




credit – Myanmarload

Unicode

လူငယ်တွေအရှုံးပေးရလောက်အောင် ငယ်ရုပ်လေးလုံးဝမပျောက်‌သွားသေးဘဲ နုပျိုပြီးအရမ်းချစ်စရာကောင်းနေတဲ့ ယမင်းကိုကို

ပရိသတ်ကြီးရေ တစ်ခေတ်တစ်ခါကတည်းက လူကြိုက်များခဲ့တဲ့ မင်းသမီးချောယမင်းကိုကိုဟာဆို အရမ်းလှလွန်းလို့တဲ့ နာမည်ကြီးတဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်နော်။ယမင်းကိုကိုက ဟိုးအရင်တုန်းကဆိုရင် အလှမယ်တစ်ယောက်လည်းဖြစ်ခဲ့ပြီး ရုပ်ရှင်ဇာတ်ကားတွေအများအပြားမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ယမင်းကိုကိုက အခုချိန်မှာဆိုရင် အနုပညာအလုပ်တွေကို မလုပ်ကိုင်တော့ပေမယ့် ပရိသတ်တွေရဲ့ရင်ထဲမှာတော့ ထာဝရရှိနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်နော်။

ယမင်းကိုကိုက အလှူအတန်းလည်း အရမ်းရက်ရောတာကြောင့် သုဓမ္မသိင်္ဂီ၊သီရိသုဓမ္မသိင်္ဂီဘွဲ့တွေကို ရရှိထားပြီး အရမ်းသဒ္ဒါတရားပြည့်ဝပါတယ်နော်။ယမင်းကိုကိုက လက်ရှိအချိန်မှာဆိုရင် မိသားစုနဲ့အတူ အေးအေးချမ်းချမ်းနေထိုင်နေပြီး စီးပွားရေးကိုသာ တစိုက်မက်မက်လုပ်ဆောင်နေသလို အလှူရေစက်လည်း လက်နဲ့မကွာတာဖြစ်ပါတယ်။ယမင်းကိုကိုရဲ့ ဇာတ်ကားတွေဟာဆိုရင်လည်း ယနေ့ခေတ်လူငယ်တွေတောင် အရမ်းကြိုက်နှစ်သက်ကြလို့ ရေပန်းစားနေဆဲဖြစ်ပါတယ်နော်။

ယမင်းကိုကိုက အခုချိန်ထိလည်း လှပနုပျိုနေဆဲဖြစ်လို့ ငယ်ရုပ်လေးမပျောက်သွားသေးပါဘူးနော်။ယမင်းကိုကိုရဲ့မျက်နှာလေးက ကြည်လင်အေးချမ်းပြီး နှုတ်ခမ်းဖူးဖူးလေးနဲ့ အရမ်းချစ်ဖို့ကောင်းပါတယ်နော်။ငယ်ငယ်ကတည်းက ငေးရလောက်အောင် လှပခဲ့တာကြောင့် ယမင်းကိုကိုဟာဆိုရင် ယနေ့ခေတ်ထိလည်း လူငယ်တွေအရှုံးပေးရလောက်အောင် နုပျိုနေတာဖြစ်လို့ သူမရဲ့ငယ်ပုံရိပ်လေးတွေနဲ့ လက်ရှိပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Source and Photo Credit:Ya Min Ko Ko

credit – Myanmarload

  • Leave a Comment

Categories