ဒုတိယေျမာက္ရင္‌ေသြးေလးအတြက္ Baby Showerပြဲေလးကို ခင္ပြန္းျဖစ္သူက စပ႐ိုက္လုပ္ၿပီးစီစဥ္ေပးခဲ့တာေၾကာင့္ ၀မ္းသာပီတိျဖစ္ခဲ့ရတဲ့ မိုးယုစံ

ပရိသတ္ႀကီးေရ ……သာယာခ်မ္းေျမ့ဖြယ္ အိမ္ေထာင္တစ္ခုကို တည္ေထာင္ထားၿပီး ခ်စ္စရာရင္ေသြးေလးေတြပါရရွိေနၾကတဲ့ အႏုပညာရွင္ဆယ္လီမ်ားထဲတြင္ မိုးယုစံလည္းအပါအ၀င္ျဖစ္ပါတယ္ေနာ္။ သူမဟာ အခုဆိုရင္လည္း သားေလး Austinအျပင္ဒုတိယေျမာက္ရင္ေသြးေလးကိုလည္း လြယ္ထားရတာျဖစ္ၿပီး ရင္ေသြးေလးအတြက္ Baby Showerပြဲေလးကိုက်င္းပခဲ့တာျဖစ္ပါတယ္။ ဒီအေၾကာင္းအရာေလးကို မိုးယုဟာသူမရဲ႕ Facebookစာမ်က္ႏွာမွာ “ပုံေတြမ်ားလို႔ စိတ္ရွည္ရွည္ၾကည့္ေပးေနာ္….Baby Shower ပြဲေလးကို သတိတရနဲ႔ က်င္းပေပးတဲ့ အမေတြအကိုေတြနဲ႔အတူ ခ်စ္ေယာက်္ားကိုလည္းေက်းဇူးတင္ပါတယ္….။

“ကိုယ့္တြက္သူမ်ားကစီစဥ္ပီးလုပ္ေပးတာ တခါမွမရွိခဲ့ေတာ့ ခုလို သူငယ္ခ်င္းလို အမေတြရတာကလည္းကံေကာင္းျခင္းတစ္ခုပါပဲ….သူငယ္ခ်င္းေလးကလ်ာနဲ႔ လြန္ခဲ့တဲ့ ၄လေလာက္က ဖုန္းေျပာေတာ့ ငါ့မွာသူငယ္ခ်င္းလည္းမရွိ လုပ္ေပးမဲ့သူလည္းမရွိ ဘာျဖစ္ျဖစ္ကိုယ့္ဘာသာပဲ လုပ္မွ စီစဥ္မွရတာလို႔ေျပာေတာ့ နင့္ကိုငါလုပ္ေပးမယ္ေျပာထဲက ဝမ္းသာပီးမ်က္ရည္ေတာင္က်မိတာ အဲ့ဒါကိုသတိတရနဲ႔ ဦးေဆာင္ပီးလုပ္ေပးတာ ကိုယ္မသိေအာင္ စီစဥ္ထားတာ အရမ္းခ်စ္ဖို႔ေကာင္း က်န္တဲ့အမေတြကလည္း ကိုယ့္ကိုခ်စ္ၾကတာ ပြဲေလးကိုလုပ္ေပးၾကတာသိရေတာ့ အရမ္းဝမ္းသာတာပဲ ..။

မိန္းမကို surprise မလုပ္တတ္ လုပ္တတ္နဲ႔ မလိမ္တတ္လို႔ ဒီကသိသြားေပမဲ့ surprise က surprise ပါပဲလို႔… ခ်စ္ေယာက်္ားကိုလည္း အရမ္းခ်စ္ပါတယ္လို႔ ေနာက္လည္း မ်ားမ်ားခ်စ္ေပးပါလို႔…ပံုလွလွေလးေတြကိုအၿမဲ ႐ိုက္ကူးေပးတဲ့ ပံုေတြဆို အမ်ားႀကီးကိုအျမန္လုပ္ေပးတဲ့ အကိုနဲ႔အမ Sanda Moe Swe (MY DREAM One Stop Wedding Service)ေက်းဇူးတင္ပါတယ္ အက်ီဆိုလည္းအၿမဲ လိုခ်င္တာကိုအျမန္လုပ္ေပးတဲ့ အမ May Myat Waso HappyHeartေက်းဇူးတင္ပါတယ္….” ဆိုၿပီးေရးသားထားပါတယ္။ ကဲ…..ပရိသတ္‌ႀကီးအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

သတင္းအရင္းျမစ္: Moe Yu San

credit – Myanmarload

Unicode

ဒုတိယမြောက်ရင်‌သွေးလေးအတွက် Baby Showerပွဲလေးကို ခင်ပွန်းဖြစ်သူက စပရိုက်လုပ်ပြီးစီစဉ်ပေးခဲ့တာကြောင့် ၀မ်းသာပီတိဖြစ်ခဲ့ရတဲ့ မိုးယုစံ

ပရိသတ်ကြီးရေ ……သာယာချမ်းမြေ့ဖွယ် အိမ်ထောင်တစ်ခုကို တည်ထောင်ထားပြီး ချစ်စရာရင်သွေးလေးတွေပါရရှိနေကြတဲ့ အနုပညာရှင်ဆယ်လီများထဲတွင် မိုးယုစံလည်းအပါအ၀င်ဖြစ်ပါတယ်နော်။ သူမဟာ အခုဆိုရင်လည်း သားလေး Austinအပြင်ဒုတိယမြောက်ရင်သွေးလေးကိုလည်း လွယ်ထားရတာဖြစ်ပြီး ရင်သွေးလေးအတွက် Baby Showerပွဲလေးကိုကျင်းပခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းအရာလေးကို မိုးယုဟာသူမရဲ့ Facebookစာမျက်နှာမှာ “ပုံတွေများလို့ စိတ်ရှည်ရှည်ကြည့်ပေးနော်….Baby Shower ပွဲလေးကို သတိတရနဲ့ ကျင်းပပေးတဲ့ အမတွေအကိုတွေနဲ့အတူ ချစ်ယောကျ်ားကိုလည်းကျေးဇူးတင်ပါတယ်….။

“ကိုယ့်တွက်သူများကစီစဉ်ပီးလုပ်ပေးတာ တခါမှမရှိခဲ့တော့ ခုလို သူငယ်ချင်းလို အမတွေရတာကလည်းကံကောင်းခြင်းတစ်ခုပါပဲ….သူငယ်ချင်းလေးကလျာနဲ့ လွန်ခဲ့တဲ့ ၄လလောက်က ဖုန်းပြောတော့ ငါ့မှာသူငယ်ချင်းလည်းမရှိ လုပ်ပေးမဲ့သူလည်းမရှိ ဘာဖြစ်ဖြစ်ကိုယ့်ဘာသာပဲ လုပ်မှ စီစဉ်မှရတာလို့ပြောတော့ နင့်ကိုငါလုပ်ပေးမယ်ပြောထဲက ဝမ်းသာပီးမျက်ရည်တောင်ကျမိတာ အဲ့ဒါကိုသတိတရနဲ့ ဦးဆောင်ပီးလုပ်ပေးတာ ကိုယ်မသိအောင် စီစဉ်ထားတာ အရမ်းချစ်ဖို့ကောင်း ကျန်တဲ့အမတွေကလည်း ကိုယ့်ကိုချစ်ကြတာ ပွဲလေးကိုလုပ်ပေးကြတာသိရတော့ အရမ်းဝမ်းသာတာပဲ ..။

မိန်းမကို surprise မလုပ်တတ် လုပ်တတ်နဲ့ မလိမ်တတ်လို့ ဒီကသိသွားပေမဲ့ surprise က surprise ပါပဲလို့… ချစ်ယောကျ်ားကိုလည်း အရမ်းချစ်ပါတယ်လို့ နောက်လည်း များများချစ်ပေးပါလို့…ပံုလှလှလေးတွေကိုအမြဲ ရိုက်ကူးပေးတဲ့ ပံုတွေဆို အများကြီးကိုအမြန်လုပ်ပေးတဲ့ အကိုနဲ့အမ Sanda Moe Swe (MY DREAM One Stop Wedding Service)ကျေးဇူးတင်ပါတယ် အကျီဆိုလည်းအမြဲ လိုချင်တာကိုအမြန်လုပ်ပေးတဲ့ အမ May Myat Waso HappyHeartကျေးဇူးတင်ပါတယ်….” ဆိုပြီးရေးသားထားပါတယ်။ ကဲ…..ပရိသတ်‌ကြီးအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

သတင်းအရင်းမြစ်: Moe Yu San

credit – Myanmarload

  • Leave a Comment

Categories