ညီအစ်မတွေလိုမျိုး တိုင်တိုင်ပင်ပင်နဲ့ဆက်ဆံကြတာဖြစ်ပါတယ်နော်။မေကဗျာက ခရီးတွေလည်းမကြာခဏသွားပြီး နေမျိုးအောင်တို့ဇနီးမောင်နှံနဲ့လည်း အရမ်းခင်မင်ရင်းနှီးတာဖြစ်ပါတယ်။မကြာသေးခင်ရက်ပိုင်းကလည်း မေကဗျာက နေမျိုးအောင်တို့နဲ့အတူ ဂျိုးဖြူ Campကို သွားလည်ကြတာဖြစ်ပါတယ်နော်။

မေကဗျာက မင်းသမီးတစ်ယောက်ဖြစ်ပေမယ့်လည်း ရိုးရိုးရှင်းရှင်းနေထိုင်တတ်ပြီး မာန်မာနမရှိတဲ့သူဖြစ်လို့ လူချစ်လူခင်ပေါများပါတယ်နော်။မေကဗျာက အလှူအတန်းလည်းရက်ရောတာကြောင့် သူမရှာဖွေထားတဲ့ငွေကြေးတွေထဲကမှ တစ်ချို့တစ်ဝက်ကို အမြဲလှူဒါန်းနေတာဖြစ်ပါတယ်။နောက်ထပ်လည်း သူမရဲ့အဝတ်အစားတွေကို လိုအပ်တဲ့နေရာတွေမှာ နှစ်စဉ်နှစ်တိုင်း အမြဲလှူဒါန်းနေကျဖြစ်ပါတယ်နော်။အခုဆိုရင်တော့ မေကဗျာက အဝတ်တွေလှူဒါန်းဖို့အတွက် သေချာရှင်းလင်းနေတာဖြစ်ပါတယ်။

မေကဗျာကတော့”အဝတ်အစားတွေရှင်းပြီး ချင်းပြည် ကအမြဲလှူနေကျပါ ရန်ကုန် လှိုင်သာယာ ကိုယ့်နီးစပ်ရာတွေ ရှူတင်အဝတ်အစားတွေရော Live အဝတ်အစားအသစ်တွေရော အကုန်လှူပါပြီ ဒီညဝယ်ယူအားပေးတဲ့သူတိုင်းကိုလည်း အဝတ်အစားလေးတွေလက်ဆောင်ထည့်ပေးချင်ပါတယ် အဆင်ပြေရင်ဝတ်ပါနော် မဝတ်ချင်တဲ့သူများလည်း တခြားလိုအပ်တဲ့သူများကိုလက်ဆင့်ကမ်းပြီးလှူပေးပါလို့”ဆိုပြီး သူမရဲ့အဝတ်အစားပုံရိပ်လေးတွေနဲ့အတူ သတင်းကောင်းကို မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။

Source and Photo Credit:May Kabyar

credit – Myanmarload

  • Leave a Comment

Categories