




credit – Myanmarload

Unicode

ပိုင်တံခွန်ရဲ့ သိတတ်မှုကြောင့် သူ့ဘဝမှာပထမဆုံး မျက်ရည်ကျတဲ့အထိကို အတိုင်းမသိဝမ်းသာခဲ့ရတဲ့ ဂျွန်လွင်

ချစ်ပရိသတ်ကြီးရေ အနုပညာလောကရဲ့ အရည်ချင်းရှိတဲ့ မော်ဒယ်တွေကို မွေးထုတ်ပေးနေတဲ့ ဂျွန်လွင်ကို ချစ်ပရိသတ်ကြီးသိကြမယ်ထင်ပါတယ်။သူကတော့ အောင်မြင်နေတဲ့ မော်ဒယ်အေဂျင်စီကြီးကို တည်ထောင်ထားကာ အောင်မြင်နေသူလည်းဖြစ်ပါတယ်။အများက မော်ဒယ်ဖခင်ကြီးလို့ခေါ်ရလောက်အောင် အရည်အချင်းရှိတဲ့ မော်ဒယ်တွေ မွေးထုတ်ပေးခဲ့တာကြောင့်လည်းဖြစ်ပါတယ်။

အမြဲလိုလို သူရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေ ဗီဒီယိုလေးတွေကိုလည်း အမြဲဖော်ပြလေ့ရှိတာလည်းဖြစ်သလို ပျော်ပျော်နေတတ်တဲ့ သူတစ်ယောက်လည်းဖြစ်ပါတယ် ။ဒါ့အပြင် အလုပ်တွေ ကြိုးစားလုပ်ကိုင်သလို အလှူအတန်းတွေဆိုရင်လည်းရှေ့ကနေ ဦးဆောင်လုပ်ကိုင်တတ်တာကြောင့်အားလုံးက လေးစားချစ်ခင်အားကျနေရတာပါနော် ။

အခုမှာတော့ ပိုင်တံခွန်ရဲ့ သိတတ်မှုကြောင့် သူ့ဘဝမှာပထမဆုံး မျက်ရည်ကျတဲ့အထိကို အတိုင်းမသိဝမ်းသာခဲ့ရကြောင်းကို ပုံလေးတွေနဲ့ စာလေးကို ခုလိုဝေမျှလာတာဖြစ်ပါတယ်။”ဒီလိုကျေးဇူးဆပ်တာဘဝမှာပထမဆုံးခံရတော့ရင်ထဲမှာပီတိကပြောမပြတတ်အောင်ပါ Sedona မှာရေကူးခါနီးတပည့်ပိုင်တံခွန်ဖုံဆက်လာတယ် သစ်တံခါးဆရာတော်ဘုရားနဲ့အတူသူမေတ္တာပို့ဆုတောင်းပေးတာပိတီဖြစ်ပြီးမျက်ရည်ကျခဲ့ရတယ် ဘုန်းကြီးဝတ်နဲ့ဆရာကိုကျေးဇူးဆပ်တဲ့အနေနဲ့သူပြု့သမျှကုသိုလ်တွေကိုသူကမျှဝေပေးတာတရားဟောပေးတာဘဝမှာဝမ်းသာလွန်းလို့ကျတဲ့မျက်ရည်ဟာထူးဆန်းအေးမျှလှပါတယ်” ဆိုပြီးရေးသားထားရာ ကိုယ်ပါဖတ်ပြီး လေးစားမိလွန်းတာကြောင့် ပရိသတ်ကြီးအတွက်လည်း မျှဝေပေးလိုက်ပါရစေ။

Source and Photo Credit : John Lwin

credit – Myanmarload

  • Leave a Comment

Categories