



Source : Aung Lay

credit – Myanmarload

Unicode

ဒီကာလဖြစ်နေလို့ဘယ်သူ့မှမဖိတ်မိလိုက်ရတာSorryပါနော်ဆိုပြီး မင်္ဂလာဝတ်စုံလေးနဲ့ ပျော်နေတဲ့ပုံရိပ်လေးတွေကို ချပြလိုက်တဲ့ အောင်လေး

မင်းသားချောလေးအောင်လေးကတော့ အပြုံးချိုချိုလေးနဲ့ မိန်းကလေးတွေရဲ့အသည်းတစ်ခြမ်းကို ဖမ်းစားထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီးအနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ကျရာဇာတ်ရုပ်တိုင်းကို အကောင်းဆုံးနဲ့ အပီပြင်ဆုံးသရုပ်ဆောင်လျက်ရှိနေခဲ့ပြီး ဇာတ်ကားတွေကို ရိုက်ကူးလျက်ရှိနေတဲ့ အောင်လေးကတော့ ကြွေလောက်စရာကောင်းလွန်းတဲ့ အမိုက်စားပုံရိပ်လေးတွေကို ပရိသတ်တွေရှေ့ချပြလေ့ရှိပါတယ်။

ပျော်ပျော်ရွှင်ရွင်နေထိုင်​တက်ပြီး အပြုံးလေးတွေနဲ့​ပြောဆိုတတ်တဲ့ အောင်လေးကတော့ ယခုမှာ ရွှေကစ်နဲ့ မင်္ဂလာဝတ်စုံလေဝတ်ဆင်ပြီး လိုက်ဖက်ညီနေကြတဲ့ ပုံရိပ်လေးတွေကို ချပြရင်း ပရိသတ်တွေကို စနောက်လာခဲ့ပါတယ်။ အောင်လေးကတော့ “ဒီကာလဖြစ်နေလို့ဘယ်သူ့မှမဖိတ်မိလိုက်ရတာစောရီးပါနော် ” ဆိုပြီး မင်္ဂလာဝတ်စုံလေးနဲ့ လိုက်ဖက်ညီနေကြတဲ့ပုံရိပ်လေးတွေနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ပရိသတ်တွေကို စနောက်ထားခဲ့တာပဲဖြစ်ပါတယ်။

အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေပြီး ကြော်ငြာတွေကိုလည်း ရိုက်ကူးလျက်ရှိနေတဲ့ အောင်လေးကတော့ သီချင်းMVတွေမှာလည်းပါဝင်သရုပ်ဆောင်နေကာ မိန်းကလေးပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုအပြင် ယောကျာ်းလေးပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကိုပါ အခိုင်အမာရယူထားနိုင်ခဲသူတစ်ယောက်ပ​ဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မင်းသမီးချောလေးရွှေကစ်နဲ့ အောင်လေးတို့ရဲ့ ရိုက်ကွင်းထက်ကပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Aung Lay

credit – Myanmarload

  • Leave a Comment

Categories