




credit – Myanmarload

Unicode

ပရိသတ်တွေလုံးဝမမြင်ဖူးသေးတဲ့ သူမတို့မင်္ဂလာဆောင်တုန်းကအခွီဗီဒီယိုဖိုင်ကို Anni‌နေ့မှာ ချပြလိုက်တဲ့ ယွန်းဝတီလွင်မိုး

ပရိသတ်ကြီးရေ အကယ်ဒမီဦးလွင်မိုးရဲ့သမီးကြီးလေးဖြစ်တဲ့ ယွန်းဝတီလွင်မိုးကတော့ အနုပညာအလုပ်တွေကိုလည်း အနည်းအကျဉ်းလုပ်ကိုင်ရင်း နိုင်ငံရပ်ခြားမှာ ကျောင်းတက်နေတာဖြစ်ပါတယ်။ယွန်းဝတီလွင်မိုးက ချစ်ရသူနဲ့အတူ နှစ်ကိုယ်တူဘဝလေးကိုတည်ဆောက်လိုက်ပြီး သားလေးတစ်ယောက်တောင်ထွန်းကားထားပြီဖြစ်ပါတယ်။ယွန်းဝတီလွင်မိုးတို့ဇနီးမောင်နှံက အသက်ငယ်ကြပေမယ့် ဘက်စုံထူးချွန်ကြပြီး အရမ်းကြိုးစားကြတဲ့စုံတွဲလေးပဲဖြစ်ပါတယ်နော်။

ယွန်းဝတီလွင်မိုးတို့ဇနီးမောင်နှံက နေနဲ့လရွှေနဲ့မြလို အရမ်းလိုက်ဖက်ညီပြီး နားလည်မှုအပြည့်ရှိကြလို့ အားကျစရာကောင်းပါတယ်နော်။ယွန်းဝတီလွင်မိုးကတော့ တစ်သားမွေးတစ်သွေးလှဆိုသလို နုဖတ်ပျိုမျစ်ပြီး လှသွေးကြွယ်နေတာဖြစ်ပါတယ်။ယွန်းဝတီလွင်မိုးရဲ့ချစ်ခင်ပွန်းကလည်း ဇနီးချောချောလေးကို အနီးကပ်စောင့်ရှောက်ပေးနေတာဖြစ်ပါတယ်နော်။လက်ရှိမှာဆိုရင်တော့ ယွန်းဝတီလွင်မိုးက Liveတွေတစ်ခါတလေလွှင့်ပြီး ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်အောင် နေထိုင်နေတာဖြစ်ပါတယ်။

ယွန်းဝတီလွင်မိုးတို့ဇနီးမောင်နှံနှစ်ယောက်ကတော့ အပြန်အလှန်ကူညီဖေးမကြရင်း ချစ်ခင်ကြင်နာလာကြတာဟာဆိုရင် ဒီနေ့လေးမှာ (၃)နှစ်တိတိပြည့်သွားပြီဖြစ်ပါတယ်နော်။ယွန်းဝတီလွင်မိုးက သူမတို့ဇနီးမောင်နှံရဲ့မင်္ဂလာနှစ်ပတ်လည်နေ့လေးမှာ အမှတ်တရပုံလေးတွေကို တင်ပေးလာတာဖြစ်ပါတယ်။ဒါ့အပြင်လည်း ပရိသတ်တွေလုံးဝမမြင်ဖူးသေးတဲ့ သူမတို့မင်္ဂလာဆောင်နေ့က အခွီဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်ကြည့်ရှု့ရအောင်လို့ သူမရဲ့ IGမှာ မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။

Source and Video Credit: Yunwaddy

credit – Myanmarload

  • Leave a Comment

Categories