



Cele Chithu

Unicode

အွန်လိုင်းကနေ ချစ်သူတွေဖြစ်သွားကြတဲ့ နိုင်ငံခြားကဒေါက်တာလေးနဲ့ မေမီကိုကိုတို့ရဲ့ အချစ်ရေးကိုဂုဏ်ပြုလိုက်တဲ့ ဖြိုးရာဇာနိုင်

ပရိသတ်ကြီးရေ သရုပ်ဆောင်ဖြိုးရာဇာနိုင်နဲ့ အထူးတလည်မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ ဖြိုးရာဇာနိုင်က “မျက်လုံးမှာအလွမ်း နှုတ်ခမ်းမှာ မာန…အစရှိတဲ့ ဇာတ်လမ်းတွဲတွေကနေ ပရိသတ်တွေရဲ့အားပေးဝန်းရံမှုကြောင့် အနုပညာလောကမှာ နေရာတစ်နေရာစာအဖြစ်ရရှိလာတဲ့သူတစ်ဦးပါပဲ။

သူဟာဆိုရင် သူငယ်ချင်းဖြစ်သူ လပြည့်နဲ့ အတူ Online Live Saleရောင်းချရင်း သာယာတဲ့နေ့ရက်လေးတွေကို ဖြတ်သန်းနေတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။ ဖြိုးရာဇာနိုင်ကတော့ လတ်တလောမှာ ဈေးရောင်းချရင်း ပရိသတ်တွေနဲ့ ပိုမိုရင်းနှီးလာတာပါပဲနော်။ သူရဲ့အားလပ်ချိန်တိုင်းမှာလည်း သူငယ်ချင်းတွေနဲ့အတူ အမှတ်တရပုံရိပ်လေးတွေနဲ့ ဗီဒီယိုဖိုင်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။

ဒီဇင်ဘာ(၃၁)ရက်နေ့မှာတော့ ဖြိုးရာဇာနိုင်က”ဟိတ် Congratulations သူငယ်ချင်း နဲ့ Dr ရေ”လို့ဆိုပြီး သူငယ်ချင်းဖြစ်သူ မေမီကိုကိုရဲ့Official ချပြလိုက်တဲ့အချစ်ရေးလေးကို ဂုဏ်ပြုစကားဆိုလိုက်တာလေးကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့တာပဲဖြစ်ပါတယ်။ သူငယ်ချင်းဖြစ်သူ မေမီကိုကိုအတွက် ဂုဏ်ပြုစကားပြောဆိုလိုက်တာလေးကို ပရိသတ်တွေအတွက်ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်နော်။ဖတ်ရှုပေးကြတဲ့ပရိသတ်တွေအားလုံးသာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။

Cele Chithu

  • Leave a Comment

Categories