




credit – Myanmarload

Unicode

မျက်နှာဝိုင်းလေးနဲ့ မေမေ့ကိုကြည့်ပြီး ရယ်မောပျော်ရွှင်နေတဲ့ သားလေးကို ချစ်မဝဖြစ်နေတဲ့ အဆိုတော် ပန်းအိဖြူ ရဲ့ ဗီဒီယို

ပရိသတ်ကြီးရေ ဂီတလောကမှာ မြန်မာသံစဉ်တေးသီချင်းတွေနဲ့ အောင်မြင်မှုတွေရရှိနေတဲ့သူကတော့ အဆိုတော် ပန်းအိဖြူပဲဖြစ်ပါတယ်။ ပန်းအိဖြူရဲ့ မြန်မာသံတေးသီချင်းတွေကလည်း ယနေ့အချိန် ရေပန်းစားပြီး ပရိသတ်တွေကြိုက်နှစ်သက်တဲ့ သီချင်းကောင်းတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပန်းအိဖြူဟာ ရိုးရှင်အေးချမ်းတဲ့ မြန်မာဆန်ဆန်ဝတ်စုံလေးတွေကိုပဲ ပိုပြီးဝတ်ဆင်ပြီး ဆွဲဆောင်မှုရှိတဲ့ ဆံနွယ်ရှည်လေးနဲ့ ယဉ်ယဉ်လေး ချစ်စရာကောင်းသူပဲ ဖြစ်ပါတယ်။

လက်ရှိမှာတော့ ပန်းအိဖြူဟာ အနုပညာအလုပ်တွေကို အနည်းအကျဉ်းမျှသာ လုပ်ကိုင်လျက်ရှိတာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားပြီး ချစ်စရာသားလေးတစ်ယောက်ကို မွေးထားပါသေးတယ်။ ယခုမှာဆိုရင်လည်း ပန်းအိဖြူက သူမရဲ့ သားလေးကို ပရိသတ်တွေအချစ်ပိုအောင် ဗီဒီယိုလေး တင်ပေးလာခဲ့ပါတယ်။

ဒီဗီဒီယိုလေးထဲမှာတော့ သားလေးကို မေမေပန်းအိဖြူကို ကြည့်ပြီး ရယ်မောနေတာလေးကို ချစ်မဝဖြစ်နေတာ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးနဲ့လည်း ပန်းအိဖြူ က ” မေမေ့သားရဲ့ အပြုံးလေးတွေက မေမေ့စိတ်ကို အေးချမ်းစေပြီး အင်အားဖြစ်စေတယ်… နေ့ရက်တိုင်းမှာ မေမေ့သား ဘုန်းပြည့်လေးပေးတဲ့ အင်အားတွေနဲ့ ခရီးဆက်မယ်ကွယ်… ” ဆိုပြီး ရေးသားဖော်ပြထားပါသေးတယ်။ ပရိသတ်တွေလည်း အဆိုတော်ပန်းအိဖြူ သားလေးရဲ့ ဗီဒီယိုလေးကိုကြည့်ရင်း ချစ်အားပိုမယ်လို့မျှော်လင့်မိပါတယ်။

Source – Pann Ei Phyu Vocalist

credit – Myanmarload

  • Leave a Comment

Categories