မဂၤလာသက္တမ္း ၾကာျမင့္လာတာေတာင္ခ်စ္ဇနီးေလးအေပၚ အခ်စ္ေတြမေလ်ာ့သြားဘဲ စေတြ႕တုန္းကအတိုင္း ရင္ခုန္ၿပီးေပ်ာ္႐ြင္ေနရတဲ့အေၾကာင္း ထုတ္ေျပာလာတဲ့ေျပတီဦး

ပရိသတ္ႀကီးေရ.. သ႐ုပ္ေဆာင္မင္းသားေခ်ာ ေျပတီဦးကေတာ့ အႏုပညာေလာကမွာ သ႐ုပ္ေဆာင္ေကာင္းတဲ့အျပင္ စိတ္သေဘာထားျပည့္ဝေကာင္းမြန္လို႔ အားလုံးက ခ်စ္ခင္ရသူပဲ ျဖစ္ပါတယ္။ ေျပတီဦးဟာ သ႐ုပ္ေဆာင္ပိုင္းမွာလည္း ထူးခြၽန္တဲ့သူျဖစ္တာေၾကာင့္ အကယ္ဒမီထူးခြၽန္ဆုမ်ားစြာကိုလည္း သိမ္းပိုက္ရရွိထားတာျဖစ္တဲ့အျပင္ ေျပတီဦးေဖာင္ေဒးရွင္းကိုလည္းတည္ေထာင္ထားတာျဖစ္ပါတယ္ေနာ္…။

ဦးတီဟာ မင္းသမီးေခ်ာအိျႏၵာေက်ာ္ဇင္နဲ႔လည္း သာယာခ်မ္းေျမ့ဖြယ္မိသားစုဘ၀ေလးကိုတည္ေထာင္ထားတာျဖစ္ၿပီး ခ်စ္စရာသမီးေလး ေျပသုနဲ႔ သားေလးဖိုးဓီတို႔ကိုပါပိုင္ဆိုင္ထားတာျဖစ္ၿပီး ၾကည္ႏူးစရာအျပည့္နဲ႔မိသားစုေလးပါေနာ္။ ဇနီးေမာင္ႏွံႏွစ္ေယာက္လုံးဟာလည္း ဒိတ္ဒိတ္ႀကဲမင္းသားမင္းသမီးေတြျဖစ္တဲ့အျပင္ တစ္ေယာက္နဲ႔တစ္ေယာက္စစေနာက္ေနာက္နဲ႔ေပ်ာ္ေပ်ာ္ေနတတ္တဲ့သူေတြျဖစ္တာေၾကာင့္ အမ်ားအားက်ေနရတဲ့ ဇနီးေမာင္ႏွံႏွစ္ေယာက္လည္းျဖစ္ပါတယ္။

အခုဆိုရင္လည္း ေျပတီဦးတို႔ဇနီးေမာင္ႏွံႏွစ္ေယာက္ဟာ မဂၤလာသက္တမ္းဆယ္ႏွစ္ျပည့္သြားခဲ့ၿပီျဖစ္ၿပီး မၾကာေသးမီကဦးတီဟာ သူ႔ရဲ႕ Facebookစာမ်က္ႏွာမွာ “Happy 10th Anniversary…..၁၀ ႏွစ္ျပည့္ဆိုေတာ့ စိတ္ထဲမွာ ခံစားခ်က္က အရင္ႏွစ္ေတနဲ႔မတူပဲ ထူးထူးျခားျဖစ္ေနတယ္…ေပ်ာ္ေနတယ္…ၾကည္းႏူးေနတယ္..အလကားေနရင္းရယ္ခ်င္ေနတယ္…မမအူဝဲကိုေတြ႕တာနဲ႔စခ်င္ေနတယ္…( အခုေလးတင္ေဂါက္႐ိုက္ၿပီးျပန္လာေတာ့ ေတြ႕တာနဲ႔ စၿပီးၿပီ)..တကယ္ေတာ့ ၁၀ ႏွစ္ဆိုတာ သူမ်ားေတနဲ႔ယွဥ္ရင္ နဲေနေသးေပမယ့္ ခရီးတခုေတာ့ေရာက္ခဲ့ၿပီ..ဘဝလက္တြဲေဖာ္ အျဖစ္ အစစအရာရာတာဝန္ေက်တဲ့ မမအူဝဲကို ေက်းဇူးတင္ပါေၾကာင္း မွတ္တမ္းတင္ပါတယ္……I love you my wife..” ဆိုၿပီးၾကည္ႏူးစရာအရမ္းေကာင္းတဲ့ စာေလးေရးေပးခဲ့ပါတယ္။ ကဲ…..ပရိသတ္ေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

သတင္းအရင္းျမစ္: Pyay Ti Oo

credit – Myanmarload

Unicode

မင်္ဂလာသက်တမ်း ကြာမြင့်လာတာတောင်ချစ်ဇနီးလေးအပေါ် အချစ်တွေမလျော့သွားဘဲ စတွေ့တုန်းကအတိုင်း ရင်ခုန်ပြီးပျော်ရွင်နေရတဲ့အကြောင်း ထုတ်ပြောလာတဲ့ပြေတီဦး

ပရိသတ်ကြီးရေ.. သရုပ်ဆောင်မင်းသားချော ပြေတီဦးကတော့ အနုပညာလောကမှာ သရုပ်ဆောင်ကောင်းတဲ့အပြင် စိတ်သဘောထားပြည့်ဝကောင်းမွန်လို့ အားလုံးက ချစ်ခင်ရသူပဲ ဖြစ်ပါတယ်။ ပြေတီဦးဟာ သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်တဲ့သူဖြစ်တာကြောင့် အကယ်ဒမီထူးချွန်ဆုများစွာကိုလည်း သိမ်းပိုက်ရရှိထားတာဖြစ်တဲ့အပြင် ပြေတီဦးဖောင်ဒေးရှင်းကိုလည်းတည်ထောင်ထားတာဖြစ်ပါတယ်နော်…။

ဦးတီဟာ မင်းသမီးချောအိန္ဒြာကျော်ဇင်နဲ့လည်း သာယာချမ်းမြေ့ဖွယ်မိသားစုဘ၀လေးကိုတည်ထောင်ထားတာဖြစ်ပြီး ချစ်စရာသမီးလေး ပြေသုနဲ့ သားလေးဖိုးဓီတို့ကိုပါပိုင်ဆိုင်ထားတာဖြစ်ပြီး ကြည်နူးစရာအပြည့်နဲ့မိသားစုလေးပါနော်။ ဇနီးမောင်နှံနှစ်ယောက်လုံးဟာလည်း ဒိတ်ဒိတ်ကြဲမင်းသားမင်းသမီးတွေဖြစ်တဲ့အပြင် တစ်ယောက်နဲ့တစ်ယောက်စစနောက်နောက်နဲ့ပျော်ပျော်နေတတ်တဲ့သူတွေဖြစ်တာကြောင့် အများအားကျနေရတဲ့ ဇနီးမောင်နှံနှစ်ယောက်လည်းဖြစ်ပါတယ်။

အခုဆိုရင်လည်း ပြေတီဦးတို့ဇနီးမောင်နှံနှစ်ယောက်ဟာ မင်္ဂလာသက်တမ်းဆယ်နှစ်ပြည့်သွားခဲ့ပြီဖြစ်ပြီး မကြာသေးမီကဦးတီဟာ သူ့ရဲ့ Facebookစာမျက်နှာမှာ “Happy 10th Anniversary…..၁၀ နှစ်ပြည့်ဆိုတော့ စိတ်ထဲမှာ ခံစားချက်က အရင်နှစ်တေနဲ့မတူပဲ ထူးထူးခြားဖြစ်နေတယ်…ပျော်နေတယ်…ကြည်းနူးနေတယ်..အလကားနေရင်းရယ်ချင်နေတယ်…မမအူဝဲကိုတွေ့တာနဲ့စချင်နေတယ်…( အခုလေးတင်ဂေါက်ရိုက်ပြီးပြန်လာတော့ တွေ့တာနဲ့ စပြီးပြီ)..တကယ်တော့ ၁၀ နှစ်ဆိုတာ သူများတေနဲ့ယှဉ်ရင် နဲနေသေးပေမယ့် ခရီးတခုတော့ရောက်ခဲ့ပြီ..ဘဝလက်တွဲဖော် အဖြစ် အစစအရာရာတာဝန်ကျေတဲ့ မမအူဝဲကို ကျေးဇူးတင်ပါကြောင်း မှတ်တမ်းတင်ပါတယ်……I love you my wife..” ဆိုပြီးကြည်နူးစရာအရမ်းကောင်းတဲ့ စာလေးရေးပေးခဲ့ပါတယ်။ ကဲ…..ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

သတင်းအရင်းမြစ်: Pyay Ti Oo

credit – Myanmarload

  • Leave a Comment

Categories